@sailay7179: #ချောက်မြို့နယ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂၀ ဦးအနက် ၁၇ ဦးဟာ စာသင်ကျောင်းအတွင်း နှိပ်စက်သတ်ဖြတ်ခံရခြင်းဖြစ် CJ Platform မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၂၀ ဦးအနက် ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော် ၁၇ ဦးကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက တောင်သာ (တောင်) ရွာ စာသင်ကျောင်းအတွင်းမှာ ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းပြီး အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကြောင်း အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်က ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေးရွာနဲ့ စမ်းကန်ကျေးရွာအနီးရှိ မကွေးခရိုင် အမှတ် (၃) တပ်ရင်းရဲ့ စုဖွဲ့မှုပြုလုပ်ရာ နေရာခွင်ဆီသို့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ စစ်ဦးထုပ် (Helmet) နဲ့ စစ်သုံးအသုံးအဆောင် (Equipment) အချို့ ဝတ်ဆင်ထားတာကလွဲလို့ အရပ်ဝတ်တွေကို ဝတ်ဆင်ကာ ပုံမှားရိုက် ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို အရပ်ဝတ်တွေနဲ့ ဝင်ရောက်လာခြင်းကြောင့် တော်လှန်ရေးရဲဘော်တွေက ရဲဘော်အချင်းချင်း ထင်မှတ်မှားပြီး လက်ပြနှုတ်ဆက်ခဲ့ရာမှတစ်ဆင့် အနီးကပ် ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်အုပ်စုရဲ့ အနီးကပ် ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ ဦးမှာ အခင်းဖြစ်ပွားရာ နေရာမှာတင် သေဆုံးခဲ့ရပြီး၊ ကျန်ရဲဘော် ၁၇ ဦးမှာ အရှင်ဖမ်းဆီးတာကို ခံခဲ့ရကာ ၂ ဦးပဲ လွတ်မြောက်လာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထို့နောက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အရှင်ဖမ်းဆီးရမိတဲ့ ရဲဘော် ၁၇ ဦးကို တောင်သာ (တောင်) ကျေးရွာအတွင်းရှိ စာသင်ကျောင်းဝန်းထဲဆီသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်၊ ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းပြီး အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်အုပ်စုဘက်က မနေ့က ညနေ ၃ နာရီဝန်းကျင်အချိန်မှာ သူတို့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော် ၂၀ ဦးရဲ့ ရုပ်အလောင်း ဓာတ်ပုံတွေကို သတင်းထုတ်ပြန်ခဲ့ရာမှာ ရဲဘော်အများစုဟာ ဦးခေါင်း ရှေ့၊ နောက် ပွင့်ထွက်ဒဏ်ရာတွေနဲ့ အနီးကပ် ပစ်သတ်ခံထားရတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။ သတင်းထုတ်ပြန်ချက်ပါ ရုပ်အလောင်းတွေကိုလည်း စစ်အုပ်စုဘက်က အဆိုပါ တောင်သာ (တောင်) ရွာ စာသင်ကျောင်းဝန်းထဲမှာပဲ စုပုံထားရှိကြောင်း သိရပါတယ်။ ယခုဖြစ်စဉ်အတွင်း ကျဆုံးသွားခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၂၀ ဦးမှာ မကွေးခရိုင် အမှတ် (၃) တပ်ရင်းမှ ၁၃ ဦး၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းမှ ၁ ဦးနဲ့ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ၆ ဦး ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။ ဓာတ်ပုံ - အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #CJPlatform #မကွေးတိုင်း #ချောက်မြို့နယ် #စစ်အုပ်စု၏ရက်စက်မှု $$ပြည်တွင်း🇲🇲🇲🇲ဖြစ်ကို?။အားပေးပါ@@🇲🇲🇲🇲🙏🙏😭😭??

saiLay
saiLay
Open In TikTok:
Region: TH
Sunday 12 July 2026 00:30:14 GMT
85671
1171
52
329

Music

Download

Comments

rakash477
Ra Kash official :
ဒါမျိုးတွေမြင်ရတော့ စိတ်လုံးဝမကောင်းဘူးဗျာ ကျွန်နော်တစ်ခုပြောချင်တာကလေ ဘာလို့ စစ်ခွေးတွေကိုမိရင် ထမင်းကျွေး စစ်သုံးပန်ဆိုပြီး ဂရုဏာထားနေကြတာလဲ အဲ့ကောင်တွေလုပ်ရင်လူမဆန်စွာရက်စက်နှိပ်စက်Tတ်ဖြတ်နေတာကိုသိနေကြရဲ့သားနဲ့ ဘာလို့စစ်သုံးပန်ဆိုပြီးထားနေကြသေးတာလဲ အစဖျောက်ပစ်ကြပါသူတို့တောင် စစ်ပွဲကိုစစ်ပွဲလိုမတိုက်ပဲ လူမျိုးတုံးလူငယ်တွေမရှိရလေအောင်အညွန့်တုံးအောင်Tတ်နေတာ အဲ့ခွေးတွေမိပြီးသနားညာတာနေသ၍ကတော့ ဘယ်တော့မှအောင်မှာမဟုတ်ဘူးဆော်လှန်ရေးက ပြီးတော့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချင်းချင်းစည်းလုံးကြပါတော့ ကြီးနိူင်ငယ်ညှင်းတာတွေကိုမလုပ်ကြပါနဲ့တော့ EROတွေနဲ့ပေါင်းပြီးစည်းလုံးညီညွတ်ကြပါတော့ဗျာ ပြည်သူတစ်ယောက်အနေနဲ့တောင်းဆိုပါတယ် အဏာရှင်အမြစ်ဖြတ်ချေမှုန်းနိူင်မှ မြန်မာပြည်ကြီးအေးချမ်းမှာပါ
2026-07-14 07:34:04
10
gusion11.5
ထမင်းစားပြီပီလာ" :
2026-07-13 08:34:34
1
thetthetmaw616
thetthetmaw :
စိတ်ဆင်းရဲရပါတယ်ကွယ်
2026-07-23 15:52:42
0
user761300806
Aung Aung :
😭😭😭😭
2026-07-14 09:39:18
0
may.han.thar.khit0
👻zrm😈 :
လူသားချင်းစနာစိတ်မရှိတဲ့ကောင်တွေးကွာ🥺😭
2026-07-18 18:12:45
0
mghtun433
Mg Htun :
2026-07-14 16:11:38
0
user6195616014533
Mobyemalay :
ရင်နာဖို့ကောင်းလိုက်တာကွာ🥺🥺🥺
2026-07-21 10:19:46
0
ochi55deargod
Ochiii The God :
2026-07-13 10:36:54
0
wtf.bradley80
Andrew Nazriel :
အပြစ်မဲ့ညီငယ်လေးတွေသနားတယ်ကွာငါတအားပဲ
2026-07-14 22:53:11
0
kyawwannaaung6
BLACK K🖤(အိမ်ပြေး) :
မိန်းခလေးတွေပါ ပါတာလားကွာ 🥺🥺ဂရုစိုက်ကြပါကွာ
2026-07-16 08:39:02
0
chawsu870611
🖤Chaw Su Hlaing🖤 :
ငါတိူ့မကွေးရယ်😔😔
2026-07-14 15:27:49
0
bootcamp049
Philix :
2026-07-13 09:49:25
1
darkwing.darkwing93
🥰꧁༒༺ P ༻༒꧂🥰 :
စိတ်မကောက်းလိုက်တာဗျာကောင်းကာဘဝကိုရေက်ပါစေဗျာ😭😭😭😭😭🙏🙏🙏
2026-07-15 09:08:45
0
mr.pmk_
NT :
ဟူးး💔💔
2026-07-14 05:23:55
0
loamain07
လၢဝ်မိူင်း :
😰😰
2026-07-12 11:24:40
1
inzali0597
Htoo Lwin Ko :
😭😭😭
2026-07-12 13:41:36
1
To see more videos from user @sailay7179, please go to the Tikwm homepage.

Other Videos


About