@aira.gigi: NLD အမတ် ဦးဖြိုးဇေယျာသော်ကို အဓိက ဖမ်းဆီးခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုဖြင့် နေရာရလာသူ ဗိုလ်ချုပ်မင်းသူ မင်းအောင်လှိုင်လက်ရုံးတစ်ဆူဖြစ်လာနေပြီးအဂတိမှု၊ ခြိမ်းခြောက်မှုများဖြင့် စီးပွားရေးသောင်းကျန်းနေ ဇူလိုင်လ ၁၀ ရက် ပြည်ထဲရေး ဝန်ကြီးဌာန၌ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူသည် ဆောက်လုပ်ရေးနှင့် စီးပွားရေး အသိုင်းအဝိုင်းအကြား လျှို့ဝှက်စွာ နာမည်ကြီးခဲ့သူဖြစ်ပြီး၊ ယခု စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့သစ်အတွင်း မင်းအောင်လှိုင်၏ လက်ရုံးတစ်ဦးအဖြစ် ပိုမိုဩဇာကြီးမားလာကြောင်း သိရသည်။ မင်းသူသည် မင်းအောင်လှိုင်၏ အမိန့်ဖြင့် လက်ရှိ စီးပွားရေးသမားများကို ခေါ်ယူစစ်ဆေးရာတွင် တွေ့ရှိချက်များကို လျော့ပေါ့အစီရင်ခံပေးခြင်း၊ စီးပွားရေး ဩဇာရှိသူများကို ပြစ်ဒဏ်လျော့နည်းစေခြင်းတို့အတွက် လာဘ်ငွေအမြောက် အမြား ရယူ၍ ဆောင်ရွက်ပေးနိုင်သူအဖြစ် နေပြည်တော် လျှို့ဝှက်အသိုင်းအဝိုင်းအတွင်း ထင်ရှားနေသူ ဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ (DSA-37) ဆင်းဖြစ်သူ ဗိုလ်ချုပ်မင်းသူသည် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သော ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခံရပြီးနောက် ပေါ်ပေါက်လာသည့် စစ်ဘက်ရေးရာ လုံခြုံရေးဌာနချုပ် (စရခ) နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် စရခ၌ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ် စသည့် အဆင့်ဆင့် တာဝန်ထမ်းဆောင်စဉ်ကတည်းက စစ်တပ်၏ တင်ဒါများကို ခြိမ်းခြောက်ယူခြင်း၊ မရပါက သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုင်ကြားဝေဖန်၍ ဒုက္ခပေးခြင်းတို့ကြောင့် စစ်တပ်အသိုင်းအဝိုင်းတွင် ‘လူညစ်တစ်ဦး’ ဟု နာမည်ကြီးသည်။ သူနှင့် မတည့်သူ တပ်ဖွဲ့ဝင်များနှင့် စစ်ဘက်အဖွဲ့အစည်းများကို လက်ဆွဲပြောင်းရွှေ့ နှိပ်ကွပ်တတ်သဖြင့် စရဖတပ်ဖွဲ့ဝင် အချင်းချင်းပင် ရွံ့ကြောက်ကြရသည်။ စစ်တပ်အတွင်း၌လည်း ဇာတ်တူသားစားကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်လောက်က ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည့် ဗိုလ်ချုပ်အောင်လင်းထွန်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်လောက်တွင် ထောင်ဒဏ်ကျခံခဲ့ရသည့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ်ဟောင်း