@moh96559je4: ☕🍀:အသက်ကြီးလာရင် ငါဘယ်သူနဲ့နေရမလဲလို့ တွေးမိကြမှာပဲ... ဒါ..သဘာ၀ကျပါတယ်.. ကံကြမ္မာဆိုတာ ဘာမှ မပြောနိုင်ဘူး.. အေးမြ လုံခြုံတဲ့ ဘဝလေးတစ်ခုကို တစ်သက်လုံးပိုင်ဆိုင်ရမှာပဲ လို့ စိတ်ကူးထားခဲ့ဖူးလိမ့်မယ်.. မဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့ ကံပဲပေါ့.. အဲတော့.. ဘာကို ပူနေမှာလဲ..? ပူပန်နေလို့လည်း.. လူ့အလို နတ်တောင်မလိုက်နိုင်တဲ့ ကိစ္စတွေအတွက် ဘာအဖြေမှ ရလာမယ်မထင်ဘူး... ကိုယ်သာ..ပင်ပန်းသွားဖို့ရှိတာပဲ.. ကံကြမ္မာဆိုတာ.. ကိုယ်မြင်ရတာမှ မဟုတ်ပဲ.. ကောင်းတာလည်း ဖြစ်နိုင်သလို.. ဆိုးတာလည်း ဖြစ်နိုင်တယ်.. အခုအချိန်မှာ.. ကျန်းမာနေသေးတယ်..နေရေး စားရေးအဆင်ပြေနေတယ်ဆို ၀မ်းသာလိုက်ပါ... အသက်ကြီး စွတ်ရှည်နေပြီး.. ကိုယ့်အရိုးတောင် ကိုယ် မသယ်နိုင်တော့တဲ့အချိန်.. ကိုယ်တစ်ယောက်တည်း နေလို့မဖြစ်နိုင်တဲ့အခါ.. ဘိုးဘွားရိပ်သာ သွားနေရင်လည်းနေရမှာပဲပေါ့.. အတူနေတဲ့သူတွေက စောင့်ရှောက်ရင်လည်း စောင့်ရှောက်မှာပေါ့... ကိုယ် မိသားစုကို စောင့်ရှောက်နေတဲ့အချိန်မှာတော့အကောင်းဆုံး လုပ်ပေးခဲ့တယ်လေ.. အတိတ်ကံအကျိုးပေး.. ဘယ်လိုလာမလဲဆိုတာတော့ မသိဘူးပေါ့.. ခုလောလောဆယ်တော့.. အဆင်ပြေနေပါတယ်.. နေကောင်းနေသေးတယ်.. ကိုယ့်ကိုယ်ကိုယ် ထူမနိုင်သေးတယ်.. အဲတော့..ကျန်းမာရေးလေး ပိုဂရုစိုက်ပြီးနေရမယ် ကျန်းမာရေး မကောင်းရင် ပြုစုရမယ့်သူအတွက်က ၀န်ပိုတတ်တယ်... ဂျီမကျမိဖို့လည်း လိုသေးတယ်.. ကိုယ်ကြိုက်သလို..ကိုယ်တိုင် ဘာမှ မလုပ်နိုင်တော့တဲ့အချိန်မှာ.. သူများ လုပ်ပေးတာကို ကြိုက်လိုက်ရုံပဲရှိတာပဲ.. မကြိုက်ဘူးဆိုရင်တောင် မငြိုငြင်မိဖို့ အရေးကြီးသေးတယ်.. အရမ်း ဂျီကျနေရင် ကိုယ့်နား ဘယ်သူမှ ကပ်ချင်မှာမဟုတ်ဘူး.... လောကဓံကို ခံနိုင်ရည်ရှိဖို့ အခုထဲကလေ့ကျင့် ပြင်ဆင်ထားရမှာပဲ.. လောကမှာ.. ပျော်စရာတွေချည်းလည်း ဆက်တိုက်မလာဘူး.. တက်တဲ့အချိန်ရှိသလို ကျတဲ့အချိန်လည်းရှိဦးမှာပဲ.. ဘိုးဘွားရိပ်သာကို တစ်ယောက်တည်းရောက်သွားပြီး..အလှူရှင်တွေကျွေးတဲ့ထမင်း.. လက်အုပ်ကလေးချီ.. ဆုတောင်း မေတ္တာပို့.. စားရတဲ့ဘ၀မျိုးလည်း ရောက်နိုင်သေးတာပဲ.. လောကမှာ.. မဖြစ်နိုင်တာဆိုတာဘာမှမရှိဘူးလေ.. အသက်ကြီးလာတဲ့အခါ မေ့လာခဲ့ရင် ဘုရားစာတောင် မရွတ်တတ်တော့တဲ့ဖိုးဘွားတွေ တွေ့ဖူးတယ်.. သတိမမေ့အောင် သတိကပ်နေတဲ့အကျင့်ကို လုပ်ရမယ် တရားများများထိုင်ရမယ်.. ပိုက်ဆံဆိုတာ အိုစာ နာစာ ရှိတော့ရှိရမယ်.. ဒါပေမဲ့.. တစ်ချို့.. ကုပ်ကပ်ပြီးစုကြတာ.. အသက်ကြီးလာတော့.. ကိုယ့်မှာ ဘယ်လောက်ရှိလဲ ဆိုတာတောင်မေ့သွားပြီ.. အချိန်တန်တော့ ထိုက်တဲ့သူပဲ ရသွားတာပဲ.. သူရဖို့အတွက် မလှူရက် မတန်းရက် မစားရက် မသောက်ရက်.. ခြစ်ကုတ်ပြီး စုပေးခဲ့ရသလိုပဲ.. မတန်ပါဘူး.. သတိတွေကောင်းတုန်းမှာ အလှူအတန်းတွေ များများလုပ်ခဲ့ရမယ်.. ကိ

