@ahtoo.officialsinbyugyun: "ရှင်ပင်ဘုန်းပွင့်ဘုရားကြီး သမိုင်းကြောင်းနှင့် အမှတ်တရများ" ရေးသားသူ - ဧထူး (ဆင်ဖြူကျွန်း) မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့တွင် တန်ခိုးကြီး၍ အလွန်သပ္ပာယ်လှသော "ရှင်ပင်ဘုန်းပွင့်ဘုရားကြီး" မြတ်စွာဘုရားသည် ကိန်းဝပ်စံပယ်တော်မူပါသည်။ ဒီစေတီတော်မြတ်ကြီးသည် ဆင်ဖြူကျွန်းမြို့၏ ထင်ရှားကျော်ကြားလှသော "မင်းဘုရားခြောက်ဆူ" အနက် အဓိကပါဝင်သော ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူ ဖြစ်ပေသည်။ တည်နေရာနှင့် ပတ်ဝန်းကျင်အလှ ရှင်ပင်ဘုန်းပွင့်ဘုရားကြီးသည် ဆင်ဖြူကျွန်းမြို့၏ အမျိုးသားကျောင်းတော်ကြီးလမ်းနှင့် ရှင်ပင်ဘုန်းပွင့်ဘုရားလမ်း ထောင့်ဆုံရာ၊ ပိုးအရှေ့ရပ်ကွက်တွင် တည်ရှိသည်။ ဘုရားကြီး၏ ဝန်းကျင်တစ်ခွင်ကို လှည့်မျှော်ကြည့်လျှင် ရှေးဟောင်းအနုပညာလက်ရာများ ပြည့်နှက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ အရှေ့ဘက် - "မြောင်းဦးကျောင်း (ခေါ်) မြောင်းနာကျောင်း" နှင့် အထကကျောင်းကြီး (အမျိုးသားကျောင်း) အနောက်ဘက် - သမိုင်းဝင် "ရွှေတောင်ကျောင်းတော်ကြီး" တောင်ဘက် - ပိုးအရှေ့ရပ်ကွက်၏ လူနေအိမ်ခြေများ မြောက်ဘက် - ဆင်ဖြူကျွန်းနယ်သားတိုင်း အမှတ်တရကိုယ်စီဖြင့် အလွန်ချစ်ခင်မြတ်နိုးကြသော "ကန်လယ် (ခေါ်) ငါးကန်" ကြီး ဆင်ဖြူကျွန်းသားတို့၏ နွေးထွေးသော အမှတ်တရမြေ ရှင်ပင်ဘုန်းပွင့်ဘုရားကြီး၏ သမိုင်းကြောင်းအတိအကျကို ယနေ့ထက်တိုင် ရှာဖွေစုံစမ်းနေဆဲ ဖြစ်သော်လည်း ဤဘုရားကုန်းတော်မြတ်သည် ဆင်ဖြူကျွန်းနယ်သားတို့၏ နွေးထွေးလှသော အမှတ်တရများ ပြည့်နှက်ရာ အရပ်ဒေသတစ်ခု ဖြစ်သည်။ အထက်တန်းကျောင်းတော်ကြီး၏ အနီးတွင် တည်ရှိခြင်းကြောင့် ဆင်ဖြူကျွန်းကျောင်းကြီးတွင် ပညာသင်ကြားဖူးသူ ကျောင်းသား/သူဟောင်းတိုင်းအတွက် ပျော်ရွှင်စရာ၊ လွမ်းမောစရာ ကျောင်းသားဘဝ အမှတ်တရရိပ်မြုံလေး ဖြစ်ခဲ့ပေလိမ့်မည်။ မေတ္တာမြေမှသည် လွမ်းစေတီတော်ဆီသို့ (ပါးစပ်ရာဇဝင် သမိုင်းကား) ရှေးယခင်ခေတ်က (ပထမအင်းဝခေတ်လား၊ ဒုတိယခေတ်လား တိကျသော သမိုင်းအထောက်အထားမတွေ့ရ) အင်းဝမင်းသားတစ်ပါးသည် စစ်ဘေးရှောင်ရင်း ဆင်ဖြူကျွန်းသို့ ရောက်ရှိလာစဉ် ချောမောလှပသော ဆင်ဖြူကျွန်းသူလေးတစ်ဦးနှင့် မေတ္တာမျှကာ ချစ်ကြိုက်ခဲ့ကြပြီး ဤနေရာလေးရှိ စေတီလေးတွင် ဆုံတွေ့လေ့ရှိကြသည်ဟု ဆိုသည်။ ဆုံတွေ့တိုင်းလည်း မင်းသားလေးသည် စစ်ရေးစစ်ရာ အောင်နိုင်၍ ဘုန်းကံကြီးမားပွင့်လင်းရန် ဆုတောင်းလေ့ရှိသည်။ နောင်တွင် အဆိုပါမင်းသားသည် နန်းတော်သို့ ပြန်သွားခဲ့ရပြီး