@ye.myint6033: နှဲထပ်ပတ်ထပ်#မန္တလေးအောင်သူ#နှဲပညာရှင်မြန်မာညွန့်ဦးချစ်မောင်ရဲ့ဂုဏ်ကိုဖေါ်ချင်လို့အစားထိုးပြီး#မန္တလေးအောင်သူနဲ့နှဲဆရာ တို့နဲ့ကိုယ်စားပြုဖေါ်ပြတာပါ။ထပ်တူနီးပါးအားရလောက်မဲ့ကိုယ်စားပြုတာပါ။ဦးချစ်မောင်အကြောင်းကတော့စာပဲရှိပါတယ်။အသံဖိုင်မရှိပါ။commentမှာဖတ်ပါဗျာ။

လေးဘိုရဲ
လေးဘိုရဲ
Open In TikTok:
Region: MM
Tuesday 14 July 2026 15:16:52 GMT
1711
78
4
3

Music

Download

Comments

u.bo.ye53
တောက်တဲ့နဲ့တက်တူ :
နဲဆရာကြီးမြန်မာညွန့်ဦးချစ်မောင် အပိုင်း(၁) “ငါဟူသောမာန်မာနကို ဖယ်ကြစို့ရဲ့လေ၊ ဝါးစည်းကောင်းတော့ ချောင်းမြောင်းငယ်က သွယ်ချစေ၊ လိုရာခရီး အပြီးရောက်ပေ၊ ရန်သူမျိုး တိုးမဝှေ့ပေ၊ ဝါးဖောင်နှင့်စကားတောင် ပုံပြု၊ တန်တုသက်သေ တက်နေရောင်ထွန်း တောင်ကျွန်းပေါ်မလေ၊ ခါဓွန့်ရှည်စေ မြန်မာညွန့် အမည်ကျော်စေ၊ အငြိမ့်ခေါင်မဟေ" လွန်ခဲ့သောအနှစ်သုံးဆယ်လောက်က မြန်မာအငြိမ့်သဘင်လောကကို ပြန်၍ကြည့်မည်ဆိုလျှင် အထက်ပါနန်းတော်ရှေ့ဆရာတင် ရေးစပ်ခဲ့သော သီချင်းနှင့်အတူ မြန်မာညွန့်အငြိမ့်သဘင်အဖွဲ့ကြီးကို တိုင်းပြည်က အားပေးမြှောက်စားနေသည်ကို တွေ့မြင်ကြရပေမည်။ နန်းတော်ရှေ့ဆရာတင်၊ ဝိုင်အမ်ဘီအေသခင်တင်(ဒိုဗမာသီချင်းကို စပ်ခဲ့သူ)၊ သဟာယဆရာတင်စသည့်နိုင်ငံကျော်ဂီတစာဆိုကြီးများ၊ ဦးဒန် အစရှိသည့်နိုင်ငံကျော် လူရွှင်တော်များအပြင် ဥဩမယ်တင့်, နေပြည်တော်မြရီ, ၎င်း၏ညီမ ဘာမဲန်းနီးယားမြသီတို့နှင့်မြန်မာညွန့်အငြိမ့်သဘင်အဖွဲ့ကို ဦးချစ်မောင်ဦးစီး၍ ဖွဲ့စည်းတည်ထောင်ခဲ့လေသည်။ မြန်မာညွန့်အငြိမ့် ဖွဲ့စည်းတည်ထောင်ခဲ့သည့်အချိန်တွင် ဦးချစ်မောင်သည် နှဲပညာတွင် တိုင်းပြည်က သူမတူအောင် မြှောက်စားခြင်းခံနေရသောအခါကောင်းလည်း ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏အငြိမ့်တွင် မင်းသမီးများ မည်မျှပင် က, ခုန် ဖြေဖျော်၍ ပြီးစေကာမူ ပရိသတ်က ဦးချစ်မောင်၏နှဲသံကို မကြားရလျှင် မကျေနပ်နိုင်လောက်အောင် ဖြစ်ခဲ့ကြသည်။ ထိုအခါက ငါးမတ်မျှသာ ပေးရသောနှဲတလက်ကို ဦးချစ်မောင်ထံမှ တရာအထိပေး၍ ဝယ်ယူသူများပင် ရှိခဲ့ဘူးသည်။ တချို့သော