ဗိုလ်ချုပ်ဇော်လွင်ဦးတို့အား ဦးဆောင်တိုင်ကြား၍ ချောက်တွန်းခဲ့သူမှာ ဗိုလ်ချုပ်မင်းသူပင် ဖြစ်သည်။ ထို့ပြင် ၂၀၂၃-၂၀၂၄ ခုနှစ်လောက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် ဗိုလ်ချုပ်မင်းသူ၏ တပည့်များ မြစ်ကြီးနားဒေသ၌ တရားမဝင် လုပ်ကိုင်နေသည့် ရွှေလုပ်ကွက်ကို ဖမ်းဆီးရာမှ လာဘ်ပေးလာဘ်ယူမှုများ အမြစ်လှန်ခံရကာ ထောင်ကျသွားခဲ့ရသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်တွင် ဗိုလ်ချုပ်မင်းသူ၏ အာဏာစွက်ဖက်မှုမှာ ဝန်ကြီးဌာနများအထိ ကြီးထွားလာခဲ့ပြီး၊ လျှို့ဝှက်ဖွဲ့စည်းထားသော အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIB) ၏ အတွင်းရေးမှူး တာဝန်ကို ယူခဲ့သည်။ ၎င်းသည် ဒီမိုကရေစီအင်အားစုများကို နှိပ်ကွပ်ရာတွင်လည်း ထင်ရှားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဦးဖြိုးဇေယျာသော်တို့အား ဖမ်းဆီးခဲ့သူ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အနုပညာရှင်များကို Black List (အမည်ပျက်စာရင်း) သွင်းရာတွင် ၎င်းကို အဓိက ချဉ်းကပ်ရပြီး၊ စရဖနှင့် ပြည်ထဲရေးက ခေါ်ယူစစ်ဆေးခံရသူများ လွတ်မြောက်လိုပါက ၎င်းထံ ချဉ်းကပ်ကာ ငွေပေး၍ လွတ်လမ်းရှာကြရသည်။ ၎င်းကဲ့သို့ အများအပြား နှိပ်ကွပ်ငွေယူနေသော်လည်း ဗိုလ်ချုပ်မင်းသူနှင့် မိသားစုမှာမူ သူတို့၏ လွတ်လမ်းကို အမြဲကြံစည်နေကြသည်။ သူ၏သား မောင်သန့်သီဟ (အသက် ၂၂ နှစ်) သည် ၂၀၂၁ ခုနှစ်ကတည်းက မိဘအမည်များ ပြောင်းလဲကာ Passport အတုဖြင့် ဩစတြေးလျနိုင်ငံသို့ တိတ်တဆိတ် ထွက်ခွာ၍ ကျောင်းတက်နေခြင်း ဖြစ်သည်။ ယင်းအပြင် သမီးဖြစ်သူ မသင်းသန့်သည်လည်း ၂၀၂၄ ခုနှစ်လောက်က စင်ကာပူသို့ ထွက်ခွာ၍ ကျောင်း တက်လျက်ရှိသည်။ ၎င်းတို့သည် အခြားသူများ ရိပ်မိမည်စိုးသဖြင့် ကျောင်းပိတ်ရက်များတွင် မြန်မာနိုင်ငံသို့ ပြန်မလာဘဲ၊ ဗိုလ်ချုပ်မင်းသူ ဝယ်ယူထားသည့် ဘန်ကောက်ရှိ တိုက်ခန်းတွင်သာ သွား ရောက်နေထိုင်ကြပြီး ဇနီးဖြစ်သူ ဒေါ်ဖြိုးသက်မာက ဘန်ကောက်သို့ လျှို့ဝှက်ထွက်ခွာ၍ တွေ့ဆုံလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ သူ၏စီးပွားရေးအရ သောင်းကျန်းမှုအနေဖြင့် ဗိုလ်ချုပ်မင်းသူ၏ မိသားစုသည် နေပြည်တော် နှင်းဆီကုန်း ဧရာဝတီလမ်းပတ်လမ်းတွင် Angle 37 အမည်ရှိ စားသောက်ဆိုင်ကြီးတစ်ဆိုင်ကို ၂၀၁၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး၊ ၎င်းဆိုင်တွင် စစ်ဆေးခံရသူ လုပ်ငန်းရှင်များနှင့် ပွဲစားများ တွေ့ဆုံကာ လွတ်မြောက်ရေးအတွက် ငွေကြေးအမြောက်အမြား ရယူခဲ့သည်။ ဆက်လက်ဖတ်ရှုပါရန် - မန့်တွင် #Airagigi #lemontiktok #foryoupage❤️❤️
