@aungthu000000: လီမိသားစု၏ ကျိန်စာသင့် ရာဇဝင် "လီမိသားစု"ဆိုတာ လော့ထျန်းကြယ်နယ်မြေ တစ်ခုလုံးမှာ ကျော်ကြားပြီး ဩဇာတိက္ကမကြီးမားတဲ့ ရှေးဟောင်းကျင့်ကြံသူ မိသားစုကြီး ခြောက်ခုထဲက တစ်ခုဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက လီမိသားစုဟာ တားမြစ်ချက်မန္တန်ကျင့်စဉ်လမ်းကို အထူးပြုကျင့်ကြံကြပြီး မျိုးဆက်တိုင်းမှာ ကျင့်ကြံခြင်းရဲ့ ပထမအဆင့်ကို ကျော်ဖြတ်ပြီး ဒုတိယအဆင့်အထိ ရောက်ရှိနိုင်တဲ့ ပါရမီရှင်တွေ အစဉ်အမြဲ ထွက်ပေါ်ခဲ့ပါတယ်။ လီမိသားစုရဲ့ အောင်မြင်မှုနဲ့ ဘုန်းတန်ခိုးဟာ ထိပ်ဆုံးကို ရောက်ရှိနေခဲ့တာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့ အလှည့်အပြောင်းတစ်ခုကတော့ မိသားစုရဲ့ အရင်ဘိုးဘေးတွေဟာ မိုးကြိုးဝိဇ္ဇာနတ်ဘုံထဲကို ဝင်ရောက်လာခဲ့ကြတဲ့အချိန်က ဝိဇ္ဇာနတ်စစ်သူကြီး၊ေသဆုံးခဲ့ပြီးစိတ်ဝိညာဉ်ချိတ်ပိတ်ခံထားရတဲ့ အဲ့ဒီတောင်ပေါ်ကိုတက်လာခဲ့ကြရာကနေ ဝိဇ္ဇာနတ်စစ်သူကြီးရဲ့လက်အောက်ငယ်သားကျေးကျွန်ရဲ့ ကျွန်တံဆိပ်ကိုခပ်နှိပ်ခြင်းကိုခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ နောက်နောင်ပေါ်ထွက်လာတဲ့ မျိုးဆက်သစ်တွေထဲမှာ ဘယ်သူမှ ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိတော့ပါဘူး။ ပထမအဆင့်ကျင့်ကြံခြင်းရဲ့ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်တဲ့ (အထက်ဘုံတက်လှမ်းခြင်း)အဆင့်တစ်ခုမှာတင် လမ်းဆုံးသွားခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး၊ မျိုးဆက်သစ်တွေ မွေးဖွားလာကတည်းက သူတို့ရဲ့ ပင်ကိုယ်ပါရမီနဲ့ အလားအလာတွေကို တစ်စုံတစ်ခုက တဖြည်းဖြည်းချင်း စုတ်ယူဝါးမြိုသွားသလိုမျိုး ခံစားခဲ့ကြရပါတယ်။ ပိုပြီးဆိုးဝါးတာကတော့ သူတို့ရဲ့ သက်တမ်းတွေဟာလည်း တဖြည်းဖြည်း တိုတောင်းလာခဲ့တာပါပဲ။ တခြားသူတွေနဲ့ ကျင့်ကြံခြင်းအဆင့်အတန်း တူညီနေရင်တောင်မှ လီမိသားစုဝင်တွေရဲ့ သက်တမ်းဟာ တခြားသူတွေရဲ့ သုံးပုံတစ်ပုံ (၃၀ ရာခိုင်နှုန်း) လောက်သာ ရှိပါတော့တယ်။ ဒီလိုမျိုး မိသားစုတစ်ခုလုံး ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပြီး ပျက်သုဉ်းလုနီးပါး ဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းမှန်ကတော့ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်တွေပေါ်မှာ ခတ်နှိပ်ခြင်းခံထားရတဲ့ "ကျွန်ပြုခြင်းတံဆိပ်တော်" ကြောင့်ပဲ ဖြစ်ပါတယ်။ "လီယွန်" မတိုင်ခင် လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းခန့်က "လီမိသားစု"မှာ "လီကျင့်လန်"ဆိုတဲ့ ပါရမီရှင်တစ်ယောက်ပေါ်ပေါက်လာခဲ့ပါတယ် သူက