@sepaing_gointaw: ​၁။ တစ်ဆင့်ပညာသည် အကုသိုလ်ကမ္မဇိဒ္ဓိတို့ဖြင့် ဖမ်းစားနှိပ်စက်ထားခြင်းကို ပယောဂ နှင့် ရောဂါအမျိုးမျိုးတို့ကို နိုင်နင်းစွာကုသမကယ်ဆယ် နိုင်သောပညာဖြစ်ပေသည်။ { အဖဆရာကြီးအားလုံးနှင့်၊ နတ်မင်းကြီးများ၊ မယ်တော်စောင့်၏ } ​၂။ နှစ်ဆင့်ပညာသည် မြွေအမျိုးမျိုးမှစ၍ အဆိပ်ရှိသောသတ္တဝါအမျိုးမျိုးတို့၏ အဆိပ်များကြောင့် အသက်အန္တရာယ် ပြုခြင်းများအား ကုသမကယ်တင် နိုင်၏ မိမိအိမ်ကပင်လျှင်အမိန့်ပေး၍ အဆိပ်ဟူသမျှအား တားဆီးထားနိုင်ခြင်း ပညာဖြစ်ပေသည်။ { သိကြားမင်း စောင့်၏ } ​၃။ သုံးဆင့်ပညာသည်တန်ပြန်ပညာဖြစ်၍မိမိအားသူတပါးတို့၏အတတ်ပညာနှင့်လုပ်ကြံလျင်ထိုသူအားပြန်၍ထိခြင်း သူ့ဒဏ်သူပြန်၍ခံရခြင်းစသည် တို့ဖြစ်ပေသည်။ { အဖဆရာကြီးအားလုံးနှင့် နတ်မင်းကြီးများ၊ မယ်တော်စောင့်၏ } ​၄။ လေးဆင့်ပညာသည်လေးကျွန်းစကြာစေပိုင်ပညာများကိုအထက်ဆရာကြီးများအဓိဌာန်ပေးအပ် သွားပါသည်။ { ဂိုဏ်းလံဟု ခေါ်သည် အဖဆရာတော်ကြီးများ စတင်အသိအမှတ်ပြု၍ အဘ ဘိုးတော်အေးကိုယ်တိုင် စောင့်ရှောက်တော်မူတယ် } ၅။ ငါးဆင့်ပညာသည်ဦးခေါင်းထက်တွင်စေတီပုံအုပ်၍သိဒ္ဓိပညာဖြစ်ပြီးတောင်းတရာပြီးစီးစေနိုင်သော ပညာဖြစ်ပေသည်။ { သူရဿတီ ၊ စန္ဒီ ၊ ပါရမီသြာ ၊ မဟာပိန္နဲ၊ ဂေါရန္တာ၊ နတ်မင်းကြီးတွေနဲ့ ၊ မယ်တော်လည်း စောင့်တယ် } ​၆။ ခြောက်ဆင့်ပညာသည်နတ်ပြည် ၆ ထပ်မှစ၍ ဗြဟ္မာ ၂၀ တိုင် ရှိကြသော သောနတ်မင်းကြီးတွေ စောင့်မ ကူညီစောင့်ရှောက်သောပညာဖြစ်ပေသည်။ { တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေ ၊ နတ်စစ်သူကြီးတွေ စောင့်တယ် } ​၇။ ခုနစ်ဆင့်ပညာသည်သေဆိုသေ ရှင်ဆိုရှင် စေတိုင်း ခိုင်တိုင်း အာဏာတည်တန်ပြန်ပညာ ဖြစ်ပေသည်။ { အဖဆရာတော်ကြီးများနှင့် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ကြီး တွေ ၊ နတ်စစ်သူကြီးတွေ စောင့်တယ် } ​၈။ ရှစ်ဆင့်ပညာသည် အရပ်လေးမျက်နှာ ရှစ်မျက်နှာ ဆယ်မျက်နှာတို့မှဘေးဥပါဒ်အန္တရာယ်တို့မ ကျ ရောက်စေဘဲသံချပ်အတတ်ခြုံ၍ ကာထားသောပညာ ဖြစ်ပေသည်။ { နတ်ပြည် ( ၆ ) ထပ်ကို အစိုးရတော်မူသည့် သကြားမင်း