@mmmz71209: အဆင်မပြေလို့လမ်းခွဲလိုက်တဲ့ ချစ်သူကောင်မလေးနဲ့ May လ19ရက်နေ့မှာ Breakခဲ့ကြတယ်။ သူမဘက်က All delete chat လုပ်သွားခဲ့လို့ လွမ်းလို့ဖတ်စရာ Conversation လေးတွေလဲမရှိခဲ့ပါဘူး။ Gallery ထဲကသူမရဲ့ပုံလေးတွေကို မဖျက်ရက်ဘဲ လွမ်းတိုင်းကြည့်မိတယ်။ Tt မှာသူမဘက်ကအရင် Fl ဖြုတ်သွားလို့ ကိုယ်လဲအဲ့ချိန်ကEmotionကြောင့်နဲ့ Fl ပြန်ဖြုတ်ခဲ့တာပေါ့။ သူမရဲ့Accက Private ဖြစ်နေလို့ Stalking လုပ်လို့လဲမရခဲ့ပါဘူး။ Tg acc ကလဲသူမရဲ့Personal accမဟုတ်တာနဲ့ပြောချင်တဲ့ချိန်တိုင်းသွားပြောလို့မရခဲ့ပါဘူး။ June လ 19 ရက်နေ့တစ်လတိတ်နေ့မှာဘဲ မနေနိုင်လို့ Fl request လေးသွားလုပ်ခဲ့ပြီး သူ့ဘက်ကနေDisacceptပြန်လုပ်ခဲ့တော့ တွေးမိတာလေးက "သူမငါ့ကိုမေ့နိုင်တာဘဲ" ဆိုတဲ့အတွေးလေးနဲ့ဘဲ အကောင်းဆုံးအခြေအနေဖြစ်အောင် ရှေ့ဆက်နေခဲ့ရတာပေါ့။ ငါတို့ ဇာတ်လမ်းက တကယ်ပဲ ပြီးဆုံးသွားခဲ့ပြီလို့ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် အသိပေးပြီး ဖြတ်သန်းခဲ့ရတာပေါ့။ သူမ မရှိတဲ့ နေ့ရက်တွေမှာ ဒီသီချင်းလေးကိုပဲ နားထောင်ရင်း၊ နေရာတိုင်းမှာ သူမအရိပ်တွေကိုပဲ ရှာဖွေရင်းနဲ့ပေါ့။သီချင်းထဲက စာသားလိုပဲ၊ သူမရဲ့ အငွေ့အသက်တွေ၊ သူမရဲ့ အပြုံးတွေကို ဘယ်လိုမှ မေ့ပစ်လို့ မရခဲ့တာ အမှန်ပါ။ လမ်းခွဲထားတဲ့ ကာလတစ်လျှောက်လုံး သူမလည်း ကျွန်တော့်လိုပဲ လွမ်းနေမလားလို့ စိတ်ထဲကနေ အမြဲ မေးခွန်းထုတ်နေခဲ့တာပေါ့။ ဒီနေ့တော့ အဲ့ဒီမေးခွန်းရဲ့ အဖြေကို ရလိုက်ပြီ။ 'ဖြစ်နိုင်ရင် ပြန်တွဲချင်တယ်' ဆိုတဲ့ သူမရဲ့ စကားတစ်ခွန်းက ကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ စိတ်ဝိညာဉ်ကို ပြန်ရှာတွေ့စေခဲ့သလိုပါပဲ။ အတိတ်က နာကျင်မှုတွေ၊ ဝေးကွာခဲ့ရတဲ့ နေ့ရက်တွေ အားလုံးဟာ ဒီစာတစ်စောင်ကြောင့် ပျောက်ကွယ်သွားခဲ့ရပြီပေါ့။ ကံကြမ္မာက ငါ့ဆီ ပြန်ပို့ပေးတဲ့ မင်းကို... ဒီတစ်ခါတော့ လက်လွှတ်မခံတော့ဘူး 🤍🍀🍓 #aboutyou #ex #Relationship #trend #sadlovestory"

Ryan(小弟)
Ryan(小弟)
Open In TikTok:
Region: MM
Tuesday 14 July 2026 18:01:39 GMT
209884
16512
563
1299

