@shweyee4656: အစ်ကိုရေ… လောကကြီးမှာ ပင်ပန်းစရာတွေ၊ စိတ်ညစ်စရာတွေ ဘယ်လောက်ရှိရှိအစ်ကိုရဲ့ အပြုံးလေးတစ်ပွင့်ကို မြင်လိုက်ရရင် စိတ်ထဲအလိုလိုအေးချမ်းစေတယ်အစ်ကို💓 အစ်ကို့ရဲ့ပလီပလာလေးတွေကို သဘောကျတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ချစ်စရာကောင်းတဲ့ အပြောအဆိုလေးတွေက ကြည့်နေတဲ့သူတိုင်းရဲ့ နှလုံးသားကို နွေးထွေးစေတယ်အစ်ကို💓 အစ်ကိုရဲ့ အလှဆုံးအရာက ရုပ်ရည်တင်မဟုတ်ပါဘူး။ ပရိသတ်တွေကို တန်ဖိုးထားတတ်တဲ့စိတ်၊ တစ်ယောက်ချင်းစီရဲ့ မေတ္တာကို လေးစားတတ်တဲ့စိတ်၊ ဆရာသမားကို ရိုသေတတ်တဲ့စိတ်၊ မိဘကို ချစ်မြတ်နိုးတတ်တဲ့စိတ်တွေက အစ်ကို့အလှတရားကိုတန်ဆာဆင်နေသလိုပဲ🤗 အောင်မြင်မှုတွေ ဘယ်လောက်ရလာပါစေ မပြောင်းလဲဘဲ လူကောင်းတစ်ယောက်အဖြစ် ရပ်တည်နေတာကို လေးစားမိပါတယ် အစ်ကိုရေ။ တစ်ခါတလေ အစ်ကိုမသိနိုင်ပေမယ့် အစ်ကိုရဲ့ အပြုံးလေးတစ်ပွင့်၊ အစ်ကိုရဲ့ စကားလေးတစ်ခွန်းက အစ်ကို့fanလေးတွေအတွက် အားဖြစ်စေတယ် စိတ်ကလေးအေးချမ်းစေတယ်၊နေကောင်းကျန်းမာစေတယ်🤗 အစ်ကိုက စင်ပေါ်က ဇာတ်မင်းသားလေးတစ်ယောက်ထက်ပိုပြီး လူတွေရဲ့ နှလုံးသားထဲမှာ နေရာယူထားတဲ့ အပြုံးလေးနဲ့ အစ်ကိုပါ🫶💓 အမြဲဒီလိုပဲ ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ အစ်ကိုအဖြစ် အောင်မြင်မှုတွေနဲ့အတူ ရှေ့ဆက်နိုင်ပါစေနှော်။ ဒီfanလေးကကိုယ်နိုင်တဲ့နေရာလေးကထာဝရsupportပေးနေမှာပါ💓🫶 #tiktokmyanmar #fyp #အပြုံးမင်းသားလေးစမ်းရေမိုး #အလှဆုံးမင်းသား
𐙚♡𝕊𝕙𝕨𝕖 𝕐𝕖𝕖(𝕊𝕐𝕄)♡𐙚
Region: MM
Friday 10 July 2026 15:45:50 GMT
Music
Download
Comments
Aye Mya :
အားလုံးကို ကိုယ်စားပြု တဲ့စာသားလေးမို့အရမ်းကြိုက်ပါတယ်နော်
2026-07-14 04:01:07
1
Saung Hnin Yawai :
စာလေးဆုံးအောင်ဖတ်ပြီးshareပေးခဲ့တယ်နော်စာလေးတွေကတကယ်အေးချမ်းတယ်🥰🥰
2026-07-13 13:24:34
1
nwet yi win :
စာသားလေးကိုအဆုံးထိဖတ်ခဲ့ပါတယ်။ကိုယ့်ရင်ထဲကမင်းသားလေးအပေါ်အမြင်လဲအဲလိုလေးပါပဲ☺️သူလေးကိူကြည့်ရင်အေးချမ်းရသလိုသူပြောတဲ့စကားတွေကလဲပူလောင်တဲ့စိတ်ကိုအေးချမ်းမှူရစေတယ်အသိတရားရစေတယ်☺️
2026-07-13 03:16:40
2
pa pa :
2026-07-10 17:21:03
1
ကျုံကန်သူ :
အေးချမ်းရာလေးပါ🥰🥰🥰
2026-07-11 12:09:05
1
🎀Hnin yu hlaing🎀 :
🥰🥰🥰
2026-07-11 06:24:03
1
To see more videos from user @shweyee4656, please go to the Tikwm
homepage.