@myetmon25: မောင်လေးရေ အသက်12နှစ်လောက်ကတည်းက မိဘတွေနဲ့ ခွဲပြီး မြောက်ဥကလာပမှာ ကျောင်းတက်ခဲ့တယ် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းတက် နေစဉ်မှာလည်းမိဘ‌တွေက လယ်သမားမို့ အပြင်ပွဲလေးတွေလိုက်ကတယ် ပွဲကလို့ရတဲ့ အဲပိုက်ဆံလေးတွေစုပြီး မိဘတွေကို ထောက်ပံ့ ညီမလေးကိုလည်း ဖုန်း ဝယ်ပေးခဲ့တယ် မိဘတွေကို ဘယ်တုန်းကမှ စိတ်ဆင်းရဲအောင် မလုပ်ခဲ့ပါဘူး သဘင်လောက ထဲမှာလည်း နေရာလေး တနေရာရဖို့ မောင်လေးဝေဇင်နဲ့ အတူတူ ကြိုးစားခဲ့ရတယ် နာမည်ကြီး သဘင် မင်းသားတွေ စင်ပေါ်မှာ သီချင်းတပုဒ်ဆိုဖို့ မျက်နှာချိုလေးသွေးပြီး အချိန် ကြာကြာကြီး ရပ်စောင့်ခဲ့ရတယ် ကိုရဲမိုးဇာတ်မှာ စကခဲ့တယ် ဇာတ်‌ေထာင်ပြီး ကမယ်လို့ စလုပ်တော့ 2020 ကိုဗစ်နဲ့ ဘာမှလုပ်မရပဲ အကြာကြီးနေခဲ့ရတယ် 2025မှာ မောင်လေးဝေဇင်နဲ့‌ မောင်လေးအောင်ဇဗူ ပူးပေါင်းပြီး ဇာတ်စထောင်ခဲ့တယ် မောင်လေးအောင်ဇဗူက သူ့ခေါင်းထဲမှာ သူ့အတွေးတွေ သူ့လုပ်ချင်တာတွေ အများကြီးနဲ့ ကြိုးစားနေတဲ့ လူငယ်လေးတယောက်ပါ ပထမဆုံး လှိုင်သာယာမှာ ပွဲစကတော့ မိုးတွေရွာလို့ ပွဲပျက်တော့ သူ့စိတ်ဓာတ်ကျတယ် အဲ‌နေ့လာတဲ့ ပရိတ်သတ်တွေကိုအပျော် သီချင်းတွေ ဖျော်ဖြေခဲ့တယ် နောက့်နေ့ကျတော့လည်း သူပွဲ ကဖို့ပဲ စိတ်ထဲမှာရှိနေတယ် တနေကုန် ကော်ဖီတခွက်ပဲ သောက်ပြီး ကပြနေတယ် ပဏာမ မြန်မာသံ ကိုကြီးအော်ပရာ ကပြခဲ့တယ် ကိုကြီးကျော် ကပြပြီးတော့ ညီမayethetက သူ့မောင်လေးကို စိတ်ပူလို့ ဇာတ်ရုံ အနောက်ကို သွားကြည့်တဲ့အချိန် မောင်လေး အခန်းထဲလည်း ရောက်ရော မောင်လေးက အစ်မဖြစ်သူ လက်ကိုဆွဲပြီး မလေး မောင်လေး မရတော့ဘူး မရတော့ဘူးပြောတယ် နှလုံးတွေ အရမ်းခုန်ပြီး ချွဲတွေ အရမ်း ထွက်နေတယ် သတိလစ်မလို ဖြစ်ခဲ့ရတယ် အဲကျမှအကုန်ဝိုင်းပြီး ဌက်သိုက်တွေ အတင်း ဖိတိုက် ဓာတ်ဆားတွေတိုက် အစားကို ဝင်အောင် ကျွေးရတယ် သူ့ပွဲလေး စကတုန်း ကဆိုရင်လည်း အစ်မတွေက ပွဲတိုင်း လိုက်ပေးတယ် မောင်လေး အားမငယ်ရအောင် ပန်းစည်း အသီးခြင်းလက်ဆောင် ပိုက်ဆံတွေ ဆုချပေးခဲ့တယ် အခုကျတော့ သူ့တို့လည်း နေရာတခု ရောက်နေပြီ အစ်မတွေကလည်း ကိုယ့်က‌ေလး‌ေတွနဲ့ အလုပ်ကိ္စတွေနဲ့ ပတ်ချာရမ်းနေကြတယ် အရင်ကဆို ဒီမောင်နှမတွေ မိုးလင်းက မိုးချုပ် ကလေးတွေ တရုံးရုံးနဲ့ မောင်လေးတွေ ချက်ပြုတ်ကျွေး စားသောက် စကားပြောပြီး ည၁၁နာရီကျော်လောက်မှ အိမ်ပြန်ကြတယ် မောင်လေးတို့ နှစ်ယောက်လုံးက အလုပ် အရမ်း ကြိုးစားကြတယ် အစ်မတွေက ဘေးကနေ နေပုံ ထိုင်ပုံလေးတွေ ကြည့်ပြီး ကိုယ့်သားသမီးတွေတောင် သူတို့လို ဖြစ်စေချင်လို့ မောင်လေးတွေနဲ့ ဥပမာပေးပြီး ပြောပြရတယ် အောင်ဇဗူဆိုတဲ့ နေရာ တနေရာရဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ အစ်မတို့ အသိဆုံးပါနော် အခုက မောင်လေး တွဲကတဲ့ မင်းသမီး ရုပ်ရှင်ရိုက်တဲ့ မင်းသမီးနဲ့ တွေလည်း သူ့မှာ အပြောခံရပါတယ် သူ့ကို ပြောတာကို သူ့က သည်းခံနိုင်ပေမယ့် တဖက် တဖက်က မင်းသမီးလေးတွေက အောင်ဇဗူနဲ့တွဲကရင် ရုပ်ရှင် တွဲရိုက်ရင် သူတို့လေးတွေပါ အပြောခံရတော့ မောင်လေးကိုပဲ လာပြောကြတော့ သူပဲ အပြောခံရတာပေါ့ ရုပ်ရှင်ဖက်မှာကလည်း သဘင်ကလာတဲ့ မင်းသားဆိုရင် အမြင်လေးတွေက တမျိုးရှိကြတယ်လေနော် သူ့မှာ့ အကောင်းဆုံး ကြိုးစား နေပါတယ်နော် သူ့မိဘတွေ မောင်လေးဝေဇင်နဲ့ အစ်မတွေ ညီမလေး ဂျာကြီး သူ့ဇာတ်သူဇာတ်သား အဖွဲ့ကြီး တခြားသူတွေ အများကြီး ဘေးနားမှာ နေပေး နေပါတယ်နော် သူ့မှာလည်း အလုပ်တွေနဲ့ကို မအားရပါဘူးနော် သူ့မှာ အလုပ်တွေက တဖက် တချို့ Fanတွေက သူ့မိဘတွေကိုပါ ဖုန်းဆက် ပြောကြတော့ သူ တော်တော် စိတ်မကောင်း ဖြစ်ရတယ်လို့ အစ်မတွေကို ရင်ဖွင့်တယ် မောင်လေးနာမည် တလုံးရဖို့ အောင်မြင်မှုကို ဘာနဲ့မှ မလဲပါဘူးတဲ့ အောင်ဇဗူဆိုတာ သူ လုပ်ပြအုံးမှာပါနော် သူ့ငယ်ရွယ်တဲ့ အချိန်မှာတောင် သူ့ကိုယ်သူ မပျက်စီးအောင် ထိန်းလာခဲ့တာ အခု အသက်အရွယ် တခု နေရာ တခုရောက်မှ သူ ဘာကိစ္စကိုမှ အလွယ်တကူ မလုပ်ပါဘူးနော် သူ့မှာလည်း အဖက်ဖက်က တိုက်ခိုက်နေကြတယ် တရားစွဲမယ်လို့ အဖမ်းခံရအောင် လုပ်ပြမယ်လို့ စီစဉ်တဲ့ သူတွေက တမျိုးပါနော် မောင်လေးကို တကယ် မေတ္တာအစစ် အမှန်နဲ့ ချစ်ပေးကြရင် မောင်လေး နေရာလေးကလည်း တခါ တလေတော့လည်း ကိုယ်ချင်းစာပေးကြပါအုံးနော်.......... အပြင်က သူ့ကို တိုက်ခိုက်ပါများတော့လည်း... ..(အောင်ဇဗူခေါင်းပဲ ပြေးဆောင့်တာပါနော်) #အောင်ဇမ္ဗူ #aungzabu #ကိုယ်တိုင်မရိုက်ထားပါပဲcrdမပေးlogoဖျောက်တင်လျှင်ခွင့်မပြု #myanmartiktok🇲🇲🇲🇲 #fly

