@atarchanvlogs: နေ့ချင်းပြန်(၅)နာရီခွဲပဲကြာမယ့်ရန်ကုန်-ပြည်DEMUရထားရဲ့အချိန်စာရင်းနဲ့ရပ်တန့်ဘူတာများ🚇 ဩဂုတ်လ(၁)ရက်နေ့ကစလို့ ပြည်မြို့ကခရီးသွားတွေလည်း အဲကွန်းရထားကြီးဇိမ်ကျကျစီးလို့ရပြီးအချိန်ကုန်သက်သာ ပင်ပန်းသက်သာပါပြီ✅ 🔹ရန်ကုန်ကနေ မနက်(၅)နာရီခွဲ ထွက်ပြီး ပြည်မြို့ကိုမနက်(၁၁)နာရီဆိုက်ရောက်မှာပါ။ 🔹ပြည်ကနေလည်း နေ့လည့်(၁)နာရီထွက်ပြီး ရန်ကုန်ကိုညနေ(၆)နာရီခွဲ၀န်းကျင်ဆိုက်ရောက်မယ်လို့လည်း သိရပါတယ်။ လမ်းရပ်တန့်ဘူတာတွေအနေနဲ့ 1.အင်းစိန် 2.သာယာ၀တီ 3.လက်ပံတန်း 4.ကြို့ပင်ကောက် 5.နတ်တလင်းနဲ့ 6.ပြည် တို့ပဲဖြစ်ပါတယ်။ ▪️(၁)ရက်နေ့မတိုင်ခင်တိုင်းဆိုမှုများတဲ့ #ပေါင်းတည်ဘူတာရပ်တန့်ဖို့မျော်လင့်ရပါတယ်🙏 🚂ရပ်တန့်ဘူတာနည်းတာမို့ လမ်းကမြို့လေးတွေမှာဆင်းမယ့်ခရီးသွားများအနေနဲ့တော့ ယခုပြေးဆွဲလျက်ရှိတဲ့ 71/72အစုန် အဆန်လေအိတ်ရထားကိုပဲ ပြန်လည်အားကိုးရဦးမှာပါ👍 အဲကွန်းရထားစထွက်တဲ့နေ့ကစပြီးလေအိတ်ရထားလက်မှတ်တွေလည်း #အွန်လိုင်းကနေပဲ၀ယ်ယူလို့ရတော့မှာမို့ အနယ်နယ်အရပ်ရပ်ကနေ လက်မှတ်၀ယ်ချင်တဲ့ခရီးသွားတွေက ရက်ကြိုလက်မှတ်ရုံမှာ လူကိုယ်တိုင်သွားစရာမလိုတော့ပဲ ရထားစီးမယ့်နေ့မှ ဘူတာကြီးမှာ လက်မှတ်လဲလို့ရသွားမှာပဲဖြစ်ပါတယ်✅ (၁)ရက်နေ့အတွက်အဲကွန်းရထားနဲ့လေအိတ်ရထားတို့အတွက်ကြိုတင်လက်မှတ်တွေကိုလည်း 🚇ရှေ့ကခရီးစဉ်တွေလို ခရီးအစ/ဆုံး (၇)ရက်ကြို၊လမ်းဘူတာများအတွက် (၅)ရက်ကြိုစနစ်နဲ့ ortp website မှာ ဇူလိုင်(၂၆)ရက်မနက်(၁၂)နာရီမှာစတင်၀ယ်ယူလို့ရသလို 🚇ကြားဘူတာသမားတွေကတော့ ဇူလိုင်(၂၈)ရက်နေ့မှ၀ယ်ယူလို့ရမှာပါနော်။ 🎫လက်မှတ်ခအတိကျမထွက်လာသေးပေမယ့်လည်းခန့်မှန်းကြည့်ရသလောက် ယခင်ပြည်ရထားကမော်လမြိုင်လက်မှတ်နဲ့ဈေးတူတာကြောင့် မော်လမြိုင်DEMUဈေးနှုန်းလောက်ပဲပေးရမယ်ထင်ပါတယ်😌 🛺လည်ပတ်စရာကောင်းတဲ့မြို့ 🖼️စာပေ၊ဂီတ၊ယဉ်ကျေးမှုသမိုင်းတွေအများကြီးရှိတဲ့မြို့ 💁♀️လေ့လာစရာများတဲ့ပြည့်မြို့ကနောက်ဆိုခရီးသွားများနဲ့ပိုပြီးစည်ကားလာတော့မှာပါ။ ခရီးသွားအားလုံးစပိန်မလေးနဲ့အတူ ဇိမ်ကျကျနဲ့ခရီးများဆက်နိုင်ကြပါစေ🙏 🚫ပုံနဲ့စာသားများကို copyပြန်လည်ကူးယူခြင်းမျိုး လုံး၀ခွင့်မပြုပါဘူးရှင့်။pageသမားများအထူးသတိထားပါ🚫 #ပြည်မြို့ #DEMU #train
AtarChan Maymay💗💗
Region: MM
Tuesday 14 July 2026 14:38:59 GMT
Music
Download
Comments
Aung Thu :
မင်းလှမှာ ရပ်ဖို့သင့်ပါတယ် ဘာလို့ဆိုဧရာဝတီဘက်က ပြည်သူတေ၊ မိုးညိုက ပြည်သူတေနဲ့ မင်းလှမြို့ကတဆင့် သွားရင် ရန်ကုန်၊ ပြည်၊ နေပြည်တော်ဘက်တေဆို လမ်းခရီးက အရမ်းနီးသွားပါပီလို့ အကြံပြု တောင်းဆိုပါတယ်ခမျာ
2026-07-15 03:07:30
6
兔子 :
ပြောတော့အုတ်ဖိုဘူတာအကယ်လှတယ်ဘာရယ်နဲ့အုတ်ဖိုဘူတာလည်းမရပ်ဘူး😂😂😂
2026-07-15 02:22:45
5
Aung pyae zaw :
သာယာဝတီနဲ့ လက်ပံတန်းက ကပ်နေတာ တစ်ဘူတာပဲ ရပ်သင့်ပါတယ် လှော်ကား မှော်ဘီ တိုက်ကြီး တစ်ဘူတာ ရပ်သင့်ပါတယ် မြို့ပြင်မှာ တဘူတာရပ်မှ အဆင်ပြေမှာပါ
2026-07-15 02:04:17
8
Kyu Kyu :
လက်ပံတန်းပြီး နတ္တလင်းရပ်သင့်တယ် အရမ်းနီးတယ် ကြို့ပင်ကောက်မလိုဘူးထင်တယ် ပြီးရင် သဲကုန်းရပ်သင့်တယ် အဲ့တာကကြားဖြစ်နေတော့ ပုတီးကုန်း သဲကုန်း ဆင်မြီးဆွဲမြို့က လူတွေအတွက်အဆင်ပြေအောင်လို့ပေါ့ 🥰
2026-07-15 03:48:16
3
Yukia Zon Lay :
သဲကုန်းမြို့ပါရပ်ရင်ပိုကောင်းပါတယ်
2026-07-15 03:41:44
1
Moh moh :
ပေါင်းတည် မရပ်ဘူးဆိုတော့ ငါတို့ကရန်ကုန်သွားရင် ညဘက်ပဲစီးရအုံးမှာပေါ့ ပေါင်းတည်ကလူစီးများတာကို သူတို့ရပ်တဲ့ဘူတာတွေက တက်တဲ့သူတောင်မရှိတဲ့ဘူတာတွေ
2026-07-15 02:57:46
2
C :
ဈေးလေးတွေပါ တွဲတင်ပေးပါလား
2026-07-15 04:04:37
1
Myintmo :
ရန်ကုန် ပြည်စဆုံးဆိုတော့ ok
ပုံမှန်ဆို ပြည်ကို ည ၇နာရီခွဲလောက်မှရောက်တာ
2026-07-15 03:15:07
1
Swe Darli :
သာယာဝတီရပ်မယ်ဆိုတော့ အဆင်ပြေလိုက်တာ မရပ်မှာတွေးပူနေတာ 🥰
2026-07-15 03:04:20
2
Phyo Thu :
လှော်ကားမရပ်ဘူးလာ ရွေပြည်သာကပါ
2026-07-15 04:25:59
0
tunminzaw41 :
နတ်တလင်း တော့ရပ်ပီ ပေါင်းတည်မရပ်ဘူးဆိုတော့😂😂😂
2026-07-15 00:44:38
0
kohtet :
မနက်ကိုပြည်ဘက်ကစထွက်သင့်ပါတယ်
2026-07-15 02:40:50
0
seinsein7899 :
နေ့ချင်းပြည်လည်ရအောင်၁၁ရောက်၁နာရီပြန်ထွက်ဆိုတော့ လည်ချိန်မရှိ ၃နာရီလောက်ပြနထဇွက်ဆိုနေ့ခိင်ပြန်လည်လို့ရတယ်
2026-07-15 03:31:52
0
Golden Lion :
အွန်လိုင်းကမဝယ်တတ်လို့ဘူတာသွားဝယ်လ်ု့မရဘူးလာ
2026-07-14 17:39:25
0
La Min :
ငါလဲ ဘူတာနားမှာကပ်နေပြိး အဲရထားထွက်မယ်ဆိုတာလဲမသိဘူး ခုမှသိတယ် ခရီးထွက်ချင်လိုက်တာဟယ်
2026-07-15 04:29:56
0
kyaw gyi :
ဘယ်တော့လဲ
2026-07-15 04:06:53
0
TPA (family)စားချက်🤤🤤🤤 :
ကိုယ်ကဆင်မြီးဆွဲသူဆိုတော့ ဆင်မြီးဆွဲရပ်စေချင်တယ်😁🥰🥰
2026-07-15 04:03:23
0
Moe :
မင်းလှပါတယ်လေ
2026-07-15 03:01:23
0
Kyaw Min :
မင်းလှမှာရပ်ရမှာဗျာမိုးညို ထိန်တောခရီသည်တွေရှိပါတယ်
2026-07-15 00:21:28
8
UNgeLay ဦးငယ်လေး :
အုတ်ဖ်ုဘူတာရပ်လား😁
2026-07-15 04:26:56
0
🍄🍄Mario KhingZar112🍒🍒 :
ဇီးကုန်းမှာ ရပ်ရင်ကောင်းမယ်နော်🥰
2026-07-15 04:18:03
0
လရောင်အဝေးက ကြယ် :
Toilets ပါလားရှင့်
2026-07-15 03:59:10
0
user8703101681378 :
ပြည်ဘူတာကစပြေးရင်ကောင်းပါတယ်
2026-07-15 04:32:43
0
Hla Toe :
အုတ်ဖို ဘူတာမရပ်တာ ဘာသဘောလဲ
2026-07-15 03:57:54
0
KO ZAW :
ဇီးကုန်းဘူတာ ပါ ရပ်ပေးလျင် အဆင်ပြေတာပေါ့။
2026-07-15 01:20:36
0
To see more videos from user @atarchanvlogs, please go to the Tikwm
homepage.