@daysi2277: ကိုယ့်ကိုယ်ကိုယ် "ကျေးဇူးတင်" ချင်တယ်။ ယိုင်လဲသွားနိုင်တဲ့ ကိစ္စတွေအများကြီး တွေ့ကြုံရပေမယ့်၊ မယိုင်လဲခဲ့လို့၊ လဲခဲ့ရင်တောင် ကြိုးကြိုးစားစား ပြန်ထနိုင်ခဲ့လို့...ရခဲ့သမျှ achievement တိုင်းအတွက် "good job to myself" ကိုယ့်ကိုယ်ကိုယ် "တောင်းပန်" ချင်တယ်။ တခါတလေ ကိုယ်တိုင်ထက် တပါးသူကို ပိုချစ်မိလို့၊ ပိုငဲ့မိလို့ အကောင်းဆုံးကြိုးစားရပ်တည်နေတဲ့ ကိုယ့်အပေါ် မနိုင်ဝန်တွေ အတင်းထမ်းခိုင်းသလိုဖြစ်ခဲ့တာမျိုး၊ ဘာမှအရေးမကြီးတဲ့ လူတကာရဲ့ အထင်အမြင်တွေကို ဂရုစိုက်လွန်၊ ကိုယ့်ကိုယ်ကို မလိုလားအပ်တဲ့ pressure တွေ ပေးမိတာမျိုးတွေအတွက် "တောင်းပန်ပါတယ်။" ကိုယ့်ကိုယ်ကို "အားပေး"ချင်တယ်။ ဒီအချိန်အထိ ရထားတဲ့ဘဝ အနေအထားမှာ ရှိတဲ့အင်အားနဲ့ အတတ်နိုင်ဆုံး အကောင်းမြင် အသက်ရှင်ခဲ့တယ်။ မမြဲသော လောကမယ် ခု ပိုင်ဆိုင်သမျှလည်း ရုတ်တရက် ပျောက်သွားနိုင်သလို၊ မပိုင်ဆိုင်သေးတာ တွေလည်း ပိုင်ဆိုင်လာဖို့ အခွင့်အရေးဆိုတာ နေ့တိုင်းမှာ ရှိပါတယ်။ ယုံကြည်ချက်နဲ့ ကြိုးစားအသက်ရှင်ပါ...လို့ ...........#fypシ゚viral #crdစာသား

🦁M.H🦁
🦁M.H🦁
Open In TikTok:
Region: MM
Thursday 09 July 2026 14:50:32 GMT
404
18
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @daysi2277, please go to the Tikwm homepage.

Other Videos


About