@nga.moe87: ပညာမတတ်တော့ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတာပဲ ကြာနီကန်နဲ့ ဂျွန်လင်နွန်ကို တစ်တန်းတည်းထား ကြိုက်မိတယ် ဝီစကီကိုလည်း အရသာမခံတတ်ခဲ့ဘူးကွယ်။ ပညာမတတ်တော့ ဘယ်လောက်ခုန်ခုန် ဖုန်မထ သူများဒိုင်ယာရီ ခိုးဖတ်တယ် တံခါးမခေါက်ဘဲ အခန်းထဲ ဝင်ခဲ့မိတာပေါ့။ ပညာမတတ်တော့ လူ့အဖွဲ့အစည်းကြားက ကျောက်တုံးလို ငြိမ်သက် ကမ္ဘာ့အံ့ဖွယ်လည်း မအံ့သြ လမ်းထိပ်မှာ တစ်ခေတ်လုံးငြိမ်နေတဲ့ အုတ်ခုံလိုလည်း မရင့်ကျက်ခဲ့ပါ။ ပညာမတတ်တော့ ဂိမ်းကစားရင် အီးဇီးမှ အသက်ခိုးရသေး ဂဏန်းသင်္ချာနဲ့ ရေမွှေး မုန်းခဲ့သေးတာပေါ့။ ပညာမတတ်တော့ နက်နက်နဲနဲယုံကြည်စရာလည်းမရှိ ငါးထွက်မျှားတာ ငါးလိုချင်လို့သက်သက်ပဲ အာပုပ်စော်နံနေရက်လည်း နှုတ်ခမ်းကိုနမ်းချင်တယ် အူခဲ့ရတဲ့ ကြေးစည်သံတွေ ဟောင်ခဲ့ရတဲ့ လမင်းတွေ ဘာဖြစ်ကုန်ကြပြီလဲ မသိပါ။ ပညာမတတ်တော့ လိင်ကိစ္စဟာလည်း ရှက်စရာလို့တွေး ညှီစော်နံနေတဲ့အတွင်းခံတွေကို အောက်တန်းစားစိတ်လို ဖျာအောက်ဝှက်ထားခဲ့မိတယ်။ ပညာမတတ်တော့ အပြေးသန်တယ် ကြွက်သားတွေ ကြီးလာတယ် လူကြားထဲ မင်းသောက်ရှက်ကွဲမယ့် မေးခွန်းတွေ မမေးတတ် ပခုံးစုံတွန့် နှုတ်ခမ်းရှုံ့တဲ့ အမူအရာ မလုပ်တတ်ခဲ့ပါ တကယ်တော့ မင်းလိုပဲ လူ့အဖွဲ့အစည်းကို သရော်မော်ကား ထိုင်ဟားချင်မိတာ မစွမ်းခဲ့ပါဘူးကွာ။ ပညာမတတ်တာ လူ့အဖွဲ့အစည်း မကောင်းဖို့လား မင်း ကောင်းစားဖို့လားတောင် ပညာမတတ်တော့ မသိဘူး ပညာမတတ်တော့ ပညာမတတ်တာ ရှက်စရာလို့တောင် မတွေးမိပါဘူးကွာ။ #လင်းခါး #poem #fyp #foryoupage
𝙽𝙶𝙰 𝙼𝙾𝙴-10
Region: TH
Friday 10 July 2026 14:32:20 GMT
Music
Download
Comments
မဆုံသောလမ်း(ဧရာဝတီ) :
လင်းခါး
စကားလုံးအသုံးနူန်းတွေကြွယ်တယ်
စမ်းရေကြည်နု စာအုပ်ဆိုရင်
သိပ်အရသာရှိတာ
အခြားစာအုပ်တွေထွက်လားတော့မသိဘူး
အ့ဒီတစ်အုပ်တော့ဖတ်ဖူးတယ်
2026-07-11 01:07:24
31
Saw Kawe Gyi :
ပညာမတတ်လို့လာမသိဘူး ဘာမှနားမလည်ဘူး🥺
2026-07-11 05:17:38
16
HACHIKO :
ကောင်းလိုက်တဲ့ ကဗျာ ❤️
2026-07-11 06:11:15
2
뚜뚜🇰🇷 :
