@zayartbz11: တော်လှန်ရေးရဲဘော် ၂၀ခန့် ကျဆုံးခဲ့သည့် ချောက်တိုက်ပွဲ ရုပ်သံ စစ်တပ်ဘက်က ဖြန့်ဝေလာ 11 Jul 2026 By MPA စစ်ကော်မရှင်ဘက်က တယ်လီဂရမ်တွင် တင်လာသည့် ရုပ်သံဖိုင်အရ ချောက်မြို့နှင့် ရေနံချောင်းမြို့အစပ် တောင်သာရွာနှင့် စမ်းစုရွာကြား မြေပြင်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များကို စစ်တပ်က ဒရုန်းများဖြင့် လိုက်လံတိုက်ခိုက်နေသည့် မြင်ကွင်းများ ပါဝင်ပြီး အဆိုပါ ရုပ်သံမှတ်တမ်းအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက တော်လှန်ရေးရဲဘော်များအပေါ် ရိုင်းစိုင်းစွာ ဆဲဆိုအော်ဟစ်ထားသည့် အသံများလည်း ထင်ထင်ရှားရှား ပါဝင်နေသည်။ တိုက်ပွဲအပြီး စစ်ကော်မရှင်ဘက်က နယ်မြေရှင်းလင်းရာတွင် တော်လှန်ရေးရဲဘော်များ၏ ရုပ်အလောင်း ၂၀ ဦးအထိ ရှာဖွေတွေ့ရှိခဲ့ရပြီး ရိုင်ဖယ်သေနတ် ၁၉ လက်၊ စနိုက်ပါသေနတ် ၁ လက်နှင့် ကျည်ဆန်အမြောက်အမြားကို စစ်ကော်မရှင်တပ်ဖွဲ့များက သိမ်းဆည်းသွားခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်သည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ်အစပ်တွင် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒု-ရဲမှူးကြီး ကျော်သူ ဦးစီးသော စစ်ကော်မရှင်၏ ရဲကွန်မန်ဒို တပ်ခွဲ (၁) စစ်ကြောင်းသည် တောင်သာရွာနှင့် စမ်းစုရွာဝန်းကျင်သို့ နယ်မြေရှင်းလင်းရေးအကြောင်းပြကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ စစ်ကြောင်းထိုးလာစဉ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မကွေးခရိုင် PDF တပ်ရင်း (၃) က ကင်းထောက်သိရှိပြီး ဒရုန်းများဖြင့် အရင်ဆုံး သွားရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်ခဲ့ရခြင်း ဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်က ဒရုန်းဖြင့် စတင်တိုက်ခိုက်လာချိန်တွင် ရဲကွန်မန်ဒိုစစ်ကြောင်းဘက်ကလည်း တော်လှန်ရေးရဲဘော်များ လှုပ်ရှားရာနေရာများကို ဒရုန်းဖြင့် ပြန်လည်ကင်းထောက်ခဲ့ပြီး စစ်ကြောင်းများ ဖြန့်ခွဲကာ လမ်းကြောင်းအားလုံးကို ဝိုင်းဝန်းပိတ်ဆို့ပြီး အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးရဲဘော်များဘက်က ခုခံရင်း အပြင်းအထန် အထိနာသွားခဲ့ရခြင်း ဖြစ်သည်။ @ZayarTBZ 7 News @ZayarTBZ 7.1News🍉 #zayartbz #ဒေသသတင်းရင်းမြစ် #ပြည်သူများဘေးကင်းကြပါစေ #မြန်မာသတင်း #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး
ZayarTBZ 11 News
Region: TH
Saturday 11 July 2026 02:40:47 GMT
Music
Download
Comments
အလွမ်းလူသား :
ok
2026-07-11 03:48:08
64
★𝐁𝐫𝐚𝐯𝐨 𝐋𝐞𝐨★ :
2026-07-11 04:56:11
14
Moe Moe :
2026-07-11 04:21:14
7
Htet Myat :
2026-07-11 04:42:35
2
Mr. Sai :
2026-07-11 04:11:47
4
AOG彡KUMA×尺 :
2026-07-11 05:47:22
3
Alexander :
2026-07-11 04:00:01
23
Rose :
2026-07-11 03:56:59
8
uchihaitachi :
ဪ
2026-07-11 04:49:11
5
ငါ့အတွက်ငါရှိတယ် :
2026-07-11 04:46:41
2
To see more videos from user @zayartbz11, please go to the Tikwm
homepage.