@monophile107: အသိအမ တစ်ယောက်ပြောပြတာ ယောက်ျာ:တွေဟာ ဘယ်အရာရာဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်လွန်းတဲ့မိန်းကလေးတွေကို သူတို့ မလိုချင်ကြဘူး။ အချစ်ရေးကံကောင်းချင်ရင် မိန်းကလေးတွေ အချစ်ရေးမှာ မာယာ များရတယ်။မာယာ မများတတ်တဲ့မိန်းကလေးတွေ အချစ်ရေးကြောင့် ခဏခဏ နာကျ'င်ရတယ်။ ဒါဖြင့် ဘယ်လို မာယာများခိုင်းတာလဲ။ကိုယ်က တော်တယ်၊ထက်မြက်တယ်။ကိုယ့်ဘဝကို ထိန်းကျောင်းနိုင်တယ်။ဒီလိုလုပ်နိုင်တာ သိပ်ချီးကျူးစရာ ကောင်းပါတယ်။ဒါပေမဲ့ ချစ်တဲ့ယောက်ျာ:လေးရှေ့မှာ ဒါတွေကို ဝှက်ထားဖို့ လိုရင် ဝှက်ထားပါ။အရည်အချင်းသိပ်ရှိကြောင်း မပြနဲ့။ သိပ် သန်မာကြောင်း မပြနဲ့။ ဥပမာ သူနဲ့မတွေ့ရင် ရေဗူးရော မ လိုက်တာပဲ၊လေးတဲ့အရာဆိုလည်း မ လိုက်တာပဲ။ချစ်သူရှေ့ရောက်ရင် ရေဗူးကအစ ဖွင့်ခိုင်းပါ။ကားလမ်းကူးရင် လက်တွဲခိုင်းပါ။အစာစားရင် ခွံ့ကျွေးခိုင်းပါ။လမ်းလျှောက်ရတာ ညောင်းလာတဲ့အခါ သိပ်ညောင်းတာပဲ ချွဲပြီးပြောပါ။ အလုပ်နဲ့ပတ်သက်ပြီး ကိုယ်က ဒီအရာကို လုပ်နိုင်ပေမယ့် သူရှေ့မှာ ပြောပြပြီး သူ့ဆီက ဘယ်လို အကြံရမလဲ နားထောင်ကြည့်ပါ။ ယောက်ျာ:တွေအများစုရဲ့စိတ်က သူတို့ကို ယုံကြည်အားကိုးမှာကို သိပ်သဘောကျတယ်။သူတို့ အဲလို လုပ်ပေးရတာကို ပျော်ရွှင်နေတတ်တယ်။သူတို့ကိုယ် သူတို့ အရေးပါတယ်။အသုံးဝင်တဲ့သူဆိုပြီး ခံစာ:ရတယ်။နောက်ထပ် သူတို့ တစ်ခုခု လုပ်ပေးတဲ့အခါ သိပ်တော်တာပဲဆိုပြီး ချီးကျူးလိုက်ပါ ကောင်းကင်ပေါ် မပျံရုံသာသာပဲ။တစ်နေကုန် တစ်နေခန်း ပျော်နေတတ်တယ်။ နောက်ပြီး ယောက်ျာ:တွေဟာ သူတို့ အချိန်တွေ၊ငွေတွေ ရင်းနှီးမြှုပ်နှံ ထားတဲ့မိန်းကလေးတွေကိုပဲ ရူ:မတတ် ချစ်ပြီး ဆုံ:ရှုံ:ရမှာ ကြောက်တာပါ။ဒီမိန်းကလေးကို ငါအများကြီး ချစ်ထားတယ်။ ဒါကြောင့် ဘယ်ကောင့်လက်မှ မပါစေရဘူး။ငါပဲ ပိုင်ဆိုင်ရမယ်။ သူတို့ကို တစ်ချိန်လုံး နားလည်မှုပေးပြီး မိခင်လို ချစ်ပေးတဲ့သူကို တစ်ဘဝလုံးစာ ရွေးချယ်ချင်မှ ရွေးချယ်လိမ့်မယ်။ မိန်:မ ဆိုတာ လိုအပ်ရင် မာယာလည်း များရတယ်။ချွဲတတ်ရတယ်စကားချိုရတယ်။အချစ်ကြောင့် ပျော်ရွှင်နေတဲ့မိန်းကလေးတွေကို လေ့လာကြည့်ပါ။ဒီလိုအရည်အချင်းတွေ ရှိနေ တတ်တယ်။ #နူးနူးအောင် #credit #Love #lovelanguage #boyfriend
𝑲𝒀𝑰
Region: MM
Friday 10 July 2026 00:31:01 GMT
Music
Download
Comments
တော့ပိုကီ နေ့တိုင်းစားချင်တယ် :
စာသားလေး 🥺🤍
2026-07-10 15:04:01
1
Ngwe Hnin Hmone :
စာသားလေးပြန်တင်ချင်လို့ ရမလား🥰🥰
2026-07-10 15:51:09
1
Phoo :
အင်းပါ... မကျိန်ပါဘူး အဆင်ပြေပါစေပဲ အမြဲ ဆုတောင်းပေးပါတယ်
2026-07-10 12:29:02
4
ပိုတေး :
စာလေးချပေးပါလားဟင်
2026-07-10 03:34:55
2
Icy Bee🫧 :
သန်မာကြောင်းပဲပြခဲ့မိလို့ထင်တယ်
အဆင်ပြေရဲ့လား အမေးမခံရတော့ဘူး
တကယ်တမ်း ကိုယ်လည်း..😓
2026-07-10 15:12:42
1
Capricorn ♑️ :
စာလေးချပေးလိုရလား ညမလေး
2026-07-10 02:26:58
1
Kyaw Thet tun :
ဘယ်လိုရယ်မသိဘူး
ငါကျ ပြောင်းပြန်
2026-07-10 17:41:58
0
ckaykay7 :
💔
2026-07-10 16:18:11
1
To see more videos from user @monophile107, please go to the Tikwm
homepage.