♋MOH☘️
♋MOH☘️
Open In TikTok:
Region: MM
Monday 13 July 2026 13:07:56 GMT
55265
3102
115
226

Music

Download

Comments

linmyatsan93
linmyatsan :
စာသားဘေးချပေးပါလား ကော်ပီချင်လို့ပါ🥰🥰
2026-07-14 07:14:48
14
user375175545
Sandi :
တွေးဖြစ်ပါတယ်ရှင့် အရမ်းမှန်သောစာသားလေးပါရှင့်🥰
2026-07-15 04:32:14
2
ma.swe949
Ma Swe :
🙏တရားရိပ်သာအပြီးဝင်ပါမယ်🙏
2026-07-14 13:21:25
4
hla.hla.moe715
Hla Hla Moe :
ဟုတ်တယ်နော်အဲ့စာသားလေးကမှန်နေရော
2026-07-15 04:30:13
1
ni.ni.lwin390
Ni Ni Lwin :
စာသားလေး သဘောကျလို့ ခွင့်ပြုပါရှင့်
2026-07-15 02:12:18
1
user6715057494267
ဖူးဖူး :
စာသားလေးယူပရစေရှင့်
2026-07-15 01:00:03
2
star.lay375
ThuZarAung :
Copy ယူပါရစေ
2026-07-14 14:26:16
1
user43368349980815
user43368349980815 :
ဟု🙏စာသားကောင်းတယ်
2026-07-14 15:15:02
2
ohma.myint1
Ohma Myint :
စာသားလေးပို့ပေးပါ
2026-07-15 02:46:26
1
mobile7732
💛🅿&🅿💛👑 :
ဟုတာပေါ့ရှင်😍😍😍😍
2026-07-14 11:04:38
2
susut624
HLAlNG :
ခွင့်ပြုပါ ပြန်တင်မလို့
2026-07-15 00:04:07
1
user4618686009908
ဘွားဘွား မေမေ :
2026-07-14 13:41:36
1
ayethazinphyo1996
{ pure }💙🦋🪼🐳 :
စာသားတွေကြိုက်လိုက်တာ 💕
2026-07-14 08:39:09
2
pyae.pyae3495
Pyae Pyae :
တကယ်ကောင်းသော စာသားလေးပါ🥰
2026-07-14 05:52:26
2
user670753526
Chit Doe Nwe :
စာသားလေးကျေးဇူးပြုပြီးချပေးပါနော်
2026-07-14 11:13:45
2
moh96559je4
♋MOH☘️ :
ဟုကဲ့ပါ
2026-07-14 13:21:05
1
user4071958493
Thu Thu :
ဟုတ်ပါတယ်လေး
2026-07-14 11:00:59
1
swanthurain0
Lae Lae win :
အမှန်ပဲ🥰🥰🥰🥰
2026-07-14 09:56:29
1
aeindraysuhlai116
မယ်ခင် :
ဘာမှမျှော်လင့်မထားပါဘူး ကိုယ်ပြုတဲ့ကုသိုလ်အကုသိုလ်အတိုင်းကိုပဲ အားကိုးရ မှာပါ
2026-07-14 13:36:55
1
thi62889
Ma Gyi Soe :
copy ဘယ်လိုယူရတာလဲဟင်
2026-07-15 05:31:41
0
aye.aye5649
🌻Aye Aye🌻🌻 :
ပြန်တင်ခွင့်ပြုပါရှင်
2026-07-15 05:41:56
0
hninlay_1986
🥰🥰🥰Hnin🥰🥰🥰 :
copy ယူပါရစေ🥰🥰🥰
2026-07-15 05:38:48
0
seesar225
💞 T Lay 💞 :
ကိုယ်တွေသက်ကြီးသမားတွေအတွက်ပြက်ဆင်ရမဲ့အချက်လက်တွေရေးသားပေးတါ ကျေးဇူးပါ
2026-07-15 05:38:06
0
su35687
Su :
copy ယူမယ်နော်
2026-07-15 05:42:02
0
user18758109293034
စံပါယ် :
ဟုတ်တယ်
2026-07-14 07:30:56
1
To see more videos from user @moh96559je4, please go to the Tikwm homepage.

Other Videos


About