@today0106: 🍀#အလှပဆုံးသံယောဇဉ်ဖြတ်နည်း.. သံယောဇဉ်ကို မာနနဲ့ဖြတ်ရင် ပြတ်တယ်" တဲ့... ဟုတ်ပါတယ်။ ဒါပေမဲ့ ....မာနဆိုတာကြီးကို အစထဲက ရင်ထဲမှာ ကြီးကြီးမားမား မမွေးထားတတ်တဲ့သူ၊ ဒါမှမဟုတ် သံယောဇဉ်ရှေ့မှာ မာနကို အောက်ချပစ်တတ်တဲ့သူမျိုးကျတော့ကော... ဘာနဲ့ ဖြတ်ရမလဲ? မာနမရှိတဲ့သူတွေအတွက်တော့ သံယောဇဉ်ကို ဖြတ်ဖို့ "နားလည်မှု" နဲ့ "ခွင့်လွှတ်ခြင်း"ကိုပဲ လက်နက်လုပ်ရတတ်ပါတယ်။ မာနနဲ့ ဖြတ်တဲ့အခါ ဒေါသတွေ၊ အမုန်းတွေ၊ မကျေနပ်မှုတွေ ပါလာပြီး အရှိန်နဲ့ ရုန်းထွက်ရတာမို့လို့ ချက်ချင်းကြီး ပြတ်တောက်သွားသလို ရှိတတ်ပေမဲ့ ရင်ထဲမှာတော့ အမာရွတ် ကျန်ခဲ့တတ်တယ်။ ဒါပေမဲ့ မာနမရှိတဲ့သူကတော့... အခြေအနေတစ်ခုကို အရှိကိုအရှိအတိုင်း ငြိမ်ငြိမ်လေး ကြည့်တယ်။ "သြော်... ငါတို့ ရေစက်က ဒီမျှပဲကိုး၊ သူလည်း သူ့အကြောင်းနဲ့သူ ရှိရှာမှာပါ" ဆိုပြီး စာနာစိတ်နဲ့ နားလည်ပေးလိုက်တာမျိုးပါ။ ပြီးတော့ ရင်ထဲက တနုံ့နုံ့ခံစားချက်တွေကို မာနနဲ့ တွန်းမထုတ်ဘဲ "ခွင့်လွှတ်ခြင်း"နဲ့ပဲ ညင်သာစွာ ဘေးဖယ်လိုက်တယ်။ နောက်တစ်ခုက "သတိ" (သတိပဋ္ဌာန်)နဲ့ ဖြတ်တာပါ။ နှောင်ကြိုးဆိုတာ ရုန်းလေ မြဲလေပဲမို့လို့ မရုန်းတော့ဘဲ ငြိမ်ငြိမ်လေး ကြည့်နေပေးရုံပါပဲ။ သံယောဇဉ်ကြောင့် ပူလောင်လာရင်လည်း "သြော်... ပူနေပါလား" လို့ သိပေးလိုက်တယ်။ လွမ်းလာရင်လည်း "လွမ်းနေပါလား" လို့ သိပေးလိုက်တယ်။ ဘာမာနမှမပါဘဲ အချိန်ကို အချိန်အတိုင်း လွှတ်ထားပေးလိုက်တဲ့အခါ တစ်နေ့ကျတော့ အဲဒီနှောင်ကြိုးက အလိုလိုနေရင်း လျော့ရဲပြီး ပြုတ်ထွက်သွားပါလိမ့်မယ်။ မာနနဲ့ဖြတ်တာဟာ ဓားနဲ့ တိခနဲ ဖြတ်လိုက်သလိုမျိုးဆိုရင်... မာနမရှိတဲ့သူ ဖြတ်တဲ့နည်းကတော့ "မေတ္တာနဲ့ အေးအေးလူလူ လွှတ်ချလိုက်ခြင်း"ပါပဲ။ အတင်းအဓမ္မ ရုန်းထွက်တာမျိုး မဟုတ်ဘဲနဲ့ "ငါ့ကြောင့်လည်း သူ မပူလောင်ပါစေနဲ့၊ သူ့ကြောင့်လည်း ငါ မပူလောင်တော့ဘူး" ဆိုပြီး နှစ်ဦးနှစ်ဖက်လုံးကို ငြိမ်းချမ်းစေချင်တဲ့ စိတ်ကလေးနဲ့ ညင်ညင်သာသာလေး လက်လွှတ်လိုက်တာဟာ အလှပဆုံးနဲ့ အငြိမ်းချမ်းဆုံး သံယောဇဉ်ဖြတ်နည်း ဖြစ်ပါလိမ့်မယ်။ #Crd