နှဲဆရာများက ဦးချစ်မောင်သည် ကိရိယာကောင်း၍သာ နှဲသံကောင်းသည်ဟု အထင်ရှိ၍ သူ၏နှဲကို မရမက ဝယ်ယူကြခြင်း ဖြစ်သော်လည်း နောက်ညများတွင် ဦးချစ်မောင်နှဲသံကို ကြားရပြန်သောအခါ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်ခဲ့ကြသည်။ ကိရိယာကြောင့် မဟုတ်၊ လူကိုယ်တိုင်က တော်ခြင်းဖြစ်သည်ကိုလည်း ဝန်ခံခဲ့ကြလေသည်။ ဦးချစ်မောင်သည် နှဲပညာအရာတွင် တဖက်ကမ်းခတ်ခဲ့သည်သာမက အငြိမ့်သဘင်မူတွင်လည်း ရှေ့နောက်မှီခဲ့သူ ဖြစ်ပေသည်။ သဘင်မှု အနုပညာကိုသာ ကျွမ်းကျင်သည် မဟုတ်၊ စည်းစံနစ်ဘက်၌လည်း ပိရိသူဖြစ်ပေသည်။ အငြိမ့်စင်ပေါ်တွင် ပရိသတ်ရှေ့၌ မင်းသမီးထမီဖြန့်လဲခြင်း၊ လူပျက် ပုဆိုးလဲခြင်းတို့ကအစ တားမြစ်ပြုပြင်ခဲ့လေသည်။
2026-07-14 15:21:20
0
u.bo.ye53
တောက်တဲ့နဲ့တက်တူ :
မြန်မာညွန့်ဦးချစ်မောင် အပိုင်း(၃) သူနှဲလေ့ကျင့်ခဲ့စဉ်က တရပ်လုံးကပင် အားမပေးသည့်အပြင် ခဲဖြင့် ပေါက်ထုတ်ခဲ့သည်ဖြစ်ရာ ယခု သူ၏နှဲသံကောင်းတော့မှ ရပ်ရွာက ဖိတ်ခေါ်ခြင်းကို လက်မခံနိုင်ကြောင်းဖြင့် ပြောခဲ့သည်ဆို၏။ ဆရာကြီးသည် ခေါင်းမာလှကြောင်း၊ ပညာကို တန်ဘိုးထားကြောင်း၊ ပညာကို မလေးမစား စော်ကားခြင်းကို ငယ်စဉ်ကပင် ခံခဲ့သူမဟုတ်ကြောင်း၊ သဘင်ပညာကို ချစ်ခင်လေးစားသလောက်လည်း ကြီးမားလှသောဇွဲနဘဲဖြင့် ဒုက္ခဆင်းရဲအမျိုးမျိုးကို ခံယူကာ ဆရာအမျိုးမျိုးတို့ထံတွင် တပည့်ရင်းခံ၍ လေ့လာဆည်းပူးခဲ့ကြောင်းများကို ဆရာကြီး၏အတွေ့အကြုံ ပြောပြချက်များအရ သိရှိခဲ့ရပေသည်။ ဆရာကြီး၏လက်ဦးဆရာများမှာ ပခုက္ကူမြို့မှ ပတ်တီးဦးချမ်းမြ၊ ဦးဖေညွန့်၊ ဦးဆယ်ပွင့်နှင့်ဦးစံဦးတို့ဖြစ်ကြ၍ နှဲဆရာကြီးများမှာ ဆရာကြွယ်၊ ဆရာရွဲ၊ ဦးဖိုးခင်၊ ဦးကျော်ဒင်နှင့်ဦးထွန်းအေးတို့ဖြစ်ကြသည်။ ထိုဆရာများနှင့်လေ့လာဆည်းပူးပြီးနောက် သဘင်မြို့တော်ကြီးဖြစ်သော မန္တလေးမြို့သို့ တက်ခဲ့၍ ဒေဝဣန္ဒာဆရာစိန့်နှင့်ဦးဗေဒါတို့ထံတွင် တပည့်ရင်းခံခဲ့ပြန်သည်။ အဆိုဘက်တွင်လည်း အဆိုဆရာ-ဆရာမှန်း၊ ဦးလူကြီး၊ အမေထွေးစသည်တို့အပြင် ခုံလှီးဦးဆင်၊ ဘာဂျာဆရာလွှား(ကွန်းဘိုးထိန်း၏မြေး)တို့ထံတွင် ဆည်းပူးခဲ့ပြန်သည်။ ဆရာကြီး၏နောက်ဆုံးဆရာသည် နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီးဦးဗေဒါပင် ဖြစ်၏။ ဆရာကြီးသည် အသက်ရှစ်နှစ်သားမှစ၍ ဦးဗေဒါထံတွင် ဂီတပညာကို လေ့လာလိုက်စားခဲ့ရာမှ များမကြာမီပင် ဦးဗေဒါ၏ဝိုင်းတော်ထဲတွင် ခေါင်းဆောင်နှဲအဖြစ် တီးမှုတ်ခဲ့ရလေသည်။ အသက် ၃ဝ ကျော်သောအခါမှပင် ကျန်းမာရေးအခြေအနေအရ ဆရာဝန်ကြီးဒေါက်တာဘသန်း၏အကြံပေးချက်နှင့်နှဲကို အမှုတ်လျှော့ခဲ့ရသည်။ နှဲမမှုတ်ရသော်လည်း ဆရာကြီးသည် ဂီတပညာကို စွန့်လွှတ်နိုင်သူ မဟုတ်ရကား အခြားသောကိရိယာများကို ပြောင်းလွှဲ၍ ကိုင်ခဲ့ရပြန်သည်။ ဆရာကြီးသည် ကိရိယာမျိုးစုံကို တတ်ကျွမ်းခဲ့သော်လည်း ပတ္တလျားကို ပို၍ စံနစ်တကျလိုက်စားတတ်မြောက်ခဲ့လေသည်။ အသက်သုံးဆယ်ကျော်မှပင် ကျန်းမာရေးကြောင့် မိမိတဖက်ကမ်းခတ် တတ်ကျွမ်းထားသည့်နှဲကို စွန့်လွှတ်ကာ ရွာစားကြီးဦးဗေဒါထံတွင် ပတ္တလျားသင်ရိုးကို အစမှအဆုံး ပြန်၍ လေ့လာဆည်းပူးခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ဆရာကြီးသည် အသင်အပြဘက်တွင် အားလုံးကပင် ချီးကျူးလေးစားခြင်းခံခဲ့ရလေသည်။ ဆရာကြီး၏တပည့်များတွင် တိုင်းပြည်၌ ထူးချွန်ကျော်ကြားသော ပညာရှင်များ ထွန်းပေါက်လာခဲ့လေသည်။ ဂီတသဘင်လောကအဖို့ ဝမ်းမြောက်ဖွယ်ရာအချက်တခုမှာကား ဆရာကြီးဦးချစ်မောင် အများဆုံးရရှိလိုက်ခြင်းပင် ဖြစ်လေသည်။ ထိုကြောင့်လည်း ဆရာကြီးသည် မိမိကျေးဇူးရှင် ဆရာရင်းဖြစ်သူ ဦးဗေဒါအား လေးစားကြည်ညို၍မဆုံး ဖြစ်ခဲ့ရသည်။
2026-07-14 15:22:41
0
u.bo.ye53
တောက်တဲ့နဲ့တက်တူ :
မြန်မာညွန့်ဦးချစ်မောင် အပိုင်း(၂) ပဏာမတီးလုံးတီးနေစဉ် ဇာတ်စင်ရှေ့ ထွက်ရတော့မည့်မင်းသမီး လူပျက်အားလုံးတို့သည် ပြင်ပြီးဆင်ပြီး အဆင်သင့်ရှိနေရမည်။ အဖွဲ့သားအားလုံးကိုလည်း ကိုယ့်တာဝန်နှင့်ကိုယ် လစ်ဟင်းမှုမရှိ၊ စည်းစံနစ်တကျ ဆောင်ရွက်နိုင်ရန် လေ့ကျင့်ထားပြီး ဖြစ်သည်။ ဦးချစ်မောင်သည် အငြိမ့်သဘင်တွင် အတီးဆရာများ၊ စာရေးဆရာများကိုယ်တိုင် ဇာတ်စင်ရှေ့တွင် ထွက်၍ တီးမှုတ်သီဆိုရသော စံနစ်ကိုလည်း တီထွင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာညွန့်အငြိမ့်သည် အငြိမ့်သဘင်တန်ဘိုးကို သုံးဆမျှ မြှင့်တင်ခဲ့ဘူးလေသည်။ ထိုအခါက