@aungthihasoe95: သင်္ချိုင်းတစ်ခုရှေ့ ရပ်ပြီး ကြည့်ဖူးလား…။ နာမည်တွေ အများကြီး ရေးထားတယ်… အသက်တွေ မတူဘူး… ဘဝတွေ မတူဘူး… ဒါပေမယ့် အဆုံးသတ်ကတော့ အားလုံး တူနေကြတယ်…။ တချို့က ပိုက်ဆံအများကြီး ရှာခဲ့တယ်… တချို့က အာဏာတွေနဲ့ နေခဲ့တယ်… တချို့က မာနတွေနဲ့ လူတွေကို နာကျင်စေခဲ့တယ်…။ ဒါပေမယ့်… သေသွားတဲ့နေ့မှာ ယူသွားနိုင်တာ ဘာတစ်ခုမှ မရှိခဲ့ဘူး…။ နောက်ဆုံး… ကိုယ့်ခန္ဓာကိုယ်ကို မြေကြီးထဲ ထည့်ပြီး လူတွေ ပြန်လှည့်သွားကြတာပဲ…။ အဲ့ဒီအချိန်မှာ ကိုယ့်ကားတွေ မလိုက်လာဘူး… ကိုယ့်ပိုက်ဆံတွေ မလိုက်လာဘူး… ကိုယ်မာနတက်ခဲ့တာတွေလည်း မလိုက်လာဘူး…။ လိုက်လာတာက… ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုနဲ့ လူတွေရဲ့ ဆုတောင်းသံတွေပဲ…။ ဒါကြောင့်… အသက်ရှင်နေတုန်း မုန်းတာတွေ လျှော့ပါ… လူတွေကို တန်ဖိုးထားပါ… တစ်နေ့ ကိုယ့်သတင်းကြားတဲ့အချိန် “စိတ်မကောင်းလိုက်တာ…” ဆိုပြီး ရင်ထဲကနေ ပြောပေးမယ့်သူ ကျန်ခဲ့နိုင်ပါစေ…။ #ရွှေတောင်မောင်လွမ်းcrd
Aung Thi Ha Soe
Region: MM
Thursday 09 July 2026 15:06:44 GMT
Music
Download
Comments
captain_clone :
မသေခင်မှာကိုယ့်မိသားစုကိုချမ်းသားအောင်ထားမို့ရယ် လူတွေကိုလှူဒန်းကူညီနိုင်မို့တွက်ငွေတော့လိုတာပေါ့ဗျာ သေရင်ငွေတွေကားတာမပါလာတာမှန်ပင်မဲ့ အသက်ရှင်တုန်းအကောင်းဆုံးနဲ့ပျော်ပျော်နေနိုင်မို့တွက်တော့လိုတာပေါ့ဗျာ🥰
2026-07-15 13:32:50
1
🏇wai yam🏇 :
သချိုင်းကို ကြည်ပြီး ကြောက်နေတာ မကြောက်ပါ့နဲ့ တစ်နေ တိုလဲ သူးတိုနဲ့ အတူး
မထချင်နဲ့ အိပ်ဆပ်ရအုံ မာ🙂
2026-07-14 08:19:27
2
OASiS :
ပြန်တင်လို့ရလား brother
2026-07-14 03:01:25
1
P♒ :
စာသားလေချပေးပါလား
2026-07-12 09:29:36
2
🩵Ko Paing 🩵(ရခိုင်လေး)👶 :
စာသားလေးပေးပါလား🫶🩵
2026-07-11 07:09:20
1
၀၀:၀၀ :
ဒါမတလုံးချင်းရှင်းပြတာ ❤️🩹🥀
2026-07-14 14:31:51
1
H❤️🔥 :
ကြည့်ဖူးတယ် ၁၀နှစ်တောင် ခင်ခဲ့တဲ့သူငယ်ချင်းရဲ့နာမည်တွေ့လို့ ငိုခဲ့ရသေးတယ်
2026-07-11 07:50:10
1
မကြီးသက်🌶 :
အားလုံးက ဘဝတွေရှိခဲ့ကြတယ်ဆိုတာ တွေးရင်းကြည့်ခဲ့ဖူးတယ်
2026-07-12 16:30:46
1
🍓storberry🍓😉 :
သင်းချိုင်းရှေ့ရောက်ပီးငါလည်းတစ်နေ့သေရမာဘဲဆိုပီးတွေးမိတယ်”🥺
2026-07-12 08:40:19
1
j for jovie :
နာရေးမှာကမ်းတဲ့ ယပ်တောင်တွေမှာ သေသူနာမည်တွေ အသက်တွေမြင်ရင် အဲ့လိုအမြဲတွေးမိတယ်
2026-07-11 05:45:40
1
Thurein :
တက်တူးပဲပါသွားတာ..
2026-07-11 15:47:28
1
Hsu Pwint :
အမလေး တရားတွေရနေတာပေါ့လေ😁
2026-07-11 08:30:08
2
To see more videos from user @aungthihasoe95, please go to the Tikwm
homepage.