စောင့်၏ } ၉။ ကိုးဆင့်ပညာသည် နေနှင့်လနှစ်ပါးထပ်၍နေရောင် လအရောင်ကိုလွှမ်းမိုးသကဲ့သို့စမ အရောင်တန်ခိုးသည် လူ၏ခန္ဓာကိုယ် တခုလုံးကို ဖုံးအုပ်ပြီးထွန်းလင်းတောက်ပသောပညာ ဖြစ်ပေသည်။ { နေ လ နှစ်ပါး ပိုင်ဆိုင်တော်မူသော အရှင်ဦးဩဘာသ စောင့်တယ် ထွက်ရပ်ပေါက်လမ်းစဉ်ဖွင့်ပေးသည် မိဘ ဆရာ အလောင်းမှလွဲ၍ မည်သည့် အလောင်းမှ မထမ်း ရ } ​ဂိုဏ်းတော်ဝင် ဆရာ/ဆရာမများအတွက်သာ ​ပညာခွင်ဆိုတာ { ဉာဏ်ရှိသလို } အသုံးချနိုင်တယ် ဂိုဏ်းမူအတိုင်း လုပ်ရမယ် ကိုယ့်ဂိုဏ်းနဲ့ မသက်ဆိုင်တာ မလုပ်ရဘူး ဂိုဏ်းရဲ့ လမ်းစဉ်နဲ့ သွေဖယ်ပြီး လျှောက်မ လုပ်ရဘူး ချုပ်နိုင်ပါရဲနဲ့ မချုပ်ရင် မိစ္ဆာက ရောင့်တက် မယ် သိမ်းသင့်တာ မသိမ်းရင် မိစ္ဆာက ပြန်တိုက်မယ် အာခံမယ် ကုသရ ခက်ခဲမယ်။ ​စုစုပေါင်း ပညာကိုးဆင့်မှာ ပုံတော်စမ ကိုးဆူတိုက်ရ တယ် ဒီတော့ မင်းတို့ ဗိုက်ထဲမှာ တဆင့်တဆူ နှစ်ဆင့် နှစ်ဆူ သုံးဆင့်သုံးဆူနဲ့ ဆက်ပြီး တိုက်လာလိုက်တာ ကိုးဆင့်ရောက်တော့ အဆူပေါင်းလိုက်ရင် ( ၄၅ ) ဆူ ဗိုက်ထဲရောက်သွားတယ် မြတ်စွာဘုရားရဲ့ ဝါတော်စဉ် ဟာ( ၄၅ )ဝါ အခုမင်းတို့ ဗိုက်ထဲမှာလည်း စေတီပေါင်း (၄၅) ဆူတိုက်ပြီး ဖြစ်တယ်။ လက်ယာပုခုံးစွန်းမှာ အတွင်းမှာလ အပြင်ကကိုးနဝင်းထိုး ဘယ်ပုခုံးစွန်းမှာ အတွင်းမှာ နေ အပြင်က ကိုးနဝင်းထိုး အဓိပ္ပါယ်ကတော့( လ ) သည်အအေး ( နေ )သည် အပူဖြစ်တယ် လ နှင့် နေ ကို ပိုင်ဆိုင်တော်မူသော အရှင်ဦးဩဘာသစောင့်တယ် အဲဒီဝိဇ္ဇာကြီးတွေ စောင့်တဲ့အတွက်ကြောင့် မင်းတို့ မသာမထမ်းရဘူးလို့ပြောတာ အဲဒီလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ စောင့်နေတဲ့အတွက် { လက်ဖွဲ့ဆောင်စရာလိုသေးလား ) ( အင်းး )ဆောင်ဖို့ လိုသေးလား (ကိုယ်ကို့ကိုယ်) ဘာစောင့်လို့စောင့်မှန်းမသိတဲ့ဆရာတွေ တောင်စမ်းစမ်း မြောက်စမ်းစမ်း လုပ်နေရင် အစောင့်တွေအားလုံး { ခွာ } သွားလိမ့်မယ် သတိထားကြ။ #မူရင်းကိုcrdပေးပါတယ် #ရွှေရင်ကျော်အဖေကြီးဦးကျော်စိန်သားတပည့် #က္ကစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး #ရွှေရင်ကျော်အစွမ်းကမ္ဘာလွှမ်း

