@day.news6: တိုင်ဖုန်းမုန်တိုင်း ဘာဗီကြောင့် တရုတ်အပြင် ထိုင်ဝမ်တွင်လည်း ဒဏ်ရာရသူ ၃၆ ဦး ရှိ၊ မုန်တိုင်း အဖျားခတ်မှု =================== ထိုင်ဝမ်နိုင်ငံနား ဖြတ်သန်းသည့် တိုင်ဖုန်းမုန်တိုင်း ဘာဗီသည် ဇူလိုင် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် မုန်တိုင်းအဝန်းအဝိုင်းက ထိုင်ဝမ်အရှေ့မြောက်ဖျားကို ရိုက်ခတ်ရာတွင် လူ ၃၆ ဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရမှု ရှိခဲ့သည်။ မုန်တိုင်းဗဟိုချက်သည် စနေနေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအတွင်း ထိုင်ဝမ်နှင့် အနီးဆုံးသို့ ရောက်ရှိလာပြီး စနေနေ့ ညနက်ပိုင်း သို့မဟုတ် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ထိုင်ဝမ်ကျွန်းသည် မုန်တိုင်း၏ လေပြင်းမုန်တိုင်း အဝန်းအဝိုင်းအတွင်းမှ လွတ်မြောက်မည်ဟု ဗဟိုမိုးလေဝသဌာန (CWA) က ထုတ်ပြန်ထားသည်။ မုန်တိုင်းက အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေပြီး၊ စနေနေ့ နေ့လယ်မှ ညအထိ ထိုင်ဝမ်နှင့် အနီးဆုံး ဖြစ်လာမည်ဟု CWA မှ ခန့်မှန်းသူ လင်ပိုတုံက ဆိုသည်။ မုန်တိုင်း၏ အဓိက သက်ရောက်မှုကို စနေနံနက်မှ နေ့လယ်ပိုင်းအထိ ခံစားရမည်ဖြစ်ကြောင်း သူက ပြောသည်။ ထိုင်ဝမ်မြောက်ပိုင်း တောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ယိလန်ခရိုင်တွင် မိုးရေချိန် ၂၄၇ ဒသမ ၅ မီလီမီတာအထိ အများဆုံး စံချိန်တင်ထားသည်။ နယူးတိုင်ပေ၊ တာအိုယွမ်နှင့် ရှင်းကျူခရိုင် တို့အပါအဝင် နေရာအများအပြားအတွက် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက်များ မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ မြေပြိုမှုအန္တရာယ် ရှိနိုင်သည့် နေရာ ၁၈၀ ကျော်ကိုလည်း အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ မုန်တိုင်း ဘာဗီကြောင့် စနေနံနက် ၈ နာရီအထိ ဒဏ်ရာရရှိသူ စုစုပေါင်း ၃၆ ဦး ရှိခဲ့ကြောင်း ဗဟို အရေးပေါ် စီမံခန့်ခွဲရေး စင်တာ (CEOC) က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ ဒဏ်ရာရသူအများစုမှာ စက်ဘီးစီးရင်း မတော်တဆ ဖြစ်ပွားခြင်း၊ ဘေးအန္တရာယ် ပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ရင်း ဒဏ်ရာရခြင်း၊ ကျရောက်လာသော အရာဝတ္ထုများကြောင့် ဒဏ်ရာရခြင်း စသည်တို့ ဖြစ်ပြီး ဒဏ်ရာများမှာ ပေါ့ပါးသော အဆင့်သာ ရှိကြောင်း သိရပြီး အသေအပျောက် မရှိပေ။ ဘေးကင်းရာ ရွှေ့ပြောင်းထားသူ စုစုပေါင်း ၁၄,၂၁၀ ဦး ရှိပြီး ဟွာလင်ခရိုင်တွင် အများဆုံးဖြစ်ကာ ၅,၁၆၇ ဦး ရှိသည်။ လျှပ်စစ်မီး ပြတ်တောက်နေသည့် အိမ်ထောင်စု အရေအတွက်မှာ ခန့်မှန်း ၂၇,၀၀၀ ရှိနေဆဲ ဖြစ်ပြီး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသည်။ စနေနံနက် ၇ နာရီအချိန်တွင် မုန်တိုင်းဗဟိုချက်သည် တိုင်ပေမြို့မှ အရှေ့ဘက် ၃၃၀ ကီလိုမီတာ အကွာတွင် ရှိနေပြီး တနာရီလျှင် ၂၇ ကီလိုမီတာ အလျင်ဖြင့် အနောက်မြောက်ဘက်သို့ ရွေ့နေကြောင်း CWA က အတည်ပြုခဲ့သည်။ မုန်တိုင်း ဗဟိုတွင် လေတိုက်နှုန်း အများဆုံး ၁၄၄ ကီလိုမီတာ ရှိပြီး အရှိန်ပြင်းလေများမှာ ကီလိုမီတာ ၁၈၀ အထိ ရောက်ရှိနိုင်သည်။ လေတိုက်နှုန်း ၅၀ မှ ၆၁ ကီလိုမီတာ ရှိသည့် မုန်တိုင်း၏ လွှမ်းမိုးဧရိယာသည် ယမန်နေ့က ၃၈၀ ကီလိုမီတာမှ ယနေ့ ၃၅၀ ကီလိုမီတာ အထိ ကျုံ့လာခဲ့သော်လည်း ထိုင်ဝမ်တဝန်း လေပြင်းတိုက်ခိုက်ခြင်းများနှင့် မိုးသည်းထန်ခြင်းများ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဟု ခန့်မှန်းထားသည်။ အရှေ့ဘက် နှင့် မြောက်ဘက် ကမ်းရိုးတန်း နယ်မြေများ၊ မတ်စု ကျွန်းစုများတွင် လှိုင်းကြီးနိုင်၍ ကမ်းခြေမှ ဝေးဝေး နေရန် ဒေသခံများကို CEOC က တိုက်တွန်းထားသည်။ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့် တောင်တန်း နယ်မြေများတွင် အဆိုးဆုံး မိုးရွာနိုင်ပြီး ရုတ်တရက် ရေကြီးခြင်း နှင့် ရေလျှံခြင်း အန္တရာယ်များ ရှိနေသည်။ ပြည်ထဲရေးဝန်ကြီး လျူရှီဖန် က မြေပြိုခြင်း၊ ကျောက်တုံးများ ပြုတ်ကျခြင်းနှင့် ရုတ်တရက် ရေကြီးခြင်း အန္တရာယ်များကို ဆက်လက် သတိထားရန် တိုက်တွန်းပြီး ကမ်းရိုးတန်း နယ်မြေများတွင် ကမ်းခြေ စောင့်ကြပ်ရေး လုပ်ငန်းများ အားကောင်းအောင် ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။ Video- ထိုင်ဝမ်၊ Hsinchu County ၊ Zhubei မြို့ ရှိ Tofu Rock ၏ လက်ရှိမြင်ကွင်းများ၊ ဘာဗီမုန်တိုင်း ဒေသကို ဆက်လက်သက်ရောက်နေဆဲဖြစ်သည်။ #တရုတ် #china #တိုင်ဖုန်းမုန်တိုင်းဘာဗီ #ရေကြီးမြေပြိုခြင်း #ထိုင်ဝမ်
DAY NEWs
Region: TH
Sunday 12 July 2026 05:00:33 GMT
Music
Download
Comments
May Li Oo :
God bless you all 🙏🙏🙏
2026-07-12 05:07:08
1
Khin Kyi Than :
ဘေးရန်ကင်းရှင်းကြပါစေ
သတ္တဝါတွေကျန်းမာချမ်းသာကြပါစေ
🙏🙏🙏🍀🌿
2026-07-12 12:13:05
8
Htwe Htwe :
ဘာမှမဖစ်ပါစေနဲ့ဘုရား
2026-07-12 05:10:04
7
Nay & Yu :
woo
2026-07-12 05:38:55
1
EVERY DAY EVERY TIME EVER 😊 :
အားလုံးဘေးရန်ကင်းကြပါစေ🙏🙏🙏🙏🙏
2026-07-12 13:55:18
1
🇯🇵 japan🇯🇵thar Oo🇯🇵 :
ကံကောင်းကြပါစေ
2026-07-12 09:57:26
2
S🌞 :
🙏🙏🙏ဘေးကင်းပါစေ
2026-07-12 08:04:48
1
😘မောင့်ကို့မေကပိုချစ်တယ်🤟 :
ဘုရားဘုရားဘုရား🙏
2026-07-12 10:01:06
1
8/TMMH :
ဘေးရန်ကင်းကြပါစေ🙏🙏🙏
2026-07-12 15:48:41
0
🆆🅰🆃🅴🆁 🅼🅴🅻🅾🅽 :
အားလုံးကံကောင်းကြပါစေ
2026-07-12 14:16:13
0
Mike Mike :
🙏
2026-07-12 05:40:09
1
user142425619412 :
ဘုရားဘုရားဘုရားဘေးအန္တရယ်ကင်းကျပါစေ🙏🙏🙏🙏🙏
2026-07-12 13:58:55
1
maung chit thae lay :
အဆင်မပြေနှုကနေကင်းဝေးကြပါစေ
2026-07-12 05:36:52
1
user1787291277125 :
ဘေးကင်းကြပါစေ
2026-07-12 05:09:16
1
Lamin Khin 2 :
အားလုံးဘေးရန်ကင်းကြပါစေရှင်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-12 15:50:53
0
KHIN hnin :
ဘေးကင်းကြပါစေ🙏🙏🙏🙏🙏
2026-07-12 16:08:17
0
May Oo Moe :
လူများအားလုံးဘေးကင်းကြပါစေ
2026-07-12 15:54:42
0
user61206902310 :
ကြောက်စရာ
2026-07-12 15:26:00
0
Thaw Thaw :
ဘေးကင်းကြပါစေ🙏🙏🙏🙏🙏
2026-07-12 15:26:39
0
War War :
ဘုရားဘုရားဘုရားအသက်ဘေးမှ့ကင်းဝေးကြပါစေ
2026-07-12 14:43:06
0
mygoldsaw :
Need to wait for 40 days & 40 nights
2026-07-12 05:12:19
0
To see more videos from user @day.news6, please go to the Tikwm
homepage.