@phyothawzin5: ဒီ Post ဟာ အရွယ်မရောက်ခင် အတင်းရင့်ကျက်ခဲ့ရပြီး ပြည်ပကို စွန့်စားထွက်ခွာသွားကြတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ မြန်မာလူငယ်တွေကို ရည်ရွယ်ပါတယ် ။ ကျွန်တော့်မှာ ၉နှစ်လောက်ခင်လာခဲ့တဲ့ သက်တူရွယ်တူ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူနဲ့ကျွန်တော်က သူငယ်ချင်းဆိုပေမဲ့ ညီအကိုအရင်းလိုချစ်ကြတယ် ၊ မိသားစုကလည်း တစ်ဖက်နဲ့တစ်ဖက်သိကြတယ် ၊ သူက ဉာဏ်ကောင်းပြီး ကျွန်တော်ကတော့ ဇွဲကောင်းတယ် ၊ ကျွန်တော်ရဲ့ အိမ်မက်က အောင်မြင်တဲ့ နိုင်ငံရေး စာရေးဆရာ တစ်ယောက် ဖြစ်လာချင်တာ ဖြစ်ပြီး သူကတော့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။...ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းက ကံမကောင်းခဲ့ရှာဘူး ၊ စနစ်ဟောင်း ပညာရေးမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ် 540 ကျော် နဲ့ အောင်မြင်ခဲ့ပေမဲ့ မိသားစုရဲ့ အကြွေးတွေ ၊ စီးပွားရေးမပြေလည်မှုတွေကြောင့် အင်ဂျင်နီယာဖြစ်ဖို့ အမှတ်မှီနေခဲ့ပေမဲ့လည်း သူလက်လျှော့ခဲ့ရတယ် ၊ နောက်ပိုင်းမှာတော့ နိုင်ငံရေးအလှည့်အပြောင်းကြောင့် သူ့မိသားစုရဲ့ စီးပွားရေး ကြပ်တည်းလာပြီး အကြွေးကော အတိုးပါ နွံနစ်လာခဲ့တယ် ၊ ကြံရာမရတဲ့ အဆုံးမှာ ကျွန်တော့်သူငယ်ချင်းဟာ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချခဲ့တယ် ၊ အဲ့တာကတော့ နောက်ထပ်အကြွေးနည်းနည်းထပ်ယူပြီး သူတတ်မြောက်ထားတဲ့ အရည်အချင်းနဲ့ ဂျပန်မှာအလုပ်လုပ်ရင်း အကြွေးဆပ်ဖို့ပါပဲ ၊ အဲ့လိုနဲ့ သူအကြွေးဆပ်နိုင်ဖို့အတွက် ဂျပန်မှာ ရရာနည်းနဲ့ပိုက်ဆံရှာဖို့ ကျွန်တော် နဲ့ သူ့မိသားစုကို နှုတ်ဆက်ပြီး Training သုံးနှစ် နဲ့ ဂျပန်ကိုထွက်သွားခဲ့တာ အချိန်တစ်နှစ်ရှိခဲ့ပါပြီ။ နောက်ဆုံးတစ်ခေါက် သူနဲ့ ကျွန်တော့် Video call ပြောတုန်းက သူပြောခဲ့ဖူးတဲ့ စကားကိုကျွန်တော် ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး။ ... " အခု သူ့မှာ အမေ ရယ် သူ့အဒေါ် (ကြီးမေ)ရယ်ပဲ ရှိတယ် ၊ ဒါပေမဲ့ အဖေဆုံးပြီးကတည်းက မိသားစုတာဝန်ကို ထမ်းခဲ့ရတဲ့ သူ့အမေကလည်း ပင်ပန်းနေပြီဖြစ်သလို သူ့ကိုထိန်းခဲ့တဲ့ ကြီးမေကလည်း အသက်အရွယ်ကြောင့် မကျန်းမာတော့ဘူး ၊ ငါဒီမှာငွေတွေ အတင်းရှာနေပေမဲ့ ငါပြန်လာတဲ့အခါကျရင် ငါ့အိမ်လေး တိတ်ဆိတ်နေပြီး ငါတစ်ယောက်တည်း ဖြစ်သွားမှာကို ငါကြောက်တယ် " တဲ့.....