ငါဘာမှနားမလည်ဘူး
စိုးရိမ်ရလား☹️
2026-07-11 05:57:43
1
🪐 :
စာသားလေးချပေးလေidol
2026-07-11 04:26:00
2
ပြည်သိမ်း ကျော် :
စာသား လေး ချ ပေးပါလား copyချင်လို့
2026-07-11 02:07:22
4
... :
စာသားလေး cm မှာချပေးပါလား
2026-07-11 03:15:21
2
Zaw Zaw :
2026-07-11 01:51:18
2
Nay Nyo Nyachan :
ကြိုက်🥰🥰🥰
2026-07-11 00:56:06
2
ตูชาพิว🥰🍒🍒🍒 :
စားသားတွေဓိပ္ပါယ်ရှင်းပြပါလာ🥰🥰
2026-07-11 07:47:40
0
Min Thu :
သဘောကျတယ်ဗျာ🥰🥰
2026-07-11 00:46:38
2
saw saw :
တကယ်ကြီးပါကွာ🥰🥰🥰
2026-07-10 23:22:29
1
Moe :
ကောင်းတယ်ညီ..ကဗျာမဆိုစ လောက်ရှည်တယ်.❤️.
2026-07-10 15:45:52
2
Kay Khaing Win :
စစဖတ်ချင်းမှာပဲထိရှ ငါကခေါင်းချလိုက်တာနဲ့အိပ်ပျော်တာ အလုပ်ကပင်ပန်းတယ်လေ အိပ်တော့မယ်ဆိုအကုန်စိတ်ကို Shutdown လုပ်ပြီးမှ အိပ်တာ ကိုယ့်ကိုယ်ကိုဂရုစိုက်တာပါဟယ်😂😂
2026-07-11 06:02:14
3
Vk :
ခေါင်းချတာနဲ့အိပ်ပျော်သွားတာ အပစ်လား ဘာဆိုင်လဲ 😞
2026-07-11 06:14:15
2
Yann Min Htan :
ကြိုက်လိုက်တာ
2026-07-11 04:21:35
2
Nay Lin Tun :
ယူသုံးပါရစေ
2026-07-11 02:39:55
2
သျှမ်းစိုင်းစိုင်းကျော်ဂျီး😁 :
ကွီးဘွဘါညေးးရယ်🤣🤣🤣
2026-07-11 02:22:13
2
💫sawa63791💫 :
ရွဲ့ရေးသွားတာ မဆိုးဘူး
2026-07-11 00:45:10
2
Rax,,✓™ :
အမှန်ဆိုရင်ကျွန်တော်လည်း ေရှးစာရေးဆရာဝတ္ထုတွေဆောင်းပါးတွေကို တော်တော်များများဖတ်ဖူးပါတယ် များတယ်ဆိုပေမဲ့လည်း တစ်ချို့အရာတွေအတွက်တော့ မြဖစ်စလောက်ပေါ့ လင်းခါးရဲ့စာတိုတွေ ကဗျာတွေ ဂျာနယ်တွေမှာ ပါလာတယ် တစ်ခေါက်ဖတ်ကြည့်ရုံနဲ့ မရဘူး သူ့ရဲ့အဓိပ္ပာယ်ကို မရှင်းထုပ်နိုင်ဘူး ကိုယ်ပဲ့ ကပဲ 🥺
2026-07-11 01:55:29
2
Ko Aung Aung :
copy please
2026-07-11 02:38:16
1
Thet Htar Aung :
အရမ်းထိတယ်ဗျာ
2026-07-11 06:27:17
0
Than Aye :
ကိုယ့်၏ဖြူစင်ခြင်းစိတ်ကြောင့်လျှော်ဖွတ်ရန်သတိမထားခဲ့...💐
2026-07-11 07:02:53
0
To see more videos from user @nga.moe87, please go to the Tikwm
homepage.