@thailandanywhere: အမြဲလိုလို အလျင်စလိုလှုပ်ရှားနေရတဲ့ ဘန်ကောက်မြို့ကြီးထဲမှာ စိမ်းစိမ်းစိုစိုနဲ့ စိတ်ရောကိုယ်ပါ Relax ဖြစ်သွားစေမယ့် ပန်းခြံ (၄) ခု 1️⃣ Lumphini Park – မြို့လယ်ခေါင်က စိမ်းလန်းတဲ့အိုအေစစ် 🌲 ဘန်ကောက်ရဲ့ အထင်ကရအကျဆုံး ပန်းခြံကြီး ဖြစ်ပြီး Skyscraper အဆောက်အအုံကြီးတွေ ဝန်းရံထားတဲ့ ကြားထဲမှာရှိပါတယ်။ 🌲 သစ်ပင်ကြီးတွေ၊ ကျယ်ပြောတဲ့ ရေကန်ကြီးနဲ့အတူ မြို့လယ်ခေါင်မှာ သဘာဝတရားကို အပြည့်အဝ ခံစားရမှာပါ။ 2️⃣ Benjakitti Park – ကမ္ဘာသစ်တစ်ခုလို ခံစားရမယ့် Forest Park 🌲 Asoke ရဲ့ နီးနီးနားနားမကြာသေးခင်ကမှ အသစ်ချဲ့ထွင်ထားအသစ်ချဲ့ထွင်ထားတဲ့ Forest Park ပိုင်းက တော်တော်လေး လှပါတယ်။ 🌲 ရေပေါ် ဖြတ်သန်းဖောက်လုပ်ထားတဲ့ Skywalk တံတားအရှည်ကြီးတွေကလည်း ဒီပန်းခြံရဲ့ အသက်ပဲ ဖြစ်ပါတယ်။ 3️⃣ Chatuchak Park – ဈေးဝယ်ပြီးရင် နားခိုဖို့ အကောင်းဆုံးနေရာ 🌲 Chatuchak Weekend Market နားမှာတင် ရှိတာကြောင့် ဈေးဝယ်ရင်း ပင်ပန်းလာရင် ဝင်ပြီး အနားယူဖို့ အကွက်တိပါပဲ။ 🌲 သွားရလာရတာလည်း လွယ်ကူပြီး မြက်ခင်းစိမ်းလေးတွေနဲ့ အတူ အမြဲတမ်း အသက်ဝင် လှုပ်ရှားနေတဲ့ ပန်းခြံလေးပါ။ 4️⃣ Suan Luang Rama IX – ပန်းမန်မျိုးစုံနဲ့ အကျယ်ဆုံးသော ပန်းခြံကြီး 🌲 မြို့ထဲကနေ နည်းနည်းလေး ခွဲထွက်ရပေမယ့် ဘန်ကောက်ရဲ့ အကြီးဆုံး ပန်းခြံကြီးဖြစ်လို့ သွားရတာ တန်ပါတယ်။ 🌲 ကမ္ဘာ့နိုင်ငံအသီးသီးက ပုံစံတူအလှဆင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဥယျာဉ်ငယ်လေးတွေ (ဥပမာ- တရုတ်ဥယျာဉ်၊ ပြင်သစ်ဥယျာဉ်) ကို တစ်နေရာတည်းမှာ မြင်တွေ့ရမှာပါ။ ပန်းခြံတွေကို သွားမယ်ဆိုရင် နေပူသက်သာတဲ့ မနက်စောစောနဲ့ ညနေစောင်း အချိန်တွေက အကောင်းဆုံးဖြစ်ပါတယ်။ #bangkok #lumphinipark #benjakittipark #chattuchak #suanluangrama9

Thailand Anywhere
Thailand Anywhere
Open In TikTok:
Region: TH
Thursday 09 July 2026 14:21:24 GMT
88778
2538
3
207

Music

Download

Comments

kaung.htet.paing888
💜Daw 💜Thu💜 zar💜 :
ရောက်ခဲ့တေ အလုပ်လုပ်သွားရင်းပေါ🥰🥰🥰
2026-07-11 12:24:19
3
To see more videos from user @thailandanywhere, please go to the Tikwm homepage.

Other Videos


About