ကျင့်ကြံခြင်းပထမအဆင့်မှာရှိပေမယ့် တားမြစ်ချက်ပညာမှာ လီမျိုးနွယ်ရဲ့အရင်ဘိုးဘေးတွေထက် တားမြစ်ချက်တွေကိုကျွမ်းကျင်ပါတယ် သူ့ရဲ့ သူမတူတဲ့တားမြစ်ချက်အပေါ်ကျွမ်းကျင်မှုကြောင့် ဒုတိယအဆင့်ကျင့်ကြံသူတွေကတောင် တော်ရုံရန်မပြုကြပါဘူး အဲ့ဒီ ပါရမီချင် "လီကျင့်လန်" က လီမိသားစုရဲ့ ကျေးကျွန်တံဆိပ်ကိုပယ်ဖျက်နိုင်မဲ့ ရတနာတွေကိုရှာဖွေဖို့ ကြယ်နယ်မြေတွေကို ခရီးထွက်ခဲ့ပါတယ်။ နောက်ပိုင်း လီကျင့်လန်က လီမိသားစုဆီပြန်ရောက်လာခဲ့ပြီး လီမိသားစုဝင်တစ်ဝက်ရဲ့ သက်တမ်းနဲ့ စိတ်ဝိညာဉ်ကိုသုံးပြီး"သံဓားတလက်"ကိုသန့်စင် ခဲ့ပါတယ်။ (Novel မှာ စာလိပ်တစ်ခု နဲ့ သံလိုက်အိမ်မြှောင်တစ်ခုပါ ပါသေးတယ် / Donghua မှာ ဓားတလက်ပဲတွေ့ရပါတယ်) လီကျင့်လန်ရဲ့ ဘဝအဆုံးသတ်ခါနီးမှာ အဲ့ဒီ သံဓားကိုယူဆောင်ပြီး ကျေးကျွန်ချိတ်ဆံပ်ကို ပယ်ဖျက်ဖို့ ဝိဇ္ဇာနတ်စစ်သူကြီးရဲ့ စိတ်ဝိညာဉ်ချိတ်ပိတ်ထားတဲ့ တောင်ကြီးဆီကိုလာခဲ့ပယ်မဲ့ ကော်မိသားစုရဲ့ဘိုးဘေး "ကော်ယွင်ဖုန်း"က လီကျင့်လန်ကိုသ၊တ်ပြီး သံဓားကိုယူသွားခဲ့တာကြောင့် လီမိသားစုရဲ့ ကြိုးစားအားထုတ်မှုနဲ့မျော်လင့်ချက်တွေပျက်သုန်းခဲ့ရပြီး "လီကျင့်လန်"ရဲ့ သတင်းအစနလဲပျောက်သွားခဲ့ပါတော့တယ်။ နောက်ပိုင်းမှာ "လီယွန်"ရဲ့အဖေက ကော်မိသားစုဆီမှာ အဲ့ဒီသံဓားကိုတွေ့ပါတယ် ဒါကြောင့်ပဲ လီယွန်က ကော်မိသားစုဆီကို ဝင်ရောက်ခဲ့ပြီး ကော်မိသားစုဝင်တွေဆီမှာ လီမိသားစုရဲ့အတားဆီးအမွေနှစ်နဲ့ တံဆိပ်ခပ်နှိပ်ပြီး သူ့ကိုယုံကြည်လာအောင်လုပ်ခဲ့တာပါ။ အခုမိုးကြိုးဝိဇ္ဖာနတ်ဘုံပြန်ဖွင့်တော့ ကော်မိသားစုက "ကော်ဟုန်"ရဲ့ ခရီးမှာ လီယွန်ကိုစောင့်ရှောက်ဖို့ထည့်ပေးလိုက်တာပါ လီယွန်ရဲ့အကြံစည်ကလဲအဲ့ဒါပါပဲ သံဓားကိုပြန်ယူရင်း "ကော်ဟုန်"ရဲ့သွေးကိုယစ်ပူဇော်ပြီး လီမျိုးနွယ်ရဲ့ ကျေးကျွန်ချိတ်တံဆိပ်ကို ပယ်ဖျက်ဖို့ပါ.... ဆိုတော့ မနေ့က (အပိုင်း-149) ရဲ့ဇာတ်လမ်းက အဲ့မှာတခန်းရပ်သွားပါတယ် နောက်တပတ် (အပိုင်း-150)နဲ့ နောက်ထပ်တစ်ပတ် (အပိုင်း-151) ထိ "လီယွန်"ရဲ့ဇာတ်လမ်းကရှိနေပါသေးတယ် ပြီးတော့ Donghua မှာ Novel မှာနဲ့မတူတဲ့ အပြောင်းအလဲလေးတွေရှိလာနိုင်ပါတယ် စောင့်ကြည့်ကြတာပေါ့ရောင်းရင်းတို့.... 🚨ဒီအကြောင်းအရာတွေက Donghua အပိုင်း 149 အထိသာရေးထားတာပါ #အမတတစ်ပါး၏ကိုယ်ပိုင်လမ်းစဉ် #renegadeimmortal #wanglin #heavenlydao
🥋 Dong.hua.4k 🥋
Region: TH
Monday 13 July 2026 04:37:24 GMT
Music
Download
Comments
Jazz :
2026-07-13 16:35:00
2
ကိုကိုလတ် :
😔😔😔
2026-07-13 12:19:56
1
To see more videos from user @aungthu000000, please go to the Tikwm
homepage.