မြတ်မွန်🍂🍂
မြတ်မွန်🍂🍂
Open In TikTok:
Region: MM
Wednesday 15 July 2026 02:07:46 GMT
114768
10549
1043
949

Music

Download

Comments

kyawt.khaing38
Kyawt Khaing :
စာလေးကို ဖတ်ပြီး ရင်ထဲမှာ နင့်နေအောင်ခံစားရပါတယ် ကိုယ့်အားပေးတဲ့မင်းသားလေးကို သနားလိုက်တာ💪💪💪💪💪
2026-07-15 03:28:53
101
athet594
A THET🧵🪡 :
လှိုင်သာယာပွဲမှာမင်းသားသတိလစ်မလိုဖြစ်တော့ မမတို့ညီမတွေပြေးသွားတာလေးမှတ်မိနေသေးတယ် ပွဲခင်းထဲ လူရှိမရှိ ကန့်ကန့်ကာကြားကနေ ခဏဏထွက်ပြီးချောင်းကြည့်တဲ့ မျက်ဝန်းလေးကိုမှတ်မိတယ် မိုးတွေရွာပြီး ပွဲခင်းထဲပရိတ်သတ်လူဝင်နည်းတော့ ဦးထုပ်လေးဆောင်းထားပြီး ခေါင်းကလေးငုံ့ထမင်းစားနေတာလဲ အမှတ်ရပါတယ် 🥰🥰🥰🥰
2026-07-15 04:05:37
207
lonemalay23
တီတီ :
fighting💪
2026-07-15 09:18:04
0
wincherry7
BTS 💜 ARMY :
Fighting 🥺💜
2026-07-15 02:25:26
1
sweswe4978
swe swe :
Fighting😊SONZABU😊yay😊😊😊😊💪💪💪💪💪💪💪💪💪💪💪💪💪
2026-07-15 06:59:27
0
thin.thin1170
thin.thin1170 :
အခုpostလေးဖတ်ပြီးတော့ မျက်ရည်ကျမိတယ် တကယ်တော့zbလေးကိုရော အခုဖြစ်နေတဲ့မိသားစုတွေကိုရောပြောချင်တာတွေအများကြီးပါ ဘာမှကိုပြောမထွက်တော့ဘူး ရယ် ဘ၀မှာသွေးမတော်သားမစပ် လူတစ်ယောက်ဇာတ်မင်းသားတစ်ယောက်ကိုခုလောက်ထိ အဖြူစင်ဆုံးမေတ္တာနဲ့ရင်ထဲထည့်ထားပြီးနက်နက်ရှိုင်းရှိုင်းမထိမခံအပြောမခံကိုချစ်ခင်အားပေးမိတာ ပထမဆုံးနဲ့နောက်ဆုံးမင်းသားလေးပါ
2026-07-15 03:14:54
52
thidahtwe332
Htwe Lay A 7 B (fan girl) :
ကိုယ်ကပဲ့ဝမ်းနည်းလွယ်တာလားတော့မသိဘူးစာလေးတော့ဆုံးအောင်ဖတ်လိုက်တယ်မျက်ရည်တွေနဲ့ပေါ့ကိုယ်ချစ်ရတဲ့မင်းသားလေးဘယ်လောက်တောင်စိတ်တွေပင်ပမ်းနေရမလဲအတွေးနဲ့တင်အသက်ရူမဝတော့ဘူး
2026-07-15 03:18:09
38
daw.naing.naing.ma25
Daw Naing Naing Maw :
စာဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ် ပတ္တမြား မှန်ရင် နွံမနစ်ပါဘူး တောက်ပမှာပါ မောင်လေး ကို တက်တူး မထိုးဖို့ ပြောပေးပါနော် အရမ်းချစ်ပါတယ် 🥰🥰🥰🥰🥰
