@brucemummy121213: နိုင်ငံခြားမှာ ရုန်းကန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကြီးဆုံးအိပ်မက်က… ကိုယ်ချမ်းသာဖို့ မဟုတ်ဘူး။ တစ်နေ့… အမေ အလုပ်မလုပ်ရတော့တဲ့နေ့… အဖေ စိတ်အေးလက်အေး အနားယူနိုင်တဲ့နေ့… သားသမီး ပညာတတ်ဖြစ်တဲ့နေ့… အဲဒီနေ့ကို မြင်ချင်တာဖြစ်တယ်။ သူတို့ဘဝမှာ သူတို့အကြောင်းထက် အိမ်ကလူတွေအကြောင်းက ပိုစိုးမိုးတယ်။ မနက်မိုးမလင်းခင် တနေ့တာအတွက် အလုပ်လုပ်ဖို့ ပြင်မယ် လုပ်မယ် သွားမယ် .. ညမိုးချုပ်မှ အခန်းပြန်ရောက်တယ်… တစ်နေ့လုံး ထိုင်လုပ်ရတဲ့ အလုပ်ဆို ခါးတွေညောင်းတယ် ခေါင်းတွေကိုက်တယ်.. တစ်နေ့လုံး မတ်တပ်ရပ်ရတဲ့အလုပ်ဆို ပင်ပန်းလို့ ခြေထောက်တွေ နာကျင်နေတယ်… အားစိုက်လုပ်ရတဲ့အလုပ်ဆို ပြန်လာရင် ကိုက်ခဲနေမယ်.. ဒါပေမယ့် သူတို့ လစာဝင်တဲ့နေ့ရောက်ရင်… ကိုယ့်အတွက် တစ်ခုခု ဝယ်ဖို့ လက်လှမ်းလိုက်တိုင်း… ဒီပိုက်ဆံကို အိမ်ပို့လိုက်ရင် ပိုအကျိုးရှိမှာပဲ ဆိုတဲ့ အတွေးက အရင်ရောက်လာတတ်တယ်။ မစားရက်တာ မဟုတ်ဘူး…မဝတ်ရက်တာ မဟုတ်ဘူး… မသုံးချင်တာလည်း မဟုတ်ဘူး… “ငါ သုံးလိုက်တဲ့ ဒီပိုက်ဆံနဲ့… အိမ်ကတစ်ယောက်ယောက် အဆင်ပြေနိုင်တာပဲ…” ဆိုတဲ့ အတွေးက သူတို့ကို အမြဲတမ်း နောက်ဆုတ်စေတယ်။ အိမ်ကလူတွေ မြင်တာက သူတို့ပို့တဲ့ ပိုက်ဆံပဲ။သူတို့ ဖြတ်သန်းနေရတဲ့ ပင်ပန်းမှုတွေကိုတော့ သူတို့ကိုယ်တိုင်ပဲ သိတယ်. သူတို့ ဖုံးကွယ်ထားရတဲ့ ပင်ပန်းမှုတွေကိုတော့ သူတို့ကိုယ်တိုင်ကလွဲ ဘယ်သူမှ မမြင်ကြဘူး။ ဒါကြောင့်… ပြည်ပနိုင်ငံမှာ ရုန်းကန်နေတဲ့ မြန်မာအမျိုးသမီးတိုင်းကိုလေးစားပေးပါ။ သူတို့ ပခုံးပေါ်မှာ ထမ်းထားတာ အိတ်တစ်လုံးမဟုတ်ဘူး။ မိသားစုတစ်စုရဲ့ မျှော်လင့်ချက်တွေပါ။ LuMaw 4-7-2026 #မြန်မာtiktok😁 #myanmartiktok🇲🇲🇲🇲 #tiktokmyanmar #စက်ာပူရောက်ရွှေမြန်မာ🇲🇲 #MyanmarWorkers

Bruce’s Mummy
Bruce’s Mummy
Open In TikTok:
Region: SG
Friday 10 July 2026 15:35:14 GMT
301
21
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @brucemummy121213, please go to the Tikwm homepage.

Other Videos


About