။ သူဒီစကားကိုပြောတော့ကျွန်တော်ငိုခဲ့တယ် ၊ဘာကြောင့်ဆို သူ့ဘဝရဲ့ တစ်ဝက်လောက်မှာ ကျွန်တော်ပါခဲ့တယ် ။ သူ့မိသားစုအခြေအနေကိုကျွန်တော်သိတယ် ၊ ကျွန်တော်သူ့အိမ်သွားလည်တိုင်း မြင်ရတဲ့ သူအမေနဲ့ အဒေါ်ရဲ့မျက်နှာရယ် ၊ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ဖြတ်သန်းခဲ့တဲ့ဘဝရယ်ကို ပြန်တွေးမိရင် သူ့စကားက ကျွန်တော့်လိုဘေးလူကိုတောင် ငိုကြွေးစေခဲ့တာကြောင့်ပဲ ။ ကျွန်တော်တောင် ဒီလိုခံစားနေရရင် ကာယကံရှင်ဖြစ်တဲ့ သူ့ရင်ထဲ ဘယ်လိုများဖြစ်နေလောက်မလဲ ဆိုတာ တွေးကြည့်လို့တောင်မရဘူး ။ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ သိပ်ကို သနားဖို့ကောင်းတယ် ၊ ငယ်ရွယ်စဥ်မှာ ရင့်ကျက်တတ်ဖို့ သင်ယူခဲ့ရပြီး အသက်ကြီးလာတဲ့အခါမှာလည်း စွန့်လွှတ်တတ်ဖို့ အတင်း သင်ယူသွားကြရတယ် ၊ ကျွန်တော် သူငယ်ချင်းလိုမျိုး ပြည်ပကို ထွက်ခွာသွားကြတဲ့ ခေတ်ပညာတတ် လူငယ်တွေနဲ့ ထွက်သွားဖို့ စောင့်ဆိုင်းနေကြတဲ့ လူငယ်လေးတွေ မြန်မာနိုင်ငံမှာ အများအပြားရှိတယ် ၊ သူတို့ကို ကျွန်တော်က ဆော်လမွန်ငါး တွေနဲ့ တွဲ ပြီး မြင်ယောင်မိတယ် ။ ဆော်လမွန်ငါးတွေဟာ ထူးခြားပါတယ်။ သူတို့ဟာ မွေးဖွားခဲ့တဲ့ မြစ်ကနေ ပင်လယ်ကို ထွက်သွားပြီး နှစ်ပေါင်းများစွာ ရှင်သန်ကြီးပြင်းကြတယ်။ အချိန်တန်တော့ ရေစီးကို ဆန့်ကျင်၊ရေတံခွန်တွေကို ကျော်ဖြတ်ပြီး အသက်အန္တရာယ်မျိုးစုံကို ရင်ဆိုင်ကာ မွေးဖွားခဲ့တဲ့ နေရပ်ဆီကို ပြန်လာကြတယ်။ အဲဒီခရီးက အိမ်ပြန်တဲ့ခရီးပါ။ ဒီနေ့ မြန်မာနိုင်ငံက လူငယ်အများအပြားဟာလည်း အလုပ်အကိုင်၊ လုံခြုံရေး၊ ပညာရေးနဲ့ ဘဝရပ်တည်ရေးအတွက် နေရပ်ကို စွန့်ခွာပြီး နိုင်ငံရပ်ခြားကို ထွက်ခွာနေကြရပါတယ်။ တချို့က နှစ်အနည်းငယ်အကြာမှာ မိသားစုဆီ ပြန်လာနိုင်ကြတယ်။ တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ ပြန်မလာနိုင်ကြတော့ဘူး။ တချို့အတွက်တော့ "အိမ်ပြန်မယ်" ဆိုတဲ့ စကားလေးက အိပ်မက်တစ်ခုလိုတောင် ဖြစ်သွားကြပါပြီ။ ဆော်လမွန်ငါးတွေမှာ မွေးဖွားရာမြစ်ကို ပြန်ခေါ်နေတဲ့ သဘာဝဗီဇရှိသလိုမျိုး လူသားတွေမှာလည်း ကိုယ့်မိဘ၊ ကိုယ့်အိမ်၊ ကိုယ့်မွေးရပ်မြေကို လွမ်းတဲ့စိတ် ရှိကြပါတယ်။ ဒါကြောင့် ပြည်ပကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို တွေ့ရင်"မင်းဘယ်တော့ နိုင်ငံခြားသွားမှာလဲ " လို့ မေးမယ့်အစား "တစ်နေ့တော့ မင်းရဲ့ စွန့်စားမှုက အရာထင်မှာပါ " လို့ ဆုတောင်းပေးနိုင်ရင် ပိုပြီး အဓိပ္ပာယ်ရှိမယ် ထင်ပါတယ်။ ကျွန်​တော်တို့ လူငယ်တွေရဲ့ အကြီးမားဆုံးအိပ်မက်က နိုင်ငံခြားမှာ အမြဲနေရဖို့ မဟုတ်ပါဘူး။ တစ်နေ့မှာ...