Today
Today
Open In TikTok:
Region: MM
Tuesday 14 July 2026 17:07:42 GMT
260632
16610
214
831

Music

Download

Comments

today0106
Today :
🍀#အလှပဆုံးသံယောဇဉ်ဖြတ်နည်း.. သံယောဇဉ်ကို မာနနဲ့ဖြတ်ရင် ပြတ်တယ်" တဲ့... ဟုတ်ပါတယ်။ ဒါပေမဲ့ ....မာနဆိုတာကြီးကို အစထဲက ရင်ထဲမှာ ကြီးကြီးမားမား မမွေးထားတတ်တဲ့သူ၊ ဒါမှမဟုတ် သံယောဇဉ်ရှေ့မှာ မာနကို အောက်ချပစ်တတ်တဲ့သူမျိုးကျတော့ကော... ဘာနဲ့ ဖြတ်ရမလဲ? မာနမရှိတဲ့သူတွေအတွက်တော့ သံယောဇဉ်ကို ဖြတ်ဖို့ "နားလည်မှု" နဲ့ "ခွင့်လွှတ်ခြင်း"ကိုပဲ လက်နက်လုပ်ရတတ်ပါတယ်။ မာနနဲ့ ဖြတ်တဲ့အခါ ဒေါသတွေ၊ အမုန်းတွေ၊ မကျေနပ်မှုတွေ ပါလာပြီး အရှိန်နဲ့ ရုန်းထွက်ရတာမို့လို့ ချက်ချင်းကြီး ပြတ်တောက်သွားသလို ရှိတတ်ပေမဲ့ ရင်ထဲမှာတော့ အမာရွတ် ကျန်ခဲ့တတ်တယ်။ ဒါပေမဲ့ မာနမရှိတဲ့သူကတော့... အခြေအနေတစ်ခုကို အရှိကိုအရှိအတိုင်း ငြိမ်ငြိမ်လေး ကြည့်တယ်။ "သြော်... ငါတို့ ရေစက်က ဒီမျှပဲကိုး၊ သူလည်း သူ့အကြောင်းနဲ့သူ ရှိရှာမှာပါ" ဆိုပြီး စာနာစိတ်နဲ့ နားလည်ပေးလိုက်တာမျိုးပါ။ ပြီးတော့ ရင်ထဲက တနုံ့နုံ့ခံစားချက်တွေကို မာနနဲ့ တွန်းမထုတ်ဘဲ "ခွင့်လွှတ်ခြင်း"နဲ့ပဲ ညင်သာစွာ ဘေးဖယ်လိုက်တယ်။ နောက်တစ်ခုက "သတိ" (သတိပဋ္ဌာန်)နဲ့ ဖြတ်တာပါ။ နှောင်ကြိုးဆိုတာ ရုန်းလေ မြဲလေပဲမို့လို့ မရုန်းတော့ဘဲ ငြိမ်ငြိမ်လေး ကြည့်နေပေးရုံပါပဲ။ သံယောဇဉ်ကြောင့် ပူလောင်လာရင်လည်း "သြော်... ပူနေပါလား" လို့ သိပေးလိုက်တယ်။ လွမ်းလာရင်လည်း "လွမ်းနေပါလား" လို့ သိပေးလိုက်တယ်။ ဘာမာနမှမပါဘဲ အချိန်ကို အချိန်အတိုင်း လွှတ်ထားပေးလိုက်တဲ့အခါ တစ်နေ့ကျတော့ အဲဒီနှောင်ကြိုးက အလိုလိုနေရင်း လျော့ရဲပြီး ပြုတ်ထွက်သွားပါလိမ့်မယ်။ မာနနဲ့ဖြတ်တာဟာ ဓားနဲ့ တိခနဲ ဖြတ်လိုက်သလိုမျိုးဆိုရင်... မာနမရှိတဲ့သူ ဖြတ်တဲ့နည်းကတော့ "မေတ္တာနဲ့ အေးအေးလူလူ လွှတ်ချလိုက်ခြင်း"ပါပဲ။ အတင်းအဓမ္မ ရုန်းထွက်တာမျိုး မဟုတ်ဘဲနဲ့ "ငါ့ကြောင့်လည်း သူ မပူလောင်ပါစေနဲ့၊ သူ့ကြောင့်လည်း ငါ မပူလောင်တော့ဘူး" ဆိုပြီး နှစ်ဦးနှစ်ဖက်လုံးကို ငြိမ်းချမ်းစေချင်တဲ့ စိတ်ကလေးနဲ့ ညင်ညင်သာသာလေး လက်လွှတ်လိုက်တာဟာ အလှပဆုံးနဲ့ အငြိမ်းချမ်းဆုံး သံယောဇဉ်ဖြတ်နည်း ဖြစ်ပါလိမ့်မယ်။ #crd
2026-07-15 03:31:39
113
