@tharaphe.tun.win: မိခင်ဘာသာစကားက Language Development ရဲ့ အရေးအကြီးဆုံး အုတ်မြစ်ပါ။ သားသားငယ်ငယ်လေးတုန်းက အိမ်မှာ English ပဲ ပြောပေးဖို့ အကြံပေးသူတွေရှိဖူးတယ်။ (တကယ့်ပညာတတ်​မိဘ​တွေပါပဲ။) ကိုယ့်ဆရာ တ​ယောက်ဆိုရင် (သင်ကြား​ရေး ဆရာ မဟုတ်ပါ) "အဖေက မြန်မာလိုပြော၊ အမေက English လိုပြော" လို့လည်း အကြံပေးဖူးတယ်။ ​က​လေးက ဘာသာစကား၂မျိုးရသွားမယ်​ပေါ့။ ဒီနည်းလမ်းက မိဘနှစ်ယောက်ရဲ့ မိခင်ဘာသာစကား မတူတဲ့ မိသားစုတွေ အတွက် သင့်တော်နိုင်ပါတယ်။ ဥပမာ- အဖေက မြန်မာ၊ အမေက အင်္ဂလိပ် (သို့) တရုတ် စတဲ့ မိသားစုတွေပါ။ ဒါပေမယ့် မိဘနှစ်ယောက်လုံးရဲ့ မိခင်ဘာသာစကားက တူတယ်ဆိုရင်တော့ မိခင်ဘာသာစကားကို ​ပြော​ပေးတာက ပိုသင့်တော်ပါတယ်။ သားသား မမွေးခင်ကတည်းက၊ ကလေးယူဖို့ ဆုံးဖြတ်ပြီးနောက် Early Childhood Development နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို အတော်လေး လေ့လာဖတ်ခဲ့တာ​ကြောင့်လည်းပါမယ်။ ဘယ်က ဖတ်ခဲ့ဖူးတယ် မမှတ်မိ​ပေမယ့်၊ (ဘယ်သူ​တွေ ဘယ်လို အကြံ​ပေး​ပေး) သားသားကို မြန်မာလိုပဲ ​ပြောဖြစ်တယ်။ မူကြိုဆရာမဖြစ်​တော့မှ ECCD သင်တန်း​တွေ ​သေချာတက်ပြီး​​လေ့လာတဲ့အခါ ကိုယ့်ဆုံးဖြတ်ချက်မှန်ခဲ့တယ်ဆိုတာ ပို​သေချာသွားတယ်။ ကလေးအမေအဖြစ် ၉ နှစ် (ကိုယ်ဝန်ဆောင်ချိန်အပါအဝင်)၊ မူကြိုဆရာမအဖြစ် ၄ နှစ် အတွေ့အကြုံအရလည်း ဘာသာစကားဖွံ့ဖြိုးမှု နောက်ကျတဲ့ ကလေးတချို့မှာ မိဘတွေက မိခင်ဘာသာစကားထက် English ကို အဓိကအသုံးပြုခဲ့တာမျိုးကို တွေ့ရဖူးပါတယ်။ (ဖုန်းအကြည့်များတာ​မျိုးတွေလည်း ပါ​နေတတ်တယ်။) ဘာသာစကားတစ်ခုကို ကျွမ်းကျင်ဖို့ဆိုတာ စကားလုံးများစွာနဲ့ ထိတွေ့ဖို့ လိုပါတယ်။ English ကို Native Speaker မဟုတ်တဲ့ မိဘတွေ ပြောပေးတဲ့အခါ၊ English Level က C1 ဖြစ်နေတောင်မှ Vocabulary ကြွယ်ဝမှု၊ သဘာဝကျမှု၊ အသုံးအနှုန်းစုံလင်မှုတွေမှာ Native Speaker ကို မမီနိုင်သေးပါဘူး။ (C1 ဖြစ်ဖို့ဆိုတာလည်း မလွယ်ပါဘူး​နော်၊ IELTS Band 7 ​နဲ့အထက်မှ C1 ပါ။) ဒါကြောင့် ကလေးက ကြားရ၊ သင်ယူရတဲ့ စကားလုံးအရေအတွက်နဲ့ အသုံးအနှုန်းတွေကလည်း အကန့်အသတ်ရှိပါတယ်။ မိခင်ဘာသာစကားကို ပြောတဲ့အခါမှာ​တော့ သဘာဝကျကျ၊ စိတ်ခံစားချက်အပြည့်နဲ့ ​ဝေါဟာရကြွယ်ဝစွာ ​ပြော​ပေးနိုင်တယ်။ အဲဒီကနေ ကလေးရဲ့ ဝေါဟာရ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ကိုယ့်အတွေးကို ဖော်ပြနိုင်စွမ်းတွေပါ တိုးတက်လာပါတယ်။ မိခင်ဘာသာစကားကို ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ ကလေးက ဒုတိယဘာသာစကားကို သင်ယူရာမှာလည်း ပိုမိုလွယ်ကူတတ်ပါတယ်။ Language Development က Cognitive Development၊ Social Skills၊ Emotional Development နဲ့ Academic Learning တွေနဲ့ပါ ဆက်စပ်နေပါတယ်။ အဓိက ​ပြောချင်တာက​တော့ မိဘတွေအနေနဲ့ အိမ်မှာ ကိုယ့်မိခင်ဘာသာစကားကိုပြောပေးပါ။ English ကို မသင်ရဘူးမဟုတ်ပါဘူး။ English ကို စာအုပ်ဖတ်ပေးတာ၊ သီချင်းဆိုတာ၊ သင်ပေးတာ​တွေ လုပ်နိုင်ပါတယ်၊ က​လေးနဲ့ ​​နေ့စဥ် ဆက်သွယ် ​ပြောဆိုတာကို​တော့ မိခင်ဘာသာစကားကိုပဲ အဓိက ​ပြော​ပေးသင့်ပါတယ်။ ပုံ​​လေးက​တော့ မြန်မာပုဆိုး​လေးနဲ့ မြန်မာစကား အရမ်းတတ်​သော အကိုကြီးပါ။ 😍 #languagedevelopment #earlychildhoodeducation #motherlanguage

Tharaphe Tun Win
Tharaphe Tun Win
Open In TikTok:
Region: TH
Monday 13 July 2026 04:48:13 GMT
2876
72
6
7

Music

Download

Comments

ko.myint.zaw366
Ko myint Zaw :
🥰
2026-07-15 13:04:04
1
zin.min.oo544
Zin min Oo :
သားလူလူ
2026-07-15 11:52:21
1
moe.kyaw3129
Moe Kyaw :
🥰🥰🥰
2026-07-25 08:14:47
1
user5685161124632
TunAkarri :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-16 06:49:26
1
moe.kyaw.lwin3
Moe Kyaw LWIN :
🥰🥰🥰
2026-07-13 12:12:58
1
user3461706740684
mmy :
🥰🥰🥰🥰🥰🥰🥰🥰
2026-07-26 08:10:36
1
To see more videos from user @tharaphe.tun.win, please go to the Tikwm homepage.

Other Videos


About