@umoe250: တချို့လူတွေက... ​"ဒီတခါလေးပါ..." "မသိလောက်ဘူး..." "အဆင်ပြေသွားမှာပါ.." ​ဆိုပြီး မုသားလေးတခွန်းကို အလွယ်တကူ ပြောတတ်ကြတယ်။ 🤔 ​ဒါပေမဲ့… လူတယောက်ရဲ့ နှလုံးသားထဲမှာ ယုံကြည်မှုဆိုတာ အုတ်တလုံးချင်းစီနဲ့ တည်ဆောက်ထားတဲ့ အိမ်လေးတလုံးလိုပါပဲ။ 🏠 ​တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပေမယ့်... ဖြိုဖျက်ဖို့တော့ စက္ကန့်ပိုင်းပဲ လိုတယ်။ ​လိမ်ညာမှုတခုဟာ စကားတခွန်းထက် ပိုပါတယ်။ အဲဒါဟာ... "ငါ့ကို မယုံနဲ့တော့" ဆိုတဲ့ အဓိပ္ပါယ်ကို တိတ်တိတ်လေး ပြောလိုက်တာနဲ့ တူပါတယ်။ ​တခါလိမ်ရင် ခွင့်လွှတ်နိုင်သေးတယ်။ နှစ်ခါလိမ်ရင် သံသယဝင်လာတယ်။ အကြိမ်ကြိမ် လိမ်လာတဲ့အခါ... ချစ်ခြင်းတွေ၊ သံယောဇဉ်တွေ၊ ယုံကြည်မှုတွေဟာ တဖြည်းဖြည်း ပြိုကွဲသွားတော့တယ်။ 💔 ​နာကျင်စရာအကောင်းဆုံးက... တနေ့ ကိုယ်အမှန်တရားကို ပြောတဲ့အချိန်မှာတောင် ဘယ်သူမှ မယုံတော့တဲ့ အခြေအနေကို ရောက်သွားခြင်းပဲ။ ​လူတွေဟာ အမှားလုပ်မိလို့ မခွဲခွာကြတာ မမဟုတ်ဘူး… လိမ်ညာမှုတွေကြောင့် ယုံကြည်မှု ပျောက်ဆုံးသွားလို့ ခွဲခွာကြတာပါ။ 🚶‍♂️ ​မြန်မာပြည်ရဲ့ လူအများစုရဲ့ စရိုက်က အဓိက လိမ်ညာခြင်းပါဘဲ။ လူမှုရေးနယ်ပယ်၊ ဘာသာရေးနယ်ပယ်၊ လုပ်ငန်းခွင်မှာ နေ့စဉ်စရိုက်တခုလိုဖြစ်နေပါပြီ။ နိမ့်ချမှုတွေ၊ ဝန်ခံမှုတွေ၊ တာဝန်ယူတတ်မှုတွေဆိုတာ လွယ်သယောင်ရှိပေမယ့် တကယ်တော့ သတ္တိလိုအပ်နေတယ်။ မသိရင် မသိဘူး၊ မရရင် မရဘူး၊ မတတ်ရင် မတတ်ဘူး ဆိုတာ တော်ရုံမပြောတတ်ကြပါဘူး။ ​ဟန်ဆောင်မှု၊ လိမ်ညာမှုကနေ မာနတွေ၊ သိက္ခာတွေရှိတယ်လို့ ခံယူနေကြသလားလို့တောင် မှတ်ယူရတယ်။ ကိုယ်မသိမတတ် မကျွမ်းကျင်တဲ့နယ်ပယ်မှာ လိမ်ညာမှုမပါတဲ့ "မသိဘူး၊ မတတ်ဘူး" ဆိုတာကို ရိုးရိုးလေးပြောရဲတဲ့ သတ္တိမွေးဖို့ ကြိုးစားကြရဦးမယ်။ 💪 ​ဒါကြောင့်... ခဏတာ အကျိုးအမြတ်တခုအတွက် ဘဝတသက်လုံး တန်ဖိုးရှိတဲ့ ယုံကြည်မှုကို မလဲလှယ်လိုက်ပါနဲ့။ ❌ ​အမှန်တရားက တခါတလေ ခါးသီးနိုင်တယ်... ဒါပေမဲ့ ရိုးသားခြင်းကတော့ ဘယ်တော့မှ ရှက်စရာ မဖြစ်ဘူး။ ​ဘဝရဲ့ဖြစ်တည်မှုအချို့တွေက သင်ယူရတာမျိုးထက် ပြုပြင်ပြောင်းလဲတာမျိုးက ပိုပြီး လူသားပိုဆန်စေပါတယ်။ 🌱 ​"လိမ်တာများရင် လူမပြောနဲ့.. ကြိုးတောင် ပြတ်တတ်တယ်" ​ယုံကြည်မှု ပြတ်သွားတဲ့အခါ... ပြန်ဆက်လို့ ရပေမယ့် အရင်လို ဘယ်တော့မှ မခိုင်မာတော့ဘူး...။ 🧵 #foryou