2026-07-15 05:22:18
14
war.war476
War War :
ဇမ္ဗူလေးသနားပါတယ်အမြဲတမ်းအားပေးနေမှာပါမောင်ငယ်လေးရေ
2026-07-15 05:39:03
8
khoonzabu91199
🌻 Khoon-mdy :
ညကတည်းက မိသားစုကိုသူစိတ်ပျက်သွားမလားဆိုပြီး ငိုချင်စိတ်နဲ့ တညလုံးအိပ်မရ.. ဒီမနက်ကျ ညကမောင်လေးငိုနေတယ်ကြားတော့ စိတ်မထိန်းနိုင်တော့ဘူး ကိုယ်ပါငိုမိ..အခု မမပိုစ့်မြင်တော့လည်း သနားလွန်းလို့ ထပ်ငိုမိပြန်ပြီ..တနေကုန်စိတ်ကဝမ်းနည်းပြီး နေလို့ကိုမကောင်းဘူး မမရယ်.. မောင်လေးမျက်နှာအရိပ်တကြည့်ကြည့်တဲ့သူတွေ သူ့ဘေးမှာအမြဲရှိပေးမယ့်သူ မိသားစုအစစ်တွေရှိနေတဲ့အကြောင်း ပြောပြပေးပါအုံးနော်..သူ့ကိုလည်းအနီးကပ် သေချာလေး အားပေးနှစ်သိမ့်ပေးလိုက်ပါအုံးနော်..❤️🥺🥹
2026-07-15 04:00:12
23
30572453833
yu :
ဘယ်လိုစကားလုံးမျိုးနဲ့နှစ်သိမ့်ရမလဲကိုမသိတော့ဘူး ဇမ္ဗူလေးရယ် တားမရဆီးမရတွေ အားတင်းထားပါဇမ္ဗူရေ ဘယ်သူမှာမရှိရင်တောင်ဇမ္ဗူအနောက်မှာအမတို့ရှိပါတယ် အမြန်ဆုံးအဆငိပြေပျော်ရွှင်ပါစေကလေးရေ
2026-07-15 05:03:11
11
mimi.kyaw11
Mimi Kyaw :
100%ယုံကြည်ပြီး အားပေးနေသူတွေအများကြီးပါ fighting ပါလို့🥰🥰
2026-07-15 03:31:15
16
may.thu.win634
May Thu Win👑🤎🤎 :
မင်းသားလေးအတွက်တကယ်စိတ်မကောင်းဖြစ်ရတယ်သူ့ကိုတကယ်အားပေးချစ်ခင်ပါတယ်ဆိုတဲ့သူတွေကပဲသူ့ကိုစိတ်ဆင်းရဲအောင်လုပ်နေကြတယ်ကိုယ်တွေကတော့မင်းသားလေးဘာပဲလုပ်လုပ်သူ့ကိုပဲယုံတယ်ဘယ်သူတိုက်ခိုက်တာမှမယုံဘူးသူကြိုးစားနေတာသိလို့မင်းသားလေးကလဲဲပီးဘယ်သူ့မှမယုံဘူးပဓိကကမင်းသားလေးကိုချစ်ပြီးအမြဲယုံကြည်နေပေးဖို့ပဲကို့မောင်လေးတစ်ယောက်လိုပါပဲဟိုအမေကြီးပြောသလိုပေါ့အလိုလိုနေရင်းကိုမေတ္တာရှိတာပါ😍
2026-07-15 03:13:50
6
yin.minn.htike0
Yin Minn Htike :
စာ လေး တွေဖတ်ပြီး စိတ်မ ကောင်းလိုက်တာ သား လေး ရေ။သနားပါတယ်။အစစအရာရာအဆင် ပြေပါ စေ သား လေး ရေ။
2026-07-15 05:21:00
6
aing7407
𝑵aing :
အသိဥာဏ်နည်းတ့ဲလူတွေကြောင့်လူတယောက်ဘဝပျက်စီးရမယ်ချစ်တာအာပေးတာရပါတယ်အ့ဲလောက်ထိတော့ဝင်မပါသင့်ဘူးသူလဲလူသားတယောက်ပဲချစ်ခွင့်ရှိတယ်ကလေးအနေအထိုင်ဟော့ရမ်းနေတာရှိလို့လားသူ့ဘဝလေးအေးချမ်းအောင်ရိုးရိုးလေးပဲအားပေးကျပါလားနဂိုကမှအတိုက်ခိုက်တွေများလွန်းလို့ခက်ခက်ခဲခဲသွားနေရတာမိသားစုအမည်ခံတွေကပါကလေးကိုမထိုးချကျပါန့ဲလားကွယ်