အငြိမ့်တပွဲလျှင် သုံးဆယ်မှ ငါးဆယ်အထိသာ ရှိနေသောအချိန်တွင် မြန်မာညွန့်အငြိမ့်သည် တရာ့ငါးဆယ်အထိ မြှင့်တင်ခဲ့လေသည်။ သို့မြှင့်တင်ရာတွင်လည်း တန်ဘိုးငွေသာမဟုတ်၊ အနုပညာသဘင် အဆင့်အတန်းကိုလည်း မြှင့်တင် ခဲ့ခြင်းဖြစ်ရာ တိုင်းပြည်လူထုက နှစ်ခြိုက်အားပေးခဲ့ကြလေသည်။ ဆရာကြီးဦးချစ်မောင်သည် ပခုက္ကူမြို့ဇာတိဖြစ်၍ အဖဦးထွန်းမြိုင်-အမိဒေါ်စိန်ပွင့်တို့၏သားအကြီးဆုံး ဖြစ်ပေသည်။ ဆွေမျိုးအစဉ်အဆက်တွင် သဘင်ပညာဘက်တွင် လိုက်စားတတ်မြောက်သူ တဦးတယောက်မျှ မရှိခဲ့သည့်အလျောက် အသက်ဆယ့်သုံးနှစ်သားအရွယ်မှစ၍ နှဲတလက်ဖြင့် နားငြီးလောက်အောင် လေ့လာလိုက်စားခဲ့သော ဆရာကြီးအား ဖက်ခွက်စားကလေးဟု သမုတ်ခြင်းခံခဲ့ရတော့၏။ ဆရာကြီးသည် နှဲကို ပါးစပ်မချွတ်တမ်း လေ့လာခဲ့ရာ ရပ်ရွာမှနားငြီး၍ ခဲပေါက်ခံခဲ့ရဘူးသည်ဆို၏။ အိမ်အနီးတွင်ရှိသော စာသင်ကျောင်းမှ ကျောင်းဆရာများကလည်း စာသင်ချိန်တွင် နှဲမမှုတ်ရန် တားမြစ်ခဲ့ကြသည်။ ရပ်ရွာထဲတွင် နှဲမှုတ်သဖြင့် အနှောင့်အယှက်အမျိုးမျိုးကို ရင်ဆိုင်ရသောအခါတွင် ဆရာကြီးသည် သင်းချိုင်းကုန်းသို့ လွတ်လွတ်ကင်းကင်း သွား၍ မှုတ်ရရှာလေသည်။ ဆရာကြီး၏ပြင်းထန်လှသောဇွဲကြောင့်ပင် နှဲသံများ လူတကာ နားငြီးဘွယ်ရာအခြေမှ တဖြည်းဖြည်း သာယာနာပျော်ဘွယ်အခြေသို့ ရောက်ရှိလာရတော့သည်။ ထိုအချိန်တွင် ပခုက္ကူမြို့တွင် ဆွမ်းတော်ကြီးခံများ၊ ဝတ်အသင်းများ အပြိုင်အဆိုင် ပြုလုပ်နေကြရာ ဆရာကြီးအား အခြားသောအရပ်တို့မှ နှဲလိုက်မှုတ်ရန် ခေါ်ယူကြတော့၏။ ထိုအခါ ဆရာကြီးသည် သူ၏ရပ်ကွက်တွင် မမှုတ်ဘဲ တခြားအရပ်ဘက်လိုက်၍ မှုတ်သဖြင့် ရပ်ရွာလူကြီးများကပင် ဝိုင်းဝန်း၍ အပြစ်တင်ခဲ့ကြလေသည်။ ဆရာကြီးကမူ ထိုလူကြီးများအား လုံလောက်သောအကြောင်းတခုကိုသာ ပြဆိုခဲ့လေသည်။
2026-07-14 15:21:56
0
u.bo.ye53
တောက်တဲ့နဲ့တက်တူ :
