@soung132009: နေတတ်အောင်ပဲ ကြိုးစားပါ။ဘယ်လိုအရာတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ နေတတ်ရမယ် အခက်အခဲတွေရှိမယ်။ အဆင်မပြေတာတွေရှိမယ်။ ထိခိုက်နာကျင်နေတာတွေရှိမယ်။ ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။ စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။ အင်း ဒါပေမယ့် မင်းနေတတ်ရမယ်။ နေတတ်အောင်နေပါ။ ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့ မင်းထိပ်တိုက်တိုးတဲ့အခါ မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။ တစ်ခုက မင်းစိတ်ပျက်ညည်းညူနေမှာလား။ နှစ်ခုက အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။ မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ မူတည်တယ်ဆို တာကိုပါပဲ။ တခြားအရာတွေထက် မင်းကိုယ်မင်း ဦးစားပေးရမယ်။ ကျန်းမာရေးဂရုစိုက်ရမယ်။ နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။ သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။ မင်းကိုယ်မင်း ပိုချစ်ရမယ်။ မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။ အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ ထည့်မ သိမ်းထားသင့်တော့ဘူး။ မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်.... မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။ မင်းကိုယ်မင်း တန်ဖိုးထားရမယ်။ မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။ ရည်မှန်းချက်တွေ ရှိနေရမယ်။ လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ကြား မင်းအရှုံးမပေးသွားရဘူး။ မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။ မင်းကိုယ်မင်း လေးစားတတ်ရမယ်။ မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။ အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ ကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။ မင်းကိုယ်မင်း သန်မာနေစေရမယ်။ အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ် အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။ မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက် အသနားခံမနေ သင့်တော့ဘူး။ မင်းအတွက်မင်း ရှိနေရမယ်။ မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။ စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။ မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။ မင်းကိုယ်မင်း ချစ်တတ်ရမယ်။ မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။ မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။ မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့ မင်း စိတ်ပျော်ရွှင်မှု တွေ ဆုပ်ကိုင်ထားနိုင်ဖို့... ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။ ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။ နေတတ်အောင်လည်းကြိုးစားပါ။ ဘဝဟာ နေတတ်လျှင် ပျော်စရာတွေ အများကြီးပါ။ နေတတ်အောင်ပဲ ကြိုးစားပါ။ နေတတ်ဖို့က စိတ်ကအဓိကပါ။
I can make u cry
Region: TH
Friday 10 July 2026 00:29:19 GMT
Music
Download
Comments
S yuu gyi :
အဲ့စကားက တကယ်မချစ်တဲ့သူအတွက်ဆိုရင်တော့မှန်တယ်
2026-07-22 14:26:23
1
𝗡𝗮𝗺𝗲 :
အဆင်မပြေဘူးဗျာ
လူတေက သည်ခံ ရင်
လိုတာတက်ပိုးပြီး ဖိနိုပ်လာကြတယ်
2026-07-19 14:25:41
4
𝐏𝐞𝐭𝐞𝐫 𝐏𝐚𝐫𝐤𝐚𝐫🕸️🕷️ :
ဒါပေါ့" မနေနိုင်ရင်တောင် နေတက်အောင်နေဖို့က ကိုယ်တာဝန်လေ သူမလိုချင်လို့စွန့်ပစ်ခဲ့တာလေ☹️
2026-07-20 18:08:32
1
မြင့်မြတ်သော ဘုရင်၏သားတော်🤫 :
မဂ်လာပါ။သူငယ်ချင်းရှာနေတာပါ။ခင်ပေးနိုင်ရင်ခင်ပေးကြပါဦးနော်။🥰
2026-08-02 02:00:55
0
W🦥 :
စာသားလေးပေးပါလားဗျာ🥺
2026-07-10 01:10:01
0
Unfortunate_Ben! :
ယူသုံးခွင့်ပြုပါsis
2026-07-25 17:34:27
0
Roslyn :
ပြန်ယူတင်လို့ရမလားရှင့်🙂
2026-07-28 11:26:36
0
Vee_𐙚° :
စာသားလေးလိုချင်လို့🥺
2026-07-10 00:36:36
0
Myo Gyi💀 :
နေတတ်ရင်ကျေနပ်စရာကြီးပါ😂😂
2026-07-31 12:58:56
0
ဂင်ချားနာ❓ :
storyတင်မယ်နော်😞
2026-08-08 16:06:32
0
ထွန်း 🫶🫶🫶🫶💯 :
တစ်ခါတစ်လေကျတော့ဒေါသထွက်မိတယ်ဗျာ
အမြဲတမ်းသည်းခံပေတောမှာ ကိုယ်အပေါ မကောင်တဲ့သူတွေကို မကောင်းတာ
2026-07-16 03:08:39
1
After birth, one must die... :
ဟုတ်တယ်ဗျာ🥺🥺
2026-08-02 05:02:03
0
ကာဗွန်🤧 :
နေမတတ်တာထက် မ ေနနိုင်တာပါကွာ😞
2026-07-14 16:08:48
1
ᥫ᭡: 𝓣𝓱𝓪𝓌❁🌷 ྀིྀི 🍓♍️ :
စာသားလေးလိုချင်လိုပါ🥺
2026-07-10 05:12:12
0
Leo Ethan,💥 :
ဟူးး
2026-07-30 00:13:14
0
အလကားကောင်❤️🩹 :
ပြန်တင်မယ်နော်အမ
2026-07-14 15:21:08
0
moko_sh⁴n :
ဒိုင်ကူ လို့ပါကွာ..
2026-07-20 15:05:39
0
Thurein Tun🍀🎀 :
အဆင်မပြေနေဘူးဗျာ💐🍀
2026-08-14 14:51:32
0
:
ပြန်တင်မယ်
2026-07-22 12:36:03
0
Htaw ♋️ :
စာသားလေယူသုံးခွင့်ပြုပါဗျာ🥺
2026-07-20 17:24:34
0
𝙼𝚒𝚗 𝙺𝚑𝚊𝚗𝚝 𝚃𝚑𝚊𝚠 :
စာသားလေး ပြန်ယူသုံးလို့ရလားခင်ဗျာ
2026-07-13 12:11:39
0
To see more videos from user @soung132009, please go to the Tikwm
homepage.