2026-07-15 03:09:35
13
smaytnmp24f
maythu :
တစ်ကယ်စိတ်မကောင်းဖြစ်ရပါတယ် ဒီလောက်လိမ္မာတဲ့ကလေးကိုမှဘာလို့ပျော်ရွှင်ခွင့်မရပဲ သူ့မှာအမြဲစိတ်ဆင်းရဲမှုတွေနဲ့ပဲကြုံနေရတယ်
2026-07-15 03:23:03
5
ma.lay.lay12
💙 ma lay (Aung 7A Bu fan)💙 :
မခံစားနိုင်တော့ဘူး အမရယ် ဖိုက်တင်းပါ လို့ပဲ ပြောပါရစေ 💪💪💪ကျန်းမာရေးဂရုစိုက်ပါ မင်းသား လေးရယ်
2026-07-15 03:32:59
6
myo.sandar.win100
Myo Sandar Win 🧸 :
မင်းသားလေးကို အပြည့်အဝယုံကြည်သလို ဘေးနားမှလဲ မတော်တဆလမ်းမှားဘက်ကို ဦးတည်နေရင်တောငိ ထိန်းသိမ်းပြုပြင်စောငိ့ရှောက်ပေးမဲ့ အကိုအမတွေရှိတယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်တယ်။ မင်းသားလေးဘက်မှာ အမြဲရပ်တည်နေမှာမို့ frighting 💪💪💪ပါ မင်းသားလေးရေ
2026-07-15 04:32:38
5
user7495943989913n
NiNiThein :
ကိုယ်တွေကတော့ကျောက်တိုင်ကြီးလိုမားမားမတ်မတ်ပဲ သူချပြတဲ့အနုပညာကိုအားပေးတာလေ သူလိမ္မာပြီးသားအောင်မြင်မှုကိုချမနင်းဘူးဆိုတာယုံကြည်ပြီးသားပဲ အမြဲအားပေးနေမှာပါ❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-07-15 03:56:14
8
a.z.b15
🌻khaing lay🌻AZB fan🌻 :
အစကငိုချင်နေတာကိုထိန်းထားသေးတယ် မမစာလေးဖတ်ပြီ မောင်လေးကိုတကယ်သနားလို့ ငိုမိပြီမမရယ်
2026-07-15 02:26:03
14
celina.celona
Celina :
တရားစွဲမယ် အဖမ်းခံရအောင်လုပ်ပြမယ်လို့ စီစဉ်တဲ့သူကတမျိုးတဲ့လား ကိုယ်တွေကိုပဲဖိပြောတယ်လို့ တခဏတော့ထင်မိသွားသေးတာ သူ့မှာအဘက်ဘက်က သူ့ပဲ ဝိုင်းအပြောခံနေခဲ့ရရှာတာကိုး
2026-07-15 03:07:06
63
khin.cho.win972
Khin Cho Win :