Aira GiGi
Region: MM
Friday 10 July 2026 16:58:33 GMT
Music
Download
Comments
ko phyo :
ဇေယျာသော်က သူ့လုပ်ခဲ့တဲ့အတိုင်းပြန်ပေးဆပ်ရတာ ဇေယျာသော်ကြောင့်သေဆုံး ဘဝပျက်ခဲ့ရတာမနည်းဘူး ဒါကိုဦးတည်ရေးရင် အဆဲခံရမှာစိုးလို့ ကျားဖြန့်ကိစ္စတွေ စီးပွါးရေးကိစ္စတွေကို ထည့်ပြီးမဟုတ်မမှန်ရေးထားတာပဲ
2026-07-11 11:27:12
4
Yo, ❣️❣️❣️.Ko :
အော်။ ဒင်းတို့သတင်းဌါနကိုလည်း သနားမိတယ်။သက်သေမရှိ ဘာမရှိနဲ့ကွယ်
စားစရာမရှိတော့ရင်လည်း
မင်းတို့မေမေကို ရှာခိုင်းလိုက်လေနော်။တစ်ဖက်လူကို မနစ်နာစေပါနဲ့
2026-07-11 03:27:32
11
kophyo :
@kophyo: @kophyo: ခု Post တင်တဲ့ကောင်း မင်းသိအောင်တစ်ခုတော့ပြောမယ်မင်းဘဝမှာ ထမင်း တစ်လုတ်စားဖို့အတွက် အဲ့လောက်တောင် စောက်လုပ်ရှာနေလာ မဟုတ်တာ အဟုတ်လုပ်ပြီး ဇာတ်လမ်းထွင်ပြော ငါကတော့ မင်းလို စောက်ဆံရလို့ပြောတာမဟုတ်သလို ဘောလဲမ မ ဘူး အေမဟုတ်တာကိုတော့မဟုတ်ကြောင်း ငါ့ အသက်နဲ့ လဲပြီးအာမခံ ရဲတယ်ကွ မင်းရော မင်းစကားတွက် စောက်ဆံရ တာကလွဲလို့ ဘာအာမခံရဲဲလဲ
2026-07-12 19:03:51
0
Nyein Zaw :
စာအရှည်ကြီးရေးပြီး အတန်အရှည်ကြီး ရှာချင်နေတယ် $ရူး
2026-07-12 03:14:13
0
Thdne Unkd :
အရမ်းကိုသိနေတာလားသက်သေရှိရင်တိုင်လေ မရှိရင်တော့အာမချောင်နဲ့
2026-07-11 10:08:10
1
U Zin Lay :
လောကကြီက မပြီသေးပါဘူးအတုန့်အလှည်တော့ရှိစမြဲပါ ကိုယ်အလှည့်ကြရင်ခံနိုင်အောင်ကြိုးစားကြပါ
2026-07-19 14:02:24
0
ရဲကြီး :
ရုပ်ကိုကလူယုတ်မာရုပ်
2026-07-12 09:19:21
3
Soe :
ဖမ်းရမှာဘဲ အကြမ်းဘက်ကို ဖမ်းသင့် ဖမ်းရမယ် နှိမ်နှင်းသင့်ရင် နှိမ်နှင်းရမယ်
2026-07-13 02:00:29
1
Ko Aung Tun :
ကိုယ်ပြုသောက ပဲ့တင်သံကိုယ့်ထံပြန်လာပါလိမ့်မည်
2026-07-13 04:11:51
0
Tue Tue :
အဲ့တော့ မင်းသူ ဘါဖြစ်သွားလည်း
2026-07-11 04:12:55
2
Mk Km :
သခရ
2026-07-11 14:35:57
0
234234234 :
မကြာခင်အကျိုးပေးလိမ့်မည်
2026-07-19 10:00:26
0
Damatharmi :
🥰🥰🥰
2026-07-11 01:13:41
1
qi2s6qpy :
😳😳😳
2026-07-14 12:00:03
0
To see more videos from user @aira.gigi, please go to the Tikwm
homepage.