ကိုယ့်အိမ်၊ ကိုယ့်မိဘရှိတဲ့နေရာ၊ ကိုယ့်မွေးရပ်မြေကို ဂုဏ်ယူစွာ ပြန်လာနိုင်ဖို့ပါပဲ ။#fyp #foryoupage #ဂျပန်ရောက်မြန်မာများ #စာရေးသူအားcrdလေးစားစွာဖြင့်

Phyo Thaw Zin
Phyo Thaw Zin
Open In TikTok:
Region: JP
Tuesday 14 July 2026 05:00:58 GMT
171740
17287
87
2091

Music

Download

Comments

zzthuraa
Kiyotaka :
God bless you guys❤️
2026-07-19 08:14:26
0
hnin78704
K♐ :
ဆော်လမွန်ငါးတွေကမြစ်ရေစီးဒဏ်ကိုဆန့်ကျင်ပြီးအိမ်ပြန်ခဲ့နိုင်သလိုပြည်ပရောက်မြန်မာတွေလည်းအမိနိုင်ငံကိုအမြန်ဆုံးပြန်နိုင်ကြပါစေ သူတို့ကိုကြိုနေမယ့်မြစ်ပြင်ကျယ် လည်း အမြန်ဆုံးဒဏ်ရာကင်းပြီးအလှဆုံးပြုံးနိုင်ပါစေ 🕊🕊ဒါမှလည်းအိမ်ပြန်လာမယ့်ဆော်လမွန်ငါလေးတွေအမောပြေနိုင်မယ်🥺
2026-07-14 15:18:06
574
shwe140207
Shwe金” :
Commentသိပ်ရေးလေ့မရှိပေမယ့် ဒီအဖြစ်အပျက်လေးရဲ့ သူငယ်ချင်းနေရာက ကိုယ်နဲ့ တူနေလို့ ဒီစာလေးကိုဖတ်မိတာ အရမ်းဝမ်းနည်းမိတယ် ကိုယ်ဆိုလည်း အခုဆိုအဖေကိုဆုံးရှုံးထားရတဲ့သူဖြစ်ပြီး နိုင်ငံရပ်ခြားမှာ ပိုက်ဆံရှာဖို့ ဘာသာစကားကို တက်ရောက်နေတဲ့ သူတစ်ယောက်ပါ တကယ်လို့များ နိုင်ငံခြားရောက်သွားရင် ပိုက်ဆံများ”ရှာပြီး မြန်မာနိုင်ငံကအမေကို ပြန်ကျေးဇူးဆပ်နိုင်ပါ့မလား ဖြစ်နိုင်ပါ့မလားဆိုတဲ့အတွေးတွေနဲ့ ရှေ့ဆက်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ပါ ဟိုရောက်လို့ ပြန်လာချင်တဲ့အချိန် ပြန်လာမရမှာလည်းစိုးတယ် အမေ့အသက်ကလည်း ၆၀နိီးပြီမို့ အမေနဲ့လည်း မခွဲနေချင်ဘူး ဒါပေမယ့်လည်း ပိုက်ဆံဆိုတဲ့ ကိစ္စက လူကိုအရမ်းစိုးရိမ်နေရလို့ အမေနဲ့ခွဲပြီး ပိုက်ဆံရှာဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်…….မြန်မာနိုင်ငံက လူချမ်းသာမဟုတ်တဲ့ မြန်မာလူငယ်တွေက အရမ်းသနားစရာကောင်းပါတယ် သူ့ဝါသနာ ရည်မှန်းချက်တွေအကုန် စွန့်လွတ်ပြီး “ပိုက်ဆံ”ဆိုတဲ့အရာနောက်ပဲ လိုက်နေကြရတယ်…….နိုင်ငံရပ်ခြားရောက်နေတဲ့အကိုလည်း မျှော်လင့်ချက်နဲ့ အားတင်းပြီးရှေ့ဆက်ပါနော်…..
