@mnonewstt: မော်လူးမြို့၊စီပိန်းရွာမှာစစ်တပ်နဲ့ PDF တိုက်ပွဲ ဖြစ်ခဲ့ပြီး PDF က စစ်သားအလောင်းတစ်ချိူ့နဲ့ လက်နက်ခဲယမ်းတွေရရှိ 10 JULY 2026 စစ်ကိုင်းတိုင်း၊မော်လူးမြို့တောင်ဘက် စီပိန်းရွာမှာ စစ်တပ်နဲ့ PDF တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် PDF က စစ်သားအလောင်းတစ်ချိူ့နဲ့ လက်နက်ခဲယမ်းတွေရရှိ ခဲ့တယ်လို့ Indaw Revolution – IR က ထုတ်ပြန်ပါတယ်။ဇူလိုင်လ ၇ ရက်နေ့၊ညပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အထိနာသွားတဲ့ စစ်တပ်ဟာ မော်လူးမြို့ထဲပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီနောက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စီပိန်းရွာရှိ နေအိမ်တစ်ချိူ့ မီးလောင် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မော်လူးနဲ့ အင်းတော်မြို့ကြားမှာ တိုက်ပွဲတွေ ဖြစ်နေလို့ မန္တလေး-မြစ်ကြီးနား ကားလမ်းမှာရှိတဲ့ ခရီး သွားကားနဲ့ ကုန်ကားတစ်ချိူ့လည်း ရှေ့ဆက်မသွားနိုင် သေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ အင်းတော်မြို့နယ်ထဲကို ခရီးသွားလာ မဲ့ ပြည်သူတွေအနေနဲ့ ရိက္ခာ၊ ဆေးဝါးနဲ့ ပိုက်ဆံလုံလောက် အောင် ယူဆောင်ကြဖို့ Indaw Revolution – IR က သတိ ပေးဖော်ပြထားပါတယ်။ ရုပ်သံ- Social Media #whatishappeninginmyanmar #mnonews #pdf MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။ အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။ Website- www.mnonews.com Facebook- https://www.facebook.com/share/1AMGQiqdTK/ Youtube-https://youtube.com/@mno-news?si=RtZjlpkC0MD6tvoQ #fyp #mnonews #myanmartiktok🇲🇲🇲🇲

MNO NEWS
MNO NEWS
Open In TikTok:
Region: AU
Friday 10 July 2026 00:58:58 GMT
9696
108
2
11

Music

Download

Comments

naingwin3564
Naing Win :
ွ့ပုဒုဒဝ
2026-07-12 23:53:33
0
babythae14
^~T~^{ bl fan }♥~~°°`°` :
သို့ရွာလေး အမြန်အေးချမ်းပါစေ🥺🥺🥺
2026-07-12 04:09:34
0
To see more videos from user @mnonewstt, please go to the Tikwm homepage.

Other Videos


About