🥀𝕸𝖎𝖓 𝕶𝖍𝖆𝖓𝖙🖤{ စာတို }
🥀𝕸𝖎𝖓 𝕶𝖍𝖆𝖓𝖙🖤{ စာတို }
Open In TikTok:
Region: MM
Saturday 11 July 2026 13:07:39 GMT
54981
6096
100
645

Music

Download

Comments

zin.gyi4152
❤️ :
ဗျို့ဆရာစာလေးလင်ပါအုံဗျ😳😳😳🌹🌹
2026-09-23 12:45:04
1
user2613629188259
Aye Aye Thein :
မှန်တယ်ရှင့်🥰🥰🥰
2026-07-13 23:11:21
2
koko.minthu4
Koko Minthu :
မှန်တာပေါ့လိမ်တ့ဲသူကပေါ့ပေါ့ပါးပါးလေးဘဲခံရသူကတသ်မကျေဘဲမသ်ိလောက်ဘာဘူးဆိုပြီးအဲလူကတော်တော်အရှက်တရားအကြောက်မရှိတာအ့ံအောမိ
2026-08-03 03:16:26
1
moe.htet2310
Moe Htet :
ကြိုးဆိုတာအစထဲကခိုင်မှာမူအတွက်လိမ်လည်ပြီးဖြစ်လာတဲ့ကြိုးလေဆွေးသွားရင်တော့ပျက်မှာပေါ့ပျက်ချင်းပျက် မလိုအပ်လို့ဖျက်လိုက်တာကြီးပါပဲ လိုအပ်လာတဲ့အချိန်ကျအဲ့ကြိုးရဲတန်ဖိုးကိုသိမှာပါ
2026-08-25 15:21:56
1
ko.kyaw.moe042
09 262 952 452 :
ပုံလေးကူးယူ ပြန်တင်ခွင့်ပြုပါဆရာ🙏🙏🙏🙏🙏
2026-08-12 01:55:37
1
ayeayecho6899
Cho :
2026-07-11 14:03:32
2
yiwai105
Yi Wai :
မှားနေတယ် ဆွဲထားလိုပြတ်တာကြိုးက တစ်ခုတော်ရှိတယ်လူတွေကပိုနာကျင်တာမတူနော်😎😎
2026-08-05 08:18:42
0
hnin.wai9036
🇲🇲꧁Qยєєภ꧂ 🇸🇬 :
ယူသုံးမယ်နော်🥰
2026-09-10 05:41:59
0
..chit16
လရောင်အောက်က ငါချေလှမ်း @.Chit :
👍👍👍👍😊
2026-08-25 06:04:18
1
tin.tin.moe79
🌻Tin Tin Moe 🌻 :
2026-07-12 00:16:39
2
tkoko2421
@◥ေနာင့်꧂ချို့◤သား-(✰⚡💥💯ᥫ᭡ :
အဲ့လိုတမျှင့်ထဲကျန်နေရင်တောင့်သူမထားမသွားဖိုဆိုရင်ဆတ်လိမ်နေရအုံးမာဘဲသိလား
2026-09-02 05:46:30
1
phyo.wai.soe1990
phyo wai soe :
ဟုတ်တယ်ဗျာ🥰🥰
2026-09-12 07:18:35
0
soe.gyi1380
လောကကြီးကိုစိတ်ကုန်နေပြီ :
မှန်တယ်ဗျာ
2026-09-07 22:52:02
0
user7748199457861
Yin Yin :
ဒါပေါ့ အရမ်းမှန်
2026-10-02 12:53:31
0
kikpop205
Mg Min min :
အားရပါးရ
2026-09-01 07:46:50
0
user2819725953836
ပင် လယ် ထဲက အော် သံ :
မှန်တယ်👍👍👍
2026-08-28 13:27:31
0
ayethuzar1995
🇳🇱နော်သူဇာ🇳🇱 :
ဆရာပျော်ရွင်ပါစေနော်
2026-07-16 08:21:41
0
khay198481
khay198481 :
စသားအရမ်းမှန်တယ်
2026-09-09 02:03:08
0
mgmyatthu.mgmyatt
MgMyatThu mgmyatthu :
ဟုတ်တယ် ဟုတ်
2026-08-26 06:10:05
0
htun.zaw26
#Thein Tun kyaw# :
👍
2026-08-19 15:25:49
0
sawphyo267
Aung Phyo Thant :
မှန်သောစကားပါ
2026-09-02 15:43:03
1
moe17186
👑𝕂𝕒𝕪𝕒𝕟𝕜𝕒𝕦𝕟𝕘𝕃𝕒𝕪👑 :
မှန်တယ်
2026-08-28 05:01:48
0
md.shafe04
ချစ်ရသူလေး :
အမှန်ပဲ
2026-08-27 14:45:31
0
heinmvezsh9
သဲငယ်ရဲ့ကိုကို :
ဟုတ် တာပေါ့
2026-08-21 11:40:13
0
me.nge.lay44
မိငယ်လေး :
မှန်ပါတယ် ကွယ်☺
2026-07-13 08:23:50
0
To see more videos from user @umoe250, please go to the Tikwm homepage.

Other Videos


About