@mr_frost.xyz: ‎နောက်ဆုံးအနေနဲ့ ပြောချင်တာ ‎တစ်ခုပဲရှိတယ် မင်းပျော်ရွှင်ပါစေ ...... ‎ငါ့ဘေးမှာ မဟုတ်ပေမယ့်လည်း ‎ပျော်ရွှင်နေနိုင်ပါစေ တစ်ချိန်က ... ‎မင်းရဲ့ပျော်ရွှင်မှုအတွက် ငါကြိုးစားခဲ့ဖူးတယ် ‎မင်းရဲ့အပြုံးတစ်ချက်အတွက် ‎ငါ့မာနတွေချခဲ့ဖူးတယ် ..... ‎မင်းစိတ်မကောင်းဖြစ်တဲ့နေ့တွေမှာ ‎ကိုယ့်ရင်ထဲနာနာနဲ့တောင် ‎မင်းကို သက်သာစေချင်ခဲ့တယ် ‎မင်းရွေးချယ်သွားတဲ့လမ်းမှာ ‎ငါမပါသလို ဖြစ်သွားတာကို လက်ခံရတာ ‎အလွန်နာကျင်ခဲ့တယ် ‎ဒါပေမယ့် .....အချစ်ဆိုတာ ‎ပိုင်ဆိုင်ခြင်းမဟုတ်ဘူးဆိုတာကိုလည်း ‎နားလည်လာခဲ့တယ် ချစ်ရင်လွှတ်ပေးရတယ်လို့ ‎ဆိုကြသလိုပဲ… ငါလည်း မင်းကို ‎လွှတ်ပေးလိုက်ပါတယ် ... ‎နောက်ထပ်တစ်ခါ မင်းဘဝထဲ ‎ဝင်လာခွင့်မရှိတော့ဘူးဆိုရင်တောင် ‎ငါ့ဆုတောင်းကတော့ မပြောင်းလဲပါဘူး ‎မင်းရဲ့မနက်ခင်းတွေ အလင်းရောင်နဲ့ပြည့်စုံပါစေ ‎မင်းရဲ့ညတွေ မျက်ရည်မပါဘဲ အိပ်ပျော်နိုင်ပါစေ ‎မင်းဘေးမှာ ရှိမယ့်သူက မင်းကို ‎ငါထက်ပိုနားလည်ပြီး ပိုချစ်နိုင်ပါစေ....... ‎ငါ့အတွက်တော့ ဒီအချစ်ဟာ ‎သင်ခန်းစာတစ်ခုဖြစ်သွားပြီ ‎မင်းကိုချစ်ခဲ့တဲ့အချိန်တွေမှာ နောင်တမရှိဘူး ‎နာကျင်ခဲ့ရပေမယ့် အမှတ်တရတွေကိုတော့ ‎အပြစ်မတင်ဘူး ငါ့စကားတွေကို ‎ဥပေက္ခာပြုခဲ့တဲ့ မင်းကိုလဲ မမုန်းရက်ခဲ့ဘူး .... ‎တစ်နေ့နေ့မှာ ပြန်ဆုံဖြစ်ခဲ့ရင် ‎မျက်နှာချင်းဆိုင်ပြီး ပြုံးနိုင်တဲ့အရင်းနှီးဆုံး ‎လူနှစ်ယောက်လို ဖြစ်နေပါစေ အမုန်းမရှိဘဲ… ‎အပြစ်မတင်ဘဲ… တိတ်တိတ်လေး ‎ကျော်ဖြတ်နိုင်ပါစေ နောက်ဆုံးအနေနဲ့… ‎မင်းဘဝထဲမှာ ငါမပါသွားတာအတွက် ‎စိတ်မကောင်းဘူးလို့ မပြောတော့ပါဘူး.... ‎ငါ့ဘဝထဲ မင်းဝင်လာခဲ့တာကိုပဲ အမြဲပြောနေကြ ‎ကျေးဇူးတင်ပါတယ် ပြီးတော့… ‎နောက်ဆုံးအနေနဲ့ ပျော်ရွှင်ပါစေ ‎ငါမရှိတဲ့ကမ္ဘာထဲမှာတောင် ‎မင်းအတွက် အချစ်တွေ ပြည့်နှက်နေပါစေ ....💔 #fypシ #sadfeeling #foryou #brokenheart

Wαѕтє∂ Pяσмιѕєѕ🖤
Wαѕтє∂ Pяσмιѕєѕ🖤
Open In TikTok:
Region: MM
Sunday 12 July 2026 07:08:50 GMT
10393
209
4
20

Music

Download

Comments

a.w.t89
🖤Žaphîřà🖤 :
copy ချပေးပါလား
2026-07-13 06:55:44
1
lichang330
JENETTY💜🤍 :
စာလေးယူသုံးပါရစေနော် ❤️❤️❤️
2026-07-12 15:15:51
1
To see more videos from user @mr_frost.xyz, please go to the Tikwm homepage.

Other Videos


About