ဆုတောင်းခဲ့သည့်အတိုင်း စစ်ရေးစစ်ရာ အောင်မြင်ကာ ဘုန်းကံကြီးမားသောအဆင့်သို့ ရောက်ရှိအောင်မြင်ခဲ့သည်။ သို့သော် မင်းသားလေး နန်းတော်သို့ ပြန်သွားချိန်တွင် ဆင်ဖြူကျွန်းသူလေးမှာ ထိုစေတီလေးတွင်ပင် မင်းသားလေးကို နေ့ရက်အလီလီ သစ္စာရှိရှိ မျှော်လင့်တမ်းတရင်း နောက်ဆုံးတွင် လွမ်းနာကျ ရင်ကွဲနာကျကာ အသက်သေဆုံးသွားခဲ့ရရှာသည်။ မင်းသားလေးသည် အောင်မြင်မှုများဖြင့် ဆင်ဖြူကျွန်းသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့သောအခါ မိမိ၏ချစ်သူ ဆင်ဖြူကျွန်းသူလေး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသဖြင့် ၎င်းကို အလွန်အမင်း လွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အဖြစ် ဤနေရာတွင် "လွမ်းစေတီတစ်ဆူ" တည်ထားခဲ့သည်။ ထို့အပြင် ဆုတောင်းပြည့်၍ ဘုန်းကံပွင့်စေသော စေတီတော်အား ထပ်မံပြုပြင်တည်ထားကာ "ရှင်ပင်ဘုန်းပွင့်" ဟု ဘွဲ့အမည် ဆည်းကပ်ခဲ့သည်ဟု ဆိုကြသည်။ ဘုရားဝန်းအတွင်း၌လည်း ထိုရင်ကွဲနာကျ၍ သေဆုံးသွားခဲ့ရှာသော ဆင်ဖြူကျွန်းသူလေး၏ အုတ်ဂူလေး ရှိသည်ဟု ဒေသတွင်း ဆင့်ပွားပြောဆိုကြသည့် ပါးစပ်ရာဇဝင်တစ်ခုအဖြစ်လည်း အမှတ်တရ ရှိနေပြန်သည်။ (တေးရေးတေးဆို အသံဇာတ်လမ်းခေတ်က တစ်နိုင်ငံလုံးကျော်ကြားခဲ့သည့် တေးသံရှင်၊ အသံဇာတ်လမ်းမင်းသား နိုင်လင်း ၏ ဆင်ဖြူကျွန်းအကြောင်း အသံဇာတ်လမ်းတစ်ပုဒ်တွင်လည်း ဤပါးစပ်ရာဇဝင်ကို ထည့်သွင်းရေးသားထားတာ တွေ့ရသည်။) ဘုန်းကံအလင်းပွင့်ရာ ကျက်သရေဆောင်မြေ သမိုင်းမှတ်တမ်း အတိအကျကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သော်လည်း "ရှင်ပင်ဘုန်းပွင့်ဘုရားကြီး" သည် ဘွဲ့တော်နှင့်အညီ ဖူးမြော်သူတိုင်းအား ဆုတောင်းပြည့်စေတတ်သည်ဟု ထင်ရှားသည်။ ယုံကြည်မှု အဓိဋ္ဌာန် - အထူးသဖြင့် ကံပိတ်၊ လာဘ်ပိတ်၍ ဘုန်းကံနိမ့်နေသူများ၊ မိမိတို့၏ ဘဝကံကြမ္မာ ဘုန်းကံမြင့်မားတိုးတက်လိုသူများ လာရောက်၍ ဆုတောင်းအဓိဋ္ဌာန်ပြုပါက ထူးခြားစွာ တောင်းဆုပြည့်ဝကာ ဘုန်းကံအလင်းပွင့်စေသည်ဟု အစဉ်အဆက် ယုံကြည်ကိုးကွယ်ကြသည်။ ဂန္ဓကုဋိတိုက်အတွင်းရှိ ရှေးဟောင်းမှန်စီရွှေချ လက်ရာများနှင့် ကြည်ညိုသပ္ပါယ်သော ရုပ်ပွားတော်မြတ်များ၊ "ကန်လယ်" ခေါ် ငါးကန် ရေအိုင်တို့သည် ယနေ့တိုင် ဆင်ဖြူကျွန်းမြို့၏ ကျက်သရေဆောင်အဖြစ် တည်ရှိနေပါတော့သည်။ မျှဝေပူဇော်အပ်ပါသည်။ ကိုးကားချက် - ဆင်ဖြူကျွန်းမြို့ မင်းဘုရားခြောက်ဆူမှတ်တမ်းနှင့် ဒေသန္တရပါးစပ်ရာဇဝင်များ #ဆင်ဖြူကျွန်းမြို့ #ရှင်ပင်ဘုန်းပွင့်ဘုရားသမိုင်း #ဧထူးဆင်ဖြူကျွန်း #creatorsearchinsights #pagodastack