super.min82
super min :
ဘယ်လို ဖြတ်ရမလဲကိုယ့်ဘက်ကကြီးဆွဲထားရတာပင်ပန်းနေပေမဲ့ဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြီးကပိုနာကျင်ရတယ်သူ့အပြုအမူတွေကနေ့တိုင်းနာကျင်ပင်ပန်းနေတယ်ဒါပေမဲ့ဖြတ်မရဘူးဖြစ်နေတယ်😔
2026-07-15 04:47:41
22
moon337203
shine star💖💖💖 :
အရာရာ ဆုံးရူံးဖူးတာမို့ ဘယ်အရာကိုမှ မတွယ်ကပ်တက်တော့ဘူး😊😊
2026-07-16 13:19:38
1
user671815720713
ပန်းကလေး :
ကျေးဇူးပါရှင် အရမ်းပူလောင်နေရလို့မိုတီရသွားပြီ
2026-07-15 02:24:14
6
nwenwelay944
🇲🇲Mee nge🇸🇬 :
အရာရာရှူံးပြီးသားပါ😢
2026-07-16 16:26:55
2
user6629738388679
KokoTint :
လေးစားပါတယ်ဗျာ စိတ်ထားလေးကမြင့်မြတ်လှပါပေတယ်
2026-07-16 14:18:16
1
mg.ye.l.htike
MG YE L HTIKE :
မူးရင်အရှက်မရှိပဲသွားသွားpဆက်သွယ်မိလို့အရက်တောင်မသောက်ဖစ်တော့ဘူးသူ့ကိုပါမဟုဘူးအရက်ပါပျက်မယ်ထင်တယ်😁
2026-07-16 10:06:43
1
nwsoe0
n@wsoe :
နားလည်မူနဲ့ဥပေက္ခါပြုလိုက်ရင်သံယောဇဥ်ကပြတ်နိုင်ပ့မလား🥺🥺🥺😞😞
2026-07-16 09:37:33
1
echol20
ECHO♎ :
ကိုကျတော့ဝိပသာနာတရားနဲ့ဖြတ်တာ အဲ့တာကပိုလွယ်တယ် ပိုလွတ်လပ်တယ် ရိုးရိုးလေးတွေး ဒီနေ့မဟုတ်ရင်တောင်တနေ့ခွဲရမှာပဲဆိုပြီးတွေးတယ် အလိုလိုအေးချမ်းတယ် မေတ္တာလဲပိုထားမိတယ် ။။
2026-07-15 06:19:45
16
user949396201
Aye Thandar :
တကယ်ပူလောင်တယ်ကိုတစ်ယောက်ထဲအရူးကြီးကြနေတာပဲ အခုတော့စပီးမလုပ်ဖူးတဲ့အရာတွေလုပ်ကြည့်တယ် အနေအထိုင်ပုံစံပြောင်းကြည့်တယ် တနေကုန် ဘုရားစာရွတ်ကြည့်တယ် စိတ်ထဲမပါတာတောင်အချိန်ပေးပီးလုပ်ကြည့်တယ် တနေ့လုံးကိုအားလပ်ချိန်မရှိအောင်နေကြည့်တယ် ညဘက်ရောက်ရင်ပင်ပန်းပီးအစောကြီးအိပ်ပျော်သွားတယ် အရင်လိုမိုးချုပ်ရင်ငိုရမယ်ဆိုတဲ့ အသိတော့ပျောက်သွားပီ🤯
2026-07-15 06:27:07
9
ag87907
AG :
အတွေးတွေကို အလင်းတခုဖြစ်စေတဲ့အတွက် Thanks
2026-07-15 10:01:53
1
nwe.nwe54484
🐷🍀ţĭņ Ŋwe ľín🍀(thae thae)🐷 :
'မေတ္တာထားပီးတော့ပဲလွှတ်ချလိုက်ပါတယ်'
2026-07-15 08:22:27
1
user50334232629moe043
moethetkhaing :
လွယ်မယောင်နဲ့ခက်ပါတယ်
2026-07-15 07:51:11
1
.ma.hnin.hnin.wai
Ma Hnin Hnin wai♌ 🥰🥰🥰 :
မှန်လိုက်တဲ့စာသားလေး🥰 ခုလိုမျှဝေပေးလို့ကျေးဇူးပါရှင့်🥰
2026-07-15 10:58:17
1
phyu00771
🤍pĥÿŭ🤍 :
ပြန်တင်မယ် ရှင့်
2026-07-15 04:06:01
1
hlaing5303
💓Hnin ❣Hnin❣Hlaing🇲🇲🇲🇲 :
ယူသုံးခွင့်ပြုပါ🥰🥰
2026-07-15 03:06:50
1
today0106
Today :
ခုခံစားနေရတဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်ခံစားဖူး ဖြတ်ကျော်ခဲ့ဖူးတာမို့ ကိုယ်ချင်းစာပါတယ် အရင်ဆုံး စိတ်ကို လွှတ်ထားလိုက် စိတ်ထဲရှိသလို လုပ်ပစ်လိုက်ပါ ဖုန်းဆက်ချင်ဆက်လိုက် စာပို့ချင်ရင်ပို့လိုက် ငိုချင်ရင်ငိုချလိုက် အဲ့အချိန်မှာ မင်းရဲ့ သိက္ခာတွေ မာနတွေကဟိုး အောက်ဆုံးအထိရောက်နေလိမ့်မယ် ရှက်ရကောင်းမှန်းလဲသိမှာ မဟုတ်သေးဘူး သိပ်မကြာခင် မင်းရှက်တက်လာလိမ့်မယ် မင်း နာကြည်းလာလိမ့်မယ် နောက်ဆုံး မင်း လုံးဝ စွန့်လွှတ်နိုင်သွားလိမ့်မယ် တကယ် လွှတ်ချနိုင်သွားနိုင်ပါတယ်နော် စိတ်လေး အမြန်ဆုံးအေးချမ်းကြပါစေ ခင် ဗျာ🙏
2026-07-15 05:10:29
28
today0106
Today :
ရင်ထဲမှာ အရမ်းမွန်းကြပ်နေရင် ကျွန်တော့်ဆီကို စကားလာပြောလို့ရပါတယ်ခင်ဗျာ နားထောင်ပေးပါ့မယ် တစ်ဖက်ကလူ နည်းနည်းလေး စိတ်သက်သာရာ ရရင် ကျေနပ်ပါပြီ အရမ်းပူလောင်မွန်းကြပ်တဲ့ ခံစားချက်ကြီးကို ကျွန်တော်ကောင်းကောင်းသိပြီး ကျော်ဖြတ်လာခဲ့တာမို့ပါနော်
2026-07-15 15:05:05
11
candysweet7076
🏳️‍🌈M.Y.S.N 🇸🇬(may) :
တချို့ကသူတို့ဘက်ကဘယ်တော့မှမထားခဲ့ဘူးပြောပြီး ကိုယ်ထားခဲ့အောင်ပဲ လုပ်ချသွားတာ 🙂
2026-07-17 02:11:30
4
myothanoo69
💥✴ ⱼₐcₖₛₒₙ ✴( ဂျက်ဆွန်) 📌⚡ :
ချစ်လျက်နဲ့ လက်လွှတ်ခဲ့ရပါတယ်🥺💔
2026-07-16 23:15:39
1
myanmar.agency
🍀 K K 🍀 Cosmetics :
အခုပဲ လက်လွှတ်ခဲ့လိုက်ပီ မာနနဲ့ဖျတ်ရင်ပျတ်ပါတယ်🥰
2026-07-16 14:49:54
1
chanmyaekyizin
Angel ♋ :
စာသားလေးယူခွင့်ပြုပါ
2026-07-17 04:22:58
1
koaungggmail.134
..... :
ကြိုးစားပီးဖြတ်နေပါတယ်ဒေါသကရှေ့ရောက်သွားတယ်မနက်ညကတော့ကတိပေးလိုက်ပီနားလည်မှုခွင့်လွှတ်မှုဖြင့်ဖြတ်တော့မယ်လို့
2026-07-16 13:23:23
1
fakefriend809
🦋💛ဂျီမင်း ရဲ့ ရောင်နီလေး💛🪻 :
ကျေးဇူးတင်ပါတယ်🥹
2026-07-15 06:59:31
1
ngwe.zin.khae4
Erika Khae :
စိတ်တွေသေနေခဲ့တယ်😭
2026-07-15 04:35:13
1
To see more videos from user @today0106, please go to the Tikwm homepage.

Other Videos


About