@the.liberation.room: ကျနော်တို့ လူသားတွေမှာ ပြောချင်တာတွေ အများကြီး ရှိကြပါတယ်။ ကိုယ်တိတ်တခိုး သဘောကျနေရတဲ့ လူအကြောင်းလား၊ ဖျားနာနေလို့ ဘယ်လောက်တောင် နာကျင်ခံစားနေရလဲဆိုတဲ့ ဝေဒနာတွေအကြောင်းလား၊ အိမ်မှာ မိသားစု စားဝတ်နေရေး အဆင်မပြေလို့ ရုန်းကန်နေရတဲ့ အကြောင်းလား၊ သူငယ်ချင်းမရှိလို့ အထီးကျန်နေရတဲ့ အကြောင်းလား။ စသဖြင့်ပေါ့ဗျာ... လူရယ်ဖြစ်လာမှတော့ ပြောစရာတွေကတော့ ဘယ်ကုန်မလဲ။ လူတိုင်းက သူတို့ ခံစားနေရတာတွေကို ဖွင့်ဟပြောဆိုချင်စိတ် ရှိကြတာပါပဲ။ ဒါပေမဲ့လည်း လူနည်းစုပဲ ပြောချင်တာတွေကို ရဲရဲဝံဝံ ပြောရဲကြတာပါ။ လူတိုင်းမှာ အဲဒီလို ပြောဖို့ သတ္တိမရှိကြဘူး။ တခြားမကြည့်နဲ့... ကိုယ်သ‌ဘောကျရတဲ့ လူကို‌တောင် သဘောကျကြောင်း ရဲရဲဝံဝံ ဖွင့်ပြောနိုင်တဲ့လူဆိုတာ လူတစ်ရာမှာ ဘယ်နှယောက် ရှိနိုင်မလဲ။ အတန်းထဲမှာ ကိုယ်သိတဲ့စာကို ဆရာမက မေးနေတာတောင် လက်မြောက်ပြီး အဖြေမှန်ကို ပြောနိုင်တဲ့ သတ္တိရော လူတိုင်းမှာ ရှိပါ့မလား။ ဒါကြောင့်လည်း "It is better to speak or to die" မှာ "To die" ဆိုတဲ့ တိတ်ဆိတ်ခြင်းလမ်းက ရွေးချယ်ရ ပိုလွယ်ကူနေတာပေါ့။ နာကျင်ခံစားခဲ့ရတဲ့ အတိတ်တွေ၊ နာကျင်‌နေရတဲ့ ပစ္စုပ္ပန်အကြောင်းတွေနဲ့ နာကျင်ခံစားရစေမဲ့ စကားတွေကို လူတိုင်း လွယ်လွယ်ကူကူ ထုတ်မပြောနိုင်ကြပါဘူး။ ဒါကြောင့်လည်း "It is better to speak or to die" မှာ နားထောင်ပေးမဲ့သူ မရှိရင်တောင် ဂရုမစိုက်ဘူး၊ "ငါပြောချင်တာတွေ ငါတော့ ပြောသွားမှာပဲ" ဆိုတဲ့ စိတ်မျိုးကို မွေးမြူနိုင်တဲ့လူတွေက တကယ်ကို လေးစားစရာဗျာ။ လူတိုင်း မလုပ်နိုင်တဲ့အရာကို လုပ်ပြနိုင်တာပဲလေ။ စာဖတ်သူတို့ရော "Is it better to speak or to die" မှာ ဘယ်လမ်းကို ရွေးမိကြမလဲ။ "To sleep" လို့တော့ မပြောကြနဲ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် တိတ်ဆိတ်ပြီး လမ်းပျောက်နေမဲ့အစား ကိုယ့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို အမှန်အတိုင်း ထုတ်ပြောလိုက်တာကပဲ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုဆီကို သွားရာလမ်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ The Liberation Room ကနေပြီးတော့ လူတိုင်း ကြောက်ရွံ့မှုကင်းကင်းနဲ့ Speak Up လုပ်နိုင်ဖို့၊ ကိုယ့်အသံကို နားထောင်ပေးမဲ့သူ ရှိနေတယ်ဆိုတာ သိစေဖို့အတွက် ဒီ ရပ်ဝန်းလေးကို ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အားလုံးပဲ အတူတကွ ရဲရဲဝံဝံ ရင်ဖွင့်ပြောဆိုနိုင်ကြပါစေခင်ဗျာ။ #isitbettertospeakordie #TheLiberationRoom #contentbymyintmyatphyo #graphicdesignbyMyoMyintMyat #callmebyyourname

The Liberation Room
The Liberation Room
Open In TikTok:
Region: MM
Friday 10 July 2026 14:14:21 GMT
5178
819
10
104

Music

Download

Comments

muse_by_han
✨Han🪽 :
But he spoke & died 🥹
2026-07-16 06:32:24
0
everyone.loxn
သက် :
to be heard
2026-07-13 01:46:31
6
jellyb3ann0
jellyb3ann0 :
to eat ရလား😞✨
2026-07-13 11:05:20
0
To see more videos from user @the.liberation.room, please go to the Tikwm homepage.

Other Videos


About