စေပိုင်🙏အာဏာပိုင်🙏ဂိုဏ်တော်
စေပိုင်🙏အာဏာပိုင်🙏ဂိုဏ်တော်
Open In TikTok:
Region: MM
Friday 10 July 2026 14:56:09 GMT
71245
8291
86
245

Music

Download

Comments

shuthaeephyu
ShuThaeePhyu :
ကျမလဲပညာယူထားပါတယ်ဆရာနေ့စဉ်တစ်ရက်သုံးကြိမ်ကန်တော့ပါတယ်ဆရာရှင့်
2026-07-13 13:22:04
3
k9k695
David :
မဟာပိန်နဲက ဘယ်ကပါလာတာလဲဗျ မသိလိုပါ
2026-07-12 02:23:00
1
khin.san.hlaing56
ယွန်းလေးမေမေ :
ပြန်တင်ခွင့်ပြုပါရှင့်
2026-07-11 06:17:52
1
698yoon.wati.htat
wniHtet :
သမီးပညာယူချင်တယ်ဆရားကဘယ်ကလ့
2026-07-11 03:26:59
1
user7290961858884
မေဇွန်ဦး :
မဂ်လာပါဆရာ
2026-07-12 00:49:03
1
user33278238126172
မော်ဂွန်း သစ် :
2026-07-12 06:45:30
2
sein9009
ဝဇီယာ :
ဝိသုဒ္ဓိ ဖြစ်မှ ဝိမုတ္တိ ဖြစ်တာ
2026-07-16 15:27:35
0
solo.boy38690
solo boy3869 :
ဟုတ်ပါတယ်ဆရာ🙏🙏🙏🙏🙏🙏🙏🙏
2026-07-14 01:50:37
1
myoaungaung42
Myo Aung Aung :
2026-07-13 03:59:02
1
ko.kyaw9285
Ko Kyaw :
ဆရာကပြောတယ် ရခဲ့တယ်တဲ့🙏
2026-07-15 18:29:15
1
user8183954075840
ƙĥïňğľäŷ :
မဂ်ပါဆရာ ဟုပ်ကဲ့ပါ
2026-07-13 04:04:19
1
htet.nge123
htet nge :
ကျေးဇူးတင်ဘာတယ်
2026-07-11 13:04:52
1
nyinyi65942
🌜လရောင်ပျိုးတဲ့ကုမုဒြာ💐🌙 :
ဆရာသားပညာသင်ယူချင်တယ်ဆရာ
2026-07-12 02:13:48
1
ba.ki050
Ba Ki :
ပညာလိုချင်တောလဲ ထိုင်းရောက်နေတဲ့အခါ 😖
2026-07-13 12:26:55
0
e_m_o_t214
ဆရာမစန်မြန်း :
အဖဆရာကြီးစိတ်၏ချမ်းသာကိုယ်၏ကျန်းမာပြည့်ပြီးသိဒ်ဓိတွေအစပေါင်းများစွာတိုးပွားပါစေအဖဆရာကြီးရှင့်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-11 07:21:35
1
myatwin165
Thi Hia :
အဆက်ရှိရင်ဆုံရမှာပါ🥰
2026-07-12 15:31:18
1
user938177434
min khant :
ဝင်ချင်ပေမဲ့အသက်မပြည့်တေးဘူးဆရာ 🙏
2026-07-13 05:38:18
1
decembersagi18
No Mercy :
ရွှေရင်ကျော်ပညာယူဖူးခဲ့ပါတယ် ဆရာဖြစ်သူရဲ့သင်ပုံတွေက ရာနှုန်းပြည့်မသန့်စင်တာတွေကြောင့်ထွက်ခဲ့ပါတယ် ဒီစကားကို ရွှေရင်ကျော်ယူစဉ်က မပြောဖူးပါဘူး ဂိုဏ်းစည်းကမ်းတွေကြောင့်ပဲဖြစ်ပါတယ် အခုက ဂိုဏ်းဝင်မဟုတ်လို့ပြောပြရဲတာပါ
2026-07-13 04:30:01
0
hlamin6122
🥰HLA MYINT SHWE🥰 :
ဆေး9ဆင့်မထိုးဘဲ သစ္စာနဲ့သီလလုံရင်ကုလို့ရလား ဖြေပေးအုံးမသိလိုမေးတာပါ
2026-07-13 16:39:50
1
vivo.y666976
T H A :
🙏🙏🙏🙏🙏
2026-07-13 08:12:26
1
user8167921998350
may. zin. kyaw🥀🥀🥀 :
🙏🙏🙏🙏🙏
2026-07-12 10:40:20
1
skopganimg5
€[Phyo' gyi']•>🇲🇲🧑‍✈️🔇🚷🆔 :
🙏🙏🙏
2026-07-10 23:02:31
1
To see more videos from user @sepaing_gointaw, please go to the Tikwm homepage.

Other Videos


About