𝔸ℍ𝕥𝕠𝕠/ဧထူး{ဆင်ဖြူကျွန်း}🍀
𝔸ℍ𝕥𝕠𝕠/ဧထူး{ဆင်ဖြူကျွန်း}🍀
Open In TikTok:
Region: MM
Sunday 12 July 2026 12:40:24 GMT
2191
425
63
6

Music

Download

Comments

kaung.pyae.thwin0
Kaung Pyae Thwin :
❤️❤️❤️❤️❤️
2026-07-14 14:13:02
1
macho034
Ma Cho :
မွေးရပ်မြေလေးရေအမြဲသတိရနေပါတယ်🥰🥰🥰
2026-07-15 03:21:59
1
oo.lay.gyi5253
Oo lay Gyi :
မဖူးရတာနှစ်ပေါင်းလေးဆယ်ကျော်ပီးပေါ့
2026-07-12 12:48:24
1
daw.moe...mdy
Daw Moe . Mdy :
အရမ်း သတိရတယ်လွမ်းတယ် 🥰🥰🥰
2026-07-12 13:31:38
1
sanlwin111024gmail.com
Who? :
လွမ်းတယ်ကွာ။
2026-07-20 02:55:02
1
heingyi2355
Hein Gyi :
ပြန်ချင်တယ်
2026-07-15 05:50:54
1
anagelay972
ကုလားလေး👳🏽‍♂️( Official ) :
လွမ်းနေပိဗျာ
2026-07-12 13:46:51
1
user2462868050466
user2462868050466 :
မသေခင်မွေးရပ်မြေကို တစ်ခေါက်လောက်တော့ ရောက်ဖူးခြင်မိပါရဲ့
2026-07-15 06:03:23
1
m7493872
M :
2026-07-14 09:57:48
2
ko.kyaw06925
thuzar :
သတိရတယ်
2026-07-14 00:07:39
1
user23139056232446
မန် :
🙏
2026-07-15 03:46:17
1
la.win112
🍇🍓La Win🍓🍇 :
🥰🥰
2026-07-12 16:44:47
1
inmate.leader
မိုးကောင်းကင် :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-13 13:07:33
1
chochomoelwin5
𝓒𝓱𝓸 𝓒𝓱𝓸𝓜𝓸𝓮 𝓛𝔀𝓲𝓷🎀 :
🥰🥰🥰🥰
2026-07-21 17:25:55
1
chauk.chauk08
ko myint lay :
🥰🥰🥰🥰
2026-07-21 14:19:56
1
user5938176032634
user35317916170 :
🙏🙏🙏
2026-07-18 08:28:47
1
ko.ko.kaung74
May Lay :
🥰🥰🥰🥰🥰
2026-07-30 14:11:22
1
myothihataw979
🇲🇲#ဆင်ဖြူကျွန်းသား#🇲🇲 :
🥰🥰🥰
2026-07-16 10:29:22
1
user2888406101004
😇စိန်😇 :
🥰🥰🥰
2026-07-20 03:11:10
1
mamamu3298
MaMaMu :
🙏🙏🙏🙏🙏🙏🙏🙏
2026-07-20 15:17:53
1
bhonekyalsin365
Bryan :
🥰🥰🥰
2026-07-13 14:27:24
1
cho.tae91
cho tae :
@🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-08-07 15:35:04
1
zin61071
🍒Zin🍒 :
🙏🙏🙏
2026-08-17 09:40:50
1
amth577
🍀🤍💵💴💶💷💰 :
🙏🙏🙏
2026-07-12 12:50:44
1
To see more videos from user @ahtoo.officialsinbyugyun, please go to the Tikwm homepage.

Other Videos


About