@yong111002: တဖြေးဖြေး ကိုယ့်ဘက်က လက်လျှော့ချင်နေခဲ့ပြီ။ ဒါဟာအကြောင်းမဲ့သက်သက် ဖြစ်လာတာတော့မဟုတ်ဘူး။ အများကြီးငိုခဲ့ပြီးနောက်၊အများကြီးဖြည့်တွေးခဲ့၊နားလည်ခဲ့ပြီးနောက်မှာ စတင်ပေါ်လာတဲ့အတွေးတွေပဲ။ ဘေးလူတွေလဲပြောတယ်၊ကိုယ်တိုင်လဲ သိခဲ့တယ်။ ဒီအချစ်ရေးဟာ မှားယွင်းနေပြီဆိုတာ... ကိစ္စသေးသေးလေးကိုအကြောင်းပြုပြီး အဆက်သွယ်ဖြတ်ခံရဝာာတွေ၊ ရန်သူတွေမဟုတ်ပါပဲ အနိုင်အရှုံးနဲ့မာနကို အလေးပေးခဲ့ဝာာတွေ၊ ကိုယ့်ဘက်က မပျက်မကွက်ချစ်ပေးနေခဲ့ပါလျက် သူ့ဘက်က ပြောင်းလဲလာတဲ့ အေးစက်မှုတွေကြောင့်။ တခါဝေးတိုင်း တခါတွေးတယ်။ ငါဘယ်လောက်ထိ သည်းခံနိုင်မလဲပေါ့။ တခါဝေးတိုင်း ထပ်ပြီးတွေးတယ်။ ဒီလိုလူကို ငါလက်တွဲနိုင်ပါ့မလားပေါ့။ တခါလာချော့တိုင်း တခါတွေးပြန်တယ်။ ဘယ်အချိန်မှာ ဒီသံသရာထဲကရုန်းထွက်နိုင်ပါ့မလဲပေါ့။ ကိုယ့်ဘက်ကဝောာ့ အချစ်မလျော့ခဲ့ပါဘူး။ သို့ပေမဲ့ ဦးနှောက်ရဲ့ပြောစကားကိုတော့ လျစ်လျူ မရှုဖြစ်ဝောာ့ဘူး။ နှလုံးသားက နာပေမဲ့ ငါတို့ဟာ မဖြစ်သင့်တော့မှန်း လက်ခံချင်လာတယ်။ဒါကြောင့်ပဲ တဖြေးဖြေးလက်လျှော့ချင်လာတယ်။ ဒီလိုလက်လျှော့လိုက်ဝာာဟာ အန္တရာယ်တော့ရှိတယ်။ လုံးဝလက်လျှော့နိုင်ရင် လုံးဝဝေးသွားမှာပဲ။ ရင်နာပေမဲ့ ချစ်နေရင်းနဲ့ပဲ လက်လျှော့ခဲ့ရတယ်....။#crdtoownerwithrespect #fyp #tiktokviral #yong #tiktok
Yong🧸⚖️
Region: TH
Sunday 12 July 2026 07:50:53 GMT
Music
Download
Comments
Mi Ei🌸💚🌸 :
စာလေးcopyယူပါရစေ🙇
2026-08-29 17:05:25
0
❤️🩹💞 Pĥyŭ Myat 💞❤️🩹 :
စာသားလေး ယူပါရစေ
2026-08-01 12:10:52
1
Mee Lay ✝👸♍ :
ထပ်တူပါပဲ မို့ဖိုက်တင်းပါကောင်မလေးရေ
2026-07-15 02:56:34
1
王雨腥🎀🧸 :
လက်လျှော့ချင်ပေမယ့်ကြည့်ရတဲ့မျက်နာတွေကများတော့ခုထိရုန်းမထွက်နိုင်သေးဘူးအက်ခံစားချက်ကိုကောင်းကောင်းလေးနားလည်တယ်ကောင်မလေးယေ❤️🩹🥀
2026-08-15 22:06:24
1
T :
ချစ်ရင် အထိခိုက်မခံရဘူးလေ သူတို့ချစ်တဲ့အချစ်က ဘယ်လိုမျိုးလဲ နားလည်ဖို့ကြိုးစားရင်း နားမလည်နိုင်တော့ဘူး
2026-07-13 03:42:24
2
Thaw Thaw :
ခုဖြစ်နေတာနဲ့တထပ်ထဲပဲ🥺🥺🥺
2026-08-17 17:00:20
1
To see more videos from user @yong111002, please go to the Tikwm
homepage.