2026-07-14 12:09:41
288
gono77_0
milo :
ငါတို့နိင်ငံက တချို့လူကြီးတွေက ကြယ်လေးတွေလင်းလတ်နေတာကိုမလိုလားကြဘူး
2026-07-15 03:38:16
63
phyothawzin5
Phyo Thaw Zin :
ဒီ Post ဟာ အရွယ်မရောက်ခင် အတင်းရင့်ကျက်ခဲ့ရပြီး ပြည်ပကို စွန့်စားထွက်ခွာသွားကြတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ မြန်မာလူငယ်တွေကို ရည်ရွယ်ပါတယ် ။ ကျွန်တော့်မှာ ၉နှစ်လောက်ခင်လာခဲ့တဲ့ သက်တူရွယ်တူ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူနဲ့ကျွန်တော်က သူငယ်ချင်းဆိုပေမဲ့ ညီအကိုအရင်းလိုချစ်ကြတယ် ၊ မိသားစုကလည်း တစ်ဖက်နဲ့တစ်ဖက်သိကြတယ် ၊ သူက ဉာဏ်ကောင်းပြီး ကျွန်တော်ကတော့ ဇွဲကောင်းတယ် ၊ ကျွန်တော်ရဲ့ အိမ်မက်က အောင်မြင်တဲ့ နိုင်ငံရေး စာရေးဆရာ တစ်ယောက် ဖြစ်လာချင်တာ ဖြစ်ပြီး သူကတော့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။...ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းက ကံမကောင်းခဲ့ရှာဘူး ၊ စနစ်ဟောင်း ပညာရေးမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ် 540 ကျော် နဲ့ အောင်မြင်ခဲ့ပေမဲ့ မိသားစုရဲ့ အကြွေးတွေ ၊ စီးပွားရေးမပြေလည်မှုတွေကြောင့် အင်ဂျင်နီယာဖြစ်ဖို့ အမှတ်မှီနေခဲ့ပေမဲ့လည်း သူလက်လျှော့ခဲ့ရတယ် ၊ နောက်ပိုင်းမှာတော့ နိုင်ငံရေးအလှည့်အပြောင်းကြောင့် သူ့မိသားစုရဲ့ စီးပွားရေး ကြပ်တည်းလာပြီး အကြွေးကော အတိုးပါ နွံနစ်လာခဲ့တယ် ၊ ကြံရာမရတဲ့ အဆုံးမှာ ကျွန်တော့်သူငယ်ချင်းဟာ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချခဲ့တယ် ၊ အဲ့တာကတော့ နောက်ထပ်အကြွေးနည်းနည်းထပ်ယူပြီး သူတတ်မြောက်ထားတဲ့ အရည်အချင်းနဲ့ ဂျပန်မှာအလုပ်လုပ်ရင်း အကြွေးဆပ်ဖို့ပါပဲ ၊ အဲ့လိုနဲ့ သူအကြွေးဆပ်နိုင်ဖို့အတွက် ဂျပန်မှာ ရရာနည်းနဲ့ပိုက်ဆံရှာဖို့ ကျွန်တော် နဲ့ သူ့မိသားစုကို နှုတ်ဆက်ပြီး Training သုံးနှစ် နဲ့ ဂျပန်ကိုထွက်သွားခဲ့တာ အချိန်တစ်နှစ်ရှိခဲ့ပါပြီ။ နောက်ဆုံးတစ်ခေါက် သူနဲ့ ကျွန်တော့် Video call ပြောတုန်းက သူပြောခဲ့ဖူးတဲ့ စကားကိုကျွန်တော် ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး။ ... " အခု သူ့မှာ အမေ ရယ် သူ့အဒေါ် (ကြီးမေ)ရယ်ပဲ ရှိတယ် ၊ ဒါပေမဲ့ အဖေဆုံးပြီးကတည်းက မိသားစုတာဝန်ကို ထမ်းခဲ့ရတဲ့ သူ့အမေကလည်း ပင်ပန်းနေပြီဖြစ်သလို သူ့ကိုထိန်းခဲ့တဲ့ ကြီးမေကလည်း အသက်အရွယ်ကြောင့် မကျန်းမာတော့ဘူး ၊ ငါဒီမှာငွေတွေ အတင်းရှာနေပေမဲ့ ငါပြန်လာတဲ့အခါကျရင် ငါ့အိမ်လေး တိတ်ဆိတ်နေပြီး ငါတစ်ယောက်တည်း ဖြစ်သွားမှာကို ငါကြောက်တယ် " တဲ့.....