@philosophy_81: လွတ်လပ်မှုဆိုတာ ဘဝရဲ့ တစ်ခုတည်းသော တန်ဖိုးရှိတဲ့ ပန်းတိုင်ဖြစ်တယ်။ အဲ့ဒီပန်းတိုင်ကို ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို လျစ်လျူရှုခြင်းအားဖြင့် ရနိုင်ပါတယ်။ စိတ်ရဲ့ လွတ်လပ်ငြိမ်းချမ်းမှုကိုလိုချင်ရင် ကိုယ်တိုင် ပြောင်းလဲလို့မရတဲ့ အခြေအနေတွေ၊ တခြားသူတွေရဲ့ အပြုအမူတွေနဲ့အပြောအဆိုတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ဖို့လိုပါတယ်။ ကိုယ်မထိန်းချုပ်နိုင်တာကို မထိန်းချုပ်ချင်ဘဲနေဖို့ဆိုတာ စာပေါ်မှာဖတ်ရတော့တာ အလွယ်လေးထင်ရပေမဲ့ တကယ့်လက်တွေ့မှာ ထင်ထားသလောက်မလွယ်ပါဘူး။ ခင်ဗျားဒီနေ့ တစ်နေ့ရဲ့ စိတ်အခြေအနေတွေကို ပြန်စမ်းစစ်ကြည့်ရင်ပဲ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအမျိားကြီးအပေါ်မှာ လိုက်လံခံစားပြီး ပူပန်ချုပ်နှောင်ခံနေရတာများတယ်ဆိုတာ သတိထားမိလာပါလိမ့်မယ်။ ကားပိတ်တာ၊ နေပူတာ၊ မိုးရွာတာ၊ ရိုင်းရိုင်းဆိုင်းဆိုင်းလူတစ်ယောက်က ယုတ်ယုတ်မာမာပြုမူ ပြောဆိုနေတာကို မြင်ရတာ ...စသဖြင့် အများကြီးပေါ့။ ဒီလိုစိတ်ကိစ္စသေးသေးလေးတွေကိုက စပြီး သတိကပ်နိုင်မှ တော်ခါကျပါတယ်။ -81 TG - @philosophy81 #philosophy #quote #stoicism #epictetus #creatorsearchinsights

ᴛʜᴇ ᴇɪɢʜᴛʏ-ᴏɴᴇ
ᴛʜᴇ ᴇɪɢʜᴛʏ-ᴏɴᴇ
Open In TikTok:
Region: MM
Tuesday 14 July 2026 16:26:28 GMT
917
46
0
7

Music

Download

Comments

There are no more comments for this video.
To see more videos from user @philosophy_81, please go to the Tikwm homepage.

Other Videos


About