မင်းသားလေးကိုသနားရသလို အပြောခံအဆိုခံပြီးအားပေးခဲတဲ့ မိသားစုလေးတွေကိုလည်းသနားတယ် သူတ့်ုလည်းအရမ်းချစ်ခဲ့ကြတာပါမင်းသားလေးကို တကယ်ဆို မင်းသားလေးအစား ဂျာကြီးကပို့စ်တင်ပေးရမှာပါ မန်နေဂျာအလုပ်ပါ မင်းသားလေးအရမ်းအလုပ်လုပ်နေပါတယ် ကြိုးစားနေပါတယ် မိသားစုများစကားတွေထိန်းပြောပေးပါ ထင်သလိုတွေမဟုတ်ကြပါဘူးဆိုပြီး မင်းသားလေးရှင်းရမယ့်အလုပ်မဟုတ်ပါဘူး ခုတော့ စာရေးတာလေးအမှားပါသွားတယ် မိသားစုတခုလုံးအပြင်လူကြောင့်ရန်ဖြစ်ရတယ် ဝမ်းနည်းရတယ် ဖန်အတု ဖန်အစစ်လည်းမပြောကြပါနဲ့ ချစ်ကြပုံခြင်းမတူကြတာပါ မိသားစုများကလည်း မင်းသားလေးကိုနားလည်ကြပါ အနီးကပ်နေကြတဲ့ညီမတို့ကလည်း ခုလိုလေးတွေကူပြောပေးပါ မင်းသမီးတွေနဲ့ဖြစ်နေသလိုမပြတ်သလိုခုထိတင်နေတဲ့ အကောင့်၃ခုလောက်ရှိပါတယ် ၁ရက်ကို၂ကြိမ်လို့တင်ပါတယ် မိသားစုများသွေးခွဲနေတာကိုနားလည်ကြပါ အားလုံးအဆင်ပြေစေချင်ပါတယ် မင်းသားလေးကော မိသားစုများရောစိတ်အေးအေးထားကြပါ မင်းသားလေးစိတ်အဆင်ပြေချိန်မိသားစုကိုနားလည်အောင်သေချာလေးပြောပီးချော့လိုက်ပါ တောင်းပန်လိုက်ပါ ကောက်စိန်လေးတွေချည်းဘဲဒို့မိသားစုက
2026-07-15 05:35:58
20
wahwah6395
Wah Wah Myint Maung :
ပရိသတ်တွေကိုစိတ်ပျက်အောင်လုပ်မယ့်သူမျိုးမဟုတ်ဘူးဆိုတာ ယုံကြည်ပြီးသားမို့ အခုဖြစ်နေကြတဲ့ဘယ်ပိုစ့်အောက်မှဘာမှမရေးဘူး ။ နဂိုတည်းကမှလူပင်ပန်း ေနပါတယ်ဆိုမှစိတ်ပါပင်ပန်းမှာစိုးလို့ ။ စိတ်ပျော်မှအလုပ်လုပ်ရတာကောင်းတာလေနော် ။ အစ်မတို့ကရင်းနှီးတော့ စိတ်ခွန်းအားလေးပေးပေးပါဦးနော် ဇမ္ဗူလေးကို ။
2026-07-15 03:49:28
7
thaesu1515
thaesu1515 :
အမြဲအားပေးနေမှပါမင်းသားလေးရေ
2026-07-15 02:32:33
5
eaintyadanarmoe
Eaint Yadanar Moe :
အတော်လေးစိတ်ထိခိုက်ရပါတယ် ညီမရယ်! ဒီလောက်ပညာရည်ပြည့်ဝတဲ့သူမို့ ရပ်မသွားပဲ ဝမ်းသာနေမဲ့သူတွေအစားဂရုမစိုက်ပဲ လုပ်စရာရှိတာဆက်လုပ်ပါလို့ အားပေးပါရစေ! ညီမလဲသွားပီးပြောပြပေးပါနော်! တကယ်ဆိုခုထိ သူ့ကိုချစ်တဲ့သူတွေအများကြီးခုထိရှိနေပါသေးတယ်နော်! အိပ်ပါ စားပါ အားရှိအောင်နေဖို့ပြောပေးပါအုံး! လုံးဝစိတ်ဓါတ်မကျပါနဲ့လို့! သူ့ဇာတာအရ ဒီလိုတိုက်ခိုက်ခံရပီးရင် အမြင့်ဆုံးတွေပဲသူရရှိမှာပါလို့ အာ့လေးပြောပေးနော်! တဖက်ကလဲ ဘယ်သွားသွားပါးစပ်ကဘုရားစာလေးရွတ်ဖို့ပြောပေးပါညီမရေ! ကျေးဇူးပါ🥰
2026-07-15 03:46:39
5
To see more videos from user @myetmon25, please go to the Tikwm homepage.

Other Videos


About