@heinhtetaungpo: ရန်ကုန်တိုင်း မှော်ဘီရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော်အား သတ်ဖြတ်၍ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်း လုယက်ယူဆောင်သူ တရားခံ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဇူလိုင် ၁၃ ရန်ကုန်မှော်ဘီ(၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း၌ သီတင်းသုံးလျက်ရှိသည့် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော် ဦးပညာဝံသ(ခ)ဒေါက်တာ ဇေဉာဏ် (၇၅)နှစ် (၁၅)ဝါသည် ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရပြီး ဆရာတော်၏ လက်ကိုင်ဖုန်း ၂ လုံး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိသည်။ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း ဝင်/ထွက်သွားလာသူများအား စိစစ်ဆောင်ရွက်ခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြစ်မှုကျူးလွန်သူ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာနေ တရားခံ သက်ပိုင်ထွန်း(ခ)ပိုင်လေး(၂၀)နှစ်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ တရားခံ သက်ပိုင်ထွန်း(ခ)ပိုင်လေးအား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကုလားကြီးကုန်းကျေးရွာနေ စိုးရာဇာ(ခ)စိုးဝင်းကျော်(၂၂)နှစ်နှင့် ဝေယံနိုင်(ခ)ဝေယံ(၁၉)နှစ်တို့ ၂ ဦးအား မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာရှိ ၎င်းတို့၏ နေအိမ်များ၌၄င်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေ တရားခံ တိုးဝင်းကျော် (ခ) တိုးဝေကျော် (ခ) ကုလား (၂၈) နှစ်အား လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၇)ရပ်ကွက်ရှိ ရွှေထိပ်တင် ဘီယာဆိုင်အနီး၌၎င်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ သက်ပိုင်ထွန်း(ခ)ပိုင်လေး၊ စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ဝေယံနိုင်(ခ)ဝေယံနှင့် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားတို့ ၄ ဦးအား စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးနှင့် ဖမ်းဆီးရန်ကျန် တရားခံ စိုးထက်(ခ)အေကေတီတို့ ၅ ဦးသည် မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာအတွင်း ပန်းရံလုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် သက်ပိုင်ထွန်း(ခ)ပိုင်လေး၏နေအိမ်တွင် ၎င်းတို့ ၅ ဦးတွေ့ဆုံခဲ့ကြပြီး သက်ပိုင်ထွန်း(ခ)ပိုင်လေးမှ ငွေကြေးအဆင်မပြေကြောင်းပြောရာ စိုးရာဇာ(ခ)စိုးဝင်းကျော်မှ မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း ဝင်ရောက်ခိုးယူရန် တိုင်ပင်ခဲ့ကြပြီး ည ၁၀ နာရီအချိန်တွင် ၎င်းတို့ ၅ ဦးသည် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း၊ ကျောင်းဆောင်အတွင်း ရောက်ရှိစဉ် ဆရာတော်ကြီးအား ကုတင်ပေါ်တွင် ထိုင်လျက်တွေ့ရှိရပြီး ဆရာတော်ကြီးမှ ၎င်းတို့အား မြင်တွေ့သွားခဲ့သဖြင့် အသင့်ပါလာသည့် အရိုး/အသွား ၁၈ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်းနှင့် ကျောင်းဆောင်အတွင်းမှ တွေ့ရှိသည့် စတီးဓား ၁ ချောင်းတို့ဖြင့် ဆရာတော်ကြီးအား ထိုးသတ်ခဲ့ကြကြောင်း ထို့နောက် ဆရာတော်ကြီးထံမှ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းတို့အား လုယက်ယူဆောင်ခဲ့ပြီး ဖုန်း ၂ လုံးအား စိုးရာဇာ(ခ)စိုးဝင်းကျော်နှင့် သက်ပိုင်ထွန်း(ခ)ပိုင်လေးတို့မှ ၁ လုံးစီ ယူဆောင်ကာ ခိုးယူရရှိငွေ ၅ သိန်းကျပ်အား ဝေယံနိုင်(ခ)ဝေယံမှ ၁ သိန်း ၄ သောင်းကျပ်နှင့် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးထက်(ခ)အေကေတီတို့မှ ၁ သိန်း ၈ သောင်းကျပ်စီ ခွဲဝေယူဆောင်ခဲ့ကြကြောင်း ထွက်ဆိုခဲ့ကြသည်။ သက်ပိုင်ထွန်း(ခ)ပိုင်လေးပါ ၄ ဦး၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ သိမ်းဆည်းရရှိရေးဆောင်ရွက်ခဲ့ရာ သက်သေခံဖုန်း ၂ လုံးအား မှော်ဘီမြို့နယ်ရှိ ဖုန်းအပိုပစ္စည်းအရောင်းဆိုင်များမှလည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမြှောင် ၁ ချောင်းနှင့် လောက်လေးခွ ထည့်ထားသည့် ဘေးလွယ်အိတ် ၁ လုံးတို့အား စန္ဒကူးမြိုင် ရိပ်သာကျောင်းဝင်းအတွင်းရှိ ရေမြောင်းအတွင်းမှလည်းကောင်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ တောင်ငူမြို့နယ်နေ တရားခံ စိုးထက်(ခ)အေကေတီ(၁၉)နှစ်အား ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ညောင်ပင်လေးဈေးအနီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်တွင် မှော်ဘီမြို့နယ်၊ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက် ဆရာတော်အား သတ်ဖြတ်ပြီး လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းအား လုယက်ယူဆောင်သူ တရားခံ သက်ပိုင်ထွန်း(ခ)ပိုင်လေး၊ စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ဝေယံနိုင်(ခ)ဝေယံ၊ တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် စိုးထက်(ခ)အေကေတီတို့ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Hein Htet Aung
Region: MM
Monday 13 July 2026 16:28:14 GMT
Music
Download
Comments
zizawa two :
ရဟန်းတွေငွေမကိုင်ကြနဲ့မြွေပွေး မြေဟောက်လို့အဆိပ်ပြင်းတယ်လို့မြတ်စွာဘုရားကဟောကြားခဲ့တာသတိထားစရာပါ။
ငွေကြောင့်ပစ္စည်းကြောင့်အသတ်ခံရရှာတယ်လေ
2026-07-14 08:07:28
2
💖Daw. Mying💖 :
ငွေငါးသိန်းနဲဖုန်းနှစ်လုံးဘယ်လောက်ရှိမလည်းအဲ့ဒါနဲ့ဘုန်းတော်ကြီးအသက်ပါသေအောင်သတ်တယ်ဆိုတော့လုပ်ရပ်တွေကဘယ်လောက်အောက်တန်ကြကုန်လည်းထိုက်2တန်2အပြစ်ပေးသင့်
2026-07-14 06:33:25
11
Kay Thi Win :
ရက်စက်.လိုက်ကြတာနော်....ဆရာတော်ဘုရား ကြီး.ဝတ်ကြွေးရှိရင်. ကြေပါစေ...
2026-07-14 08:00:49
2
Khin Maung Toe :
သေဒဏ်ပေးရမှာ ဆန်ကုန်တယ်
2026-07-14 07:37:44
3
Yan Yan :
ဂိမ်း ဆေး KTV တွေကအဓိကတရားခံ
အမြစ်ဖော်မှပင်စည်အကိုင်းအခက်တွေမရှိမှာ အမြစ်ကိုဘယ်သူတွေကာကွယ်နေလဲ
2026-07-14 06:50:53
3
တပည့်သေးသေးလေးကျော်ဇင် :
😭😭😭😭😭😭😭😡😡😡😡😡😡😡🙏🙏🙏ထိ့ထိ့ရောက့်ရောက်အရေးယူပေးပါ
2026-07-14 09:26:41
0
La Woon :
2026-07-14 04:34:41
1
kopaing Recap 🎬 :
hi
2026-07-14 04:36:55
2
🇲🇲🇲🇲 Y Y 🇲🇲🇲🇲 :
2026-07-14 03:45:11
2
Nwe Nwe :
ရက်စက်လိုက်တာ
2026-07-14 08:23:30
0
user1417335008504 :
လုပ်ရပ်လိုက်ကြတာကွာ
ဘုန်ကြီးပါမချန်ဘူး
2026-07-14 08:32:53
0
မောင့်ရဲ့သဲသဲလေး :
ဘယ်နေ့ကလဲ
2026-07-14 08:07:02
0
ဦး၀တုတ် :
2026-07-14 05:33:35
0
04869 :
ဥပဒေက. ပါးပါးလေ
2026-07-14 06:19:19
0
A May Eain :
2026-07-14 05:24:27
0
user4111714036092 :
Hi
2026-07-14 07:38:50
0
ด@(soe@25M🇬🇧 :
မလုပ်သင်လုပ်တင်ကွ😢😢😢😢
2026-07-14 09:27:20
0
ThiDar :
2026-07-14 03:49:59
1
ရင်ခွင်မဲ့နှလုံးသား :
2026-07-13 23:43:27
3
To see more videos from user @heinhtetaungpo, please go to the Tikwm
homepage.