@horizons.news: ပူတာအို-ခေါင်လန်ဖူးရှိ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် (၃၀) စစ်ကောင်စီစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ အပြီးသတ် သိမ်းပိုက် ပူတာအို ၊ ဇူလိုင် ၁၅ ၊ Horizons ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသရှိ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင်အမှတ် (၃၀) တွင် အခြေစိုက်ထားသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ဇူလိုင်လ ဒုတိယပတ်အတွင်း ခေါင်လန်ဖူးဒေသရှိ အဆိုပါ စစ်ကောင်စီစခန်းများကို KIA ပူးပေါင်းတပ်က ဖိအားပေး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးသတင်းများကို ဖော်ပြနေသည့် 7Stars News ၏ အဆိုအရ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်တာကာလအတွင်း နယ်ခြားမှတ်တိုင် (၃၀) ