@thehepn3: Alu #xuhuong #xuhuong #alodua123

Tội phạm tp
Tội phạm tp
Open In TikTok:
Region: VN
Saturday 11 July 2026 22:22:07 GMT
1364
46
1
9

Music

Download

Comments

_vxmah28
van manh. :
nặng
2026-07-19 12:21:19
0
To see more videos from user @thehepn3, please go to the Tikwm homepage.

Other Videos

“ဂုဏ်တော်လည်း ပွား ဂါထာလည်း ရွတ်”
“ဂုဏ်တော်လည်း ပွား ဂါထာလည်း ရွတ်” " မောင်ခင် " " ဘုရား " " မင်း ထမင်းစားသလားကွယ့် " " နေ့တိုင်း စားပါတယ်ဘုရား " " အချိုလေး အချဉ်လေးများကော မစားဘူးလား " " စားပါတယ်ဘုရား " " အချိုအချဉ်ကျတော့ ဘာတွေစားလည်း " " မှန်ပါ့ အချိုစားချင်တဲ့ခါထန်းလျက် ကြံသကာ သကြား စားပါတယ်ဘုရား အချဉ်စားလိုတဲ့ခါ သံပုရာ ရှောက်များ စားပါတယ်ဘုရား " " အေးအေး အချို၊ အချဉ်ချည်းပဲစားတော့ကော ထမင်းမစားပဲ နေနိုင်လားကွယ့် " " ထမင်းမစားပဲ မနေနိုင်ပါဘူးဘုရား " ဒီလိုပဲ မောင်ခင်... တို့ဘုရားရှင်ရဲ့ အာဏာစက်တွေက ခုထိပူပူနွေးနွေး ရှိသေးတယ် ။ ဘုရားရှင်ရဲ့ ပရိတ်တော်တွေ၊ ပဌာန်းဒေသနာတော်တွေ၊ ဓမ္မခဏ်တွေကို ထမင်းလို့မှတ်ကွယ့် ။ ရံဖန်ရံခါစားတာက အချိုအချဉ်နဲ့တူတဲ့ ဂါထာ မန္တာန်တွေ ရွတ်ကြတာနဲ့တူတယ် ။ ဂါထာမန္တာန်တွေဆိုတာ သူ့နေရာနဲ့သူ အသုံးတည့်ပေမယ့်၊ ထမင်းကို လက်လွှတ်လို့မရဘူး ။ ဟို...ဂါထာကောင်းနိုးနိုး၊ ဒီဂါထာက အစွမ်းထက် နိုးနိုးနဲ့ ရွတ်နေလို့ကော အကျိုးထူးပါ့မလားကွယ့် " မထူးပါဘူးဘုရား " ဥပမာ တစ်ခုပြောပြမယ် … တစ်ခါက ခရီးသွားတစ်ယောက်ဟာ ရေမွတ်သိပ်လာလို့၊ ရေရရှိနိုင်မဲ့ နေရာ တွေကို တူးသတဲ့၊ တွင်းတွေသာ တစ်တွင်းပီး တစ်တွင်းများလာတယ် ဘယ်တွင်းကမှ ရေမရဘူးကွယ့် ။ ဒီလိုနဲ့ လက်မှိုင်ချနေတုန်း လူတစ်ယောက် ရောက်လာပီး သည်လိုတူးနေလို့တော့သည်တစ်သက် ရေသောက်ရမှာ မဟုတ်ဘူး ။ တူးလက်စ တွင်းတွေထဲက အနက်ဆုံးတွင်းကို ရှာပီးဆက်တူးပါလို့ ပြောပီးထွက်သွားသတဲ့ ။ ဒီတော့မှ ဟုတ်သားပဲဆိုပီး သူတူးထားတဲ့တွင်း တွေထဲက အနက်ဆုံးတွင်းကို ဆက်တူးလိုက်တဲ့ ခါကျတော့မှ ရေကြည်တွေ ထွက်လာတယ်တဲ့။ အေး … အဲသည်လိုပဲ ဂါထာတွေရွတ်တဲ့အခါ မှာလည်း ကိုယ့်စိတ်နဲ့ တစ်ထပ်ထဲကျတဲ့ဂါထာကို ထုံနေအောင် စွဲစွဲ မြဲမြဲ ရွတ်ရတယ်ကွယ့် ။ ဘယ်အရာမဆို ထက်သန်တဲ့ ဇွဲလုံးလနဲ့၊တစိုက်မတ်မတ်လုပ်မှ၊ ရေတွင်းတူးသမားလိုရေကြည် သောက်ရမယ်ဆိုတာ မှတ်ထားကွယ့်။ တို့ဘုရားအာဏာစက်က ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်ဆိုတဲ့ စကြာဝဠာကုဋေတစ်သိန်းမှာ ခုထိပျံ့နှံ့နေဆဲကွယ့်၊ ပရိတ်တော်တွေမဆိုထားနဲ့ ၊ ဘုရားရှင်ရဲ့ဒေသနာတွေတောင် အစွမ်းထက် တာကလား၊ (ကပ္ပိယံ ကရောဟိ)မျှပင် ဥာဏ်ရှိသလိုသုံးကြည့် အလွန်အသုံးတည့်တာ တွေ့လိမ့်မယ် ။ အေးအေး ဘာတွေပဲစားစား၊ ထမင်းကိုတော့ လက်မလွှတ်နဲ့ကွယ့် ကြားလား ။ " မှန်ပါ့ လိုက်နာမှတ်သားပါ့မယ်ဘုရား " .🙏🙏🙏 လယ်တီဆရာတော်ကြီး

About