Music

Download

Comments

woozy487
woozy487 :
သူလည်း အ့လိုလာပြန်ပြောရင် ကောင်းမှာ
2026-07-15 05:01:02
87
frankinessven6
VEN :
အချိန်တွေနောက်ပြန်ဆုတ်လို့ရခဲ့ရင်
2026-07-22 11:51:15
2
thazinmyint460
T💌 :
ဒီလိုတွေးပေးတက်တဲ့သူနဲ့ဆုံရလို့ကောင်မလေးကံကောင်းတာပါတချို့တွေကခွင့်လွှတ်ပေးရင်တန်ဖိုးမထားကြဘူးပြန်လာတက်ရင်မာနတွေအချိုးခံရတယ်ချစ်တဲ့သူတိုင်းပေါင်းဖက်ရပါစေ
2026-07-15 05:44:09
24
htetthiri2753
Mie💫 :
delete chatလုပ်သွားတဲ့ငါ့ဆရာကြီးကရောပြန်လာပါ့မလား ❤️‍🩹
2026-07-17 12:31:33
10
suhann9834
༘♡ 𝓢𝓾𝓱𝓪𝓷 ༘♡ :
ကိုယ်ကျပြန်တွဲရအောင်ပြောခဲ့ပေမဲ့ သူကတော့တခြားမိန်းကလေးရှိနေခဲ့တယ်
2026-07-15 18:39:32
8
theinmwaezaw1
🐁 :
Mayထဲက ပြသနာကို ဒီလထဲ ပြန်တည့်ပြီး လေးရက်လောက်ရှိသေး မနေ့ကမှ ပူပူလောလော ပြတ်သွားပါပြီ
2026-07-15 13:18:01
6
hndsm_luk3
𝗟𝘂𝗸𝗲𝗿 :
လူတစ်ယောက်ကို မေ့မရပဲ နောက်တစ်ယောက်ကို မတွဲကြတာကောင်းပါတယ် မဟုတ်ရင် နောက်လူပဲ ပိုခံစားရတာ😞
2026-07-17 08:35:24
7
waimarphyoe265
Wai Mar Phyoe ♊ :
တို့လဲ may 19ပဲ ဒါပေမဲ့ ခုလိုတော့ဖြစ်မလာဘူး ကိုယ်ကသာခုထိစောင့်နေတာပါ သူ့ဘက်ကတော့ အားလုံးအေးဆေးပါပဲ အဲ့လိုမျိုးလေးဖြစ်ရင် သိပ်ကောင်းမှာပဲ🥺
2026-07-15 11:49:26
5
iiwiww12
Wyatt :
ဝမ်းသာပါတယ်ဘရားသားရာ ကိုယ်တစ်ကယ်ချစ်တဲ့သူနဲ့နောက်တစ်ခါပြန်လည်ပေါင်းဖက်ခွင့်ရတာ
2026-07-15 01:42:04
12
mimoe673607
𝕄𝕒𝕪 𝕄𝕠𝕖 𝕂𝕙𝕒𝕟𝕥🪐 :
ကိုယ့်အဖစ်နဲ့လာတူနေတယ်ကွယ် ကိုယ်လဲဘာအကြောင်းပြချက်မှမရှိဘဲလမ်းခွဲခံလိုက်ရတယ်all delete chatလုပ်ပီးblockပါသွားတယ်🥺💔
2026-07-15 14:25:27
7
zwewaiyan471
ZWY :
သူမလည်း2021/ 7လပိုင်းလောက်ထဲကထွက်သွားတာ ခုထိပြန်မလာသေးဘူး 5နှစ်ပြည့်ပီ💔
2026-07-15 20:19:45
1
maythu9977
May Thu :
အားကျတယ်ဗျာ အဲ့လိုသာဆိုသိပ်ကောင်းမှာပဲ🥺
2026-07-15 03:57:32
7
mai.aye.thidar
Elys💐 :
ဒီလိုအတွေးခံရလို့ တော်သေးတာပေါ့ တချို့လူတွေက ပြန်လာတာကို နောက်လဲခုလိုပဲ ပြန်လာမှာဘဲလို့အတည်ယူပြီး ပြတ်ဖို့ဝန်မလေးကြတော့ဘူး
2026-07-15 05:04:48
7
maysoesan22
maysoesan🐭♊ :
ချစ်နေသေးရင်မရှက်ကြနဲ့အရင်သာသွားပြောပစ်ကြပါ
2026-07-19 07:58:38
1
obito254234
obito :
ကျနော်တော့ပြန်လက်မခံလိုက်ဘူးဒါပေမယ့်အခုထိလည်းမမေ့နိုင်သေးဘူး
2026-07-19 00:48:13
1
hsuhlyan5
Hsu Hlyan Htet :
သူလဲအဲလိုလာပြောရင်သိပ်ကောင်းမှာပဲ
2026-07-15 10:59:54
1
user939787461
🍀 :
အားကျလိုက်တာဗျာ
2026-07-15 04:28:43
3
the404user
404_not_found :
နှစ်ဖက်စလုံးကလက်မလွှတ်နိုင်ရင်တော့ဘယ်လိုအခြေနေတွေပဲဖြစ်ဖြစ်ပြန်ဆုံကြမှာပါ ကိုယ်လည်းသူ့ကိုဒီသီချင်းလေးနဲ့ပဲစောင့်နေပါတယ် အရာအားလုံးကိုယ့်အမှားပေမဲ့ကိုယ်မှသူ့ကိုလက်မလွှတ်နိုင်သေးတာ
2026-07-15 08:26:46
1
dedee111019
DEDEE1110 :
သူလည်းအဲ့လိုပြောရင်သေချာပေါက်စောင့်နေတာမလို့လက်ခံမှာပါ🥺
2026-07-19 01:05:31
1
To see more videos from user @mmmz71209, please go to the Tikwm homepage.

Other Videos


About