။ သူဒီစကားကိုပြောတော့ကျွန်တော်ငိုခဲ့တယ် ၊ဘာကြောင့်ဆို သူ့ဘဝရဲ့ တစ်ဝက်လောက်မှာ ကျွန်တော်ပါခဲ့တယ် ။ သူ့မိသားစုအခြေအနေကိုကျွန်တော်သိတယ် ၊ ကျွန်တော်သူ့အိမ်သွားလည်တိုင်း မြင်ရတဲ့ သူအမေနဲ့ အဒေါ်ရဲ့မျက်နှာရယ် ၊ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ဖြတ်သန်းခဲ့တဲ့ဘဝရယ်ကို ပြန်တွေးမိရင် သူ့စကားက ကျွန်တော့်လိုဘေးလူကိုတောင် ငိုကြွေးစေခဲ့တာကြောင့်ပဲ ။ ကျွန်တော်တောင် ဒီလိုခံစားနေရရင် ကာယကံရှင်ဖြစ်တဲ့ သူ့ရင်ထဲ ဘယ်လိုများဖြစ်နေလောက်မလဲ ဆိုတာ တွေးကြည့်လို့တောင်မရဘူး ။ ကျွန်တော်တို့ မြန်မာလူငယ်တွေ
2026-07-18 00:04:04
12
dripp3021
Dlobr :
ဘာတတ်နိုင်လို့လဲဗျာသိသိကြီးနဲ့ဇွတ်တိုးနေရတာပဲမဟုတ်လားပြည်ပမှာနေပြီးအိမ်လွမ်းနေတဲ့သူထပ်ပြည်တွင်းထဲနေပြီးအိမ်လွမ်းနေရတဲ့ဘဝတွေကပိုဆိုးပါတယ်ဗျာ
2026-07-15 08:24:46
11
lawber2
福/Fu Fashion Shop :
မျက်ရည်ကျမိတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ အတင်းကြီးရင့်ကျပ်ချင်ယောင်ဆောင်ရတာတကယ်ကိုပင်ပန်းတယ်ဗျာ #08
2026-07-17 06:07:12
16
mon014
↭Vᴇᴇ vᴇᴇ✾ :
ဂျပန်သွားဖို့ လုပ်နေတာ၊ အဝေးကို ရောက်နေရာကနေ အိမ်ကိုပြန် လာတဲ့အချိန်ကျ အဲ့လိုတိတ် ဆိတ်နေမှာကိုလည်းကြောက်မိသလို၊ ကိုယ်အဝေးမှာ ရှိနေတဲ့အချိန် ကိုယ်မသိခင်လေးမှာ တိတ်ဆိတ်နေမှာလည်း ကြောက်မိတယ်
2026-07-15 03:23:41
15
shoon.lei.mon5
Shoon lei mon :
Lord I am 500 miles from my home😭
2026-07-15 07:28:24
0
moepyaepyaeaung2442001
moepyaepyaeaung2442001 :
တစ်ကယ်ပါအဲ့ဒီခံစားချက်ပါတစ်ကယ်ဆိုးတယ်ကိုယ်ကဒီမှာပိုက်ဆံကုန်းရုန်းရှာနေပေမယ့်ကိုယ်ပြန်လာချိန်ကိုယ့်အိမ်လေးကလူမရှိဘဲတိတ်ဆိတ်သွားမှာတစ်ကယ်ကြောက်မိတယ်🤧
2026-07-14 18:38:47
27
kt9kothet
Ko Thet ( K.T) :
88 ကြောင့်ထွက်ခွာခဲ့ကြရတဲ့သူတွေ 2007 ကြောင့်ထွက်ခွာခဲ့ရသူတွေ သူတို့တွေ 2015-2016 မှာ အရောက်ပြန်လာခဲ့ကြပါတယ် သူများဆီမှာ သင်ယူခဲ့ လေ့လာခဲ့ရတဲ့ ပညာတွေနဲ့ ကိုယ့်အရပ်ဒေသမှာ ပြန်အသုံးချရင်း အတူတကွ ရှေ့ဆက်ဖို့ မျှော်လင့်ချက်ကြီးတွေနဲ့ မရောက် ရောက်အောင်ကိုပြန်လာခဲ့ကြပါတယ် ... ဒါပေမယ့် ခုတော့ ပြန်ထွက်ခွာရပြန်ပြီ ရွှေ ပြည်တော် မျှော်တိုင်းဝေး 😓😓😓
2026-07-15 13:45:10
10
metawinlily28
Stella Khine🐟 :
အိပ်မက်ဆိုတာ ဘာလဲမသိတဲ့ လူငယ်တယောက်ပါ။ခုတော့ ကျတော့်အိပ်မက်က ပိုက်ဆံစုပီး အိမ်ပြန်နိုင်ဖို့ပဲ။
2026-07-14 15:27:57
11
pearlshwe5
Valeria Noban :
ဟိုအကိုစကားကတကယ်ထိပါတယ် အမေရယ်ကြီးမေရယ်အသက်အရှည်ကြီးနေနိုင်ပါစေ ဖိုက်တင်းbroတို့
2026-07-14 09:52:34
8
pyienbqyf1t
Howard :
ကိုယ်လဲ အကြောင်းတရားများစွာဟာ တကယ်စးဆန်းစ၊စ်ရင် ရုတ်ညံတဲ့အပြစ်စကားပြောတာမဟုတ်၊သူများကိုလွဲချတာ။ နိုင်ငံမှာ စီမံသူတွေ အသုံးမကြလို့ ၊လူငယ်တိုင်း ရွေးချယ်ခွင့်မဲလာကြတာ ၊မိမိလဲ ၅၀ကျော်ပေါ့၊Thanks.