မြန်မာညွန့်ဦးချစ်မောင် အပိုင်း(၄) ယခင်အင်္ဂလိပ်ခေတ်ကမူ ဘုရင်ခံဆာဟာကုတ်ဘတ်တလာက ဆရာကြီးအား ရွှေတံဆိပ်ချီးမြှင့်ရန် ရန်ကုန်မြို့သို့ ခေါ်ယူသောအခါ ဆရာကြီးက သူ၏ဆရာရင်း ဦးဗေဒါထက် စော၍ ရွှေတံဆိပ်ချီးမြှင့်သည်ကို မခံထိုက်ပါဟု ပြောဆိုတောင်းပန်ခဲ့ဘူးသည်။ ထို့ကြောင့် ဘုရင်ခံကိုယ်တိုင်ကပင် ဦးဗေဒါအား ရွှေတံဆိပ်ဆုလက်မှတ်များ ချီးမြှင့်ပြီးသည့်နောက်တနှစ်ကြာမှပင် ဦးချစ်မောင်အား… “ဦးချစ်မောင်သည် မြန်မာတူရိယာတီးမှုတ်မှုတွင် ခေါင်းဆောင်သည့်အပြင် မြန်မာပွဲသဘင်များ၌ ယခုအခါ အသုံးပြုကြသည့်ကာလပေါ် တူရိယာအရပ်ရပ် တီးမှုတ်ခြင်းအတတ်၌လည်း အကျွမ်းကျင်ဆုံးဖြစ်သူဟု မြန်မာလူမျိုးတို့၏ချီးမွမ်းထောမနာပြုခြင်းကို ခံယူရသူ ဖြစ်လေသည်။ သည်ကဲ့သို့ အရည်အချင်း၌ ပြည့်စုံသည်ကို မြန်မာနိုင်ငံတော်ကို စီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံမင်းကြီးက အားရနှစ်သက်တော်မူ၍ ဦးချစ်မောင်သို့ ယခုလက်မှတ်နှင့်တကွ ရွှေဘယက်တံဆိပ် အသနားတော်မြတ်ခံစေသည်…” စသည်ဖြင့် ၁၉၂၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုရင်ခံဆာဟာကုတ်ဘတ်တလာက ဆုလက်မှတ်နှင့်ရွှေဘယက် ချီးမြှင့်ခဲ့လေသည်။ မြန်မာညွန့်ဦးချစ်မောင်အား တိုင်းပြည်နှင့်ပညာသည်အပေါင်းက လေးစားချစ်ခင်ခြင်း၊ ဂီတသဘင်လောက၌ ကျော်ကြားခြင်းတို့၏အကြောင်းကို ရှာသော် ဆရာကြီးသည် ဂီတသဘင် ပညာကို တကယ်နှစ်သက် စုံမက်ဇွဲကြီးလှစွာနှင့်ကြိုးပမ်းလိုက်စားခဲ့ခြင်း၊ နှဲပညာတွင် တံခွန်ထူနိုင်ခဲ့ခြင်း၊ မိမိကျေးဇူးရှင်ဆရာသမားတို့အား ကြည်ညိုလေးစားတတ်ခြင်းတို့ကြောင့်ပင် ဖြစ်ပေမည်။ ယခုအခါ ဆရာကြီးသည် အသက်ခြောက်ဆယ့်သုံးနှစ်ပင် ကျော်ခဲ့ရာ သူ့ကိုယ်တိုင်ကြိုးပမ်းတကုတ် သိမ်းဆည်းရရှိခဲ့သော ပညာရပ်များကိုသာ ဖြန့်ဖြူးပေးအပ်ဖို့ ကြိုးစားလျက်ရှိလေသည်။ ဆရာကြီးသည် နိုင်ငံတော်အစိုးရ ပန်တျာကျောင်းတွင် ပတ္တလျားဆရာကြီးအဖြစ် တာဝန်ထမ်းရွက်သင်ကြားရုံသာမက မိမိ၏ဇနီးသည် အဆိုကျော်ကြီးဒေါ်အောင်ကြည်နှင့်အတူတကွ နေထိုင်ရင်း ဂီတသဘင်လောကမှ သားတပည့်မြောက်မြားစွာတို့အား မိမိအနှစ်ငါးဆယ်ကျော် သိမ်းဆည်းခဲ့သော ဂီတပညာရပ်များကို သင်ကြားပို့ချလျက် ရှိနေသည်ကို တွေ့ရှိခဲ့ရပေသည်။ ကျမ်းညွှန်း မြဝတီမဂ္ဂဇင်း၊ ၁၉၅၅ ခု၊ ဇူလိုင်လ၊ အတွဲ ၃၊ အမှတ် ၉၊ နှာ-၄-၆။
2026-07-14 15:23:39
0
To see more videos from user @ye.myint6033, please go to the Tikwm homepage.

Other Videos


About