2026-07-14 08:42:50
9
babypandar125
Kywe Lay :
ဒီပိုစ့်လေးဖတ်မိတော့ ကျနော့်မိဘနှစ်ပါးကိုသွားပြေးမြင်မိတယ်။ကျနော်ထွက်လာတုန်းကဆံပင်မဖြူတဲ့အဖေကဒီသုံးနှစ်အတွင်းတစ်ခေါင်းလုံးဖွေးဖွေးဖြူသွားတယ်။အရွယ်တင်တဲ့အမေကအခုတော့အရွယ်ကျသွားလိုက်တာ 😌။ ကျနော့်အိမ်ပြန်လမ်းလဲမရေရာသေးဘူး😔
2026-07-14 11:37:43
10
wkwkkkwk3k7
Jack :
စာရေးဆရာပီသပါတယ်
2026-07-15 16:06:53
4
nicker791
[OWN] :
ဆယ်လမွန်ငါးတွေ မွေးရပ်မြေကစထွက်ပုံကလည်းမတူကြပါဘူး...တချို့သောသူတွေက လေယာဉ်နဲ့အေးအေးဆေးဆေးထွက်ခဲ့ကြတာပါ..တချို့လူတွေက ငွေအားမတတ်နိုင်လို့ ခိုးလမ်းအောက်လမ်း... တောတောင်ရေမြေပေါင်းများစွာကိုဖြတ်ကျော်ပြီးထွက်ခဲ့ရတာ... ဒါပေမဲ့.ပြောချင်တာ အစိုးရမကောင်းတော့ လူငယ်တွေတက်လမ်းမရှိတဲ့အပြင်မှာ ဘယ်နေ့အိမ်တံခါးလာခေါက်မလဲအတွေးနဲ့ကြောက်နေရတာမလို့ လူငယ်အများစုက ပြည်ပမှာ ထွက်ပြေးတိမ်ရှောင်ရင်း ကျွန်သဖွယ်ရုန်းကန်းခဲ့နေရတယ်...😳😳😳
2026-07-17 05:34:57
3
t4438683
T🕸️🦋 :
ရင်ထဲကအကြောင်းရာတွေ အပြင်ထုတ်မပြတက်တဲ့သူမျိုးပါ ဒီစာလေးကိုဖတ်ရတာအရမ်းဝမ်းနည်းမိတယ် ခေတ်စနစ်ဆိုးကြီးမှာ အရမ်းသနားစရာကောင်းတဲ့ ငါတို့လူငယ်တွေ💔
2026-07-15 03:11:24
2
yarzarwin0235
YarZarWin :
မျက်ရည်တောင်ဝဲရပါတယ်
2026-07-15 11:46:52
1
.yue524
levi arkamin :
ငါမာဆိုရင်ဖွင့်စရာလူတောင်မရှိပါဘူးရှိတဲ့လူလည်းနားမထောင်ချင်လောက်ဘူး
2026-07-17 14:53:51
1
headeaddd
ဖေဖေဘက်က အမျိုးတေကိုချစ်တယ်🙂 :
ငါအိမ်ပြန်လာလို့ ငါတစ်ယောက်တည်းဖြစ်နေမှာကိုကြောက်တယ်လို့ပြောတဲ့စကားမှာ အကြိမ်ကြိမ်သေရပါတယ်😌🥀💔🥺
2026-07-15 04:39:59
2
To see more videos from user @phyothawzin5, please go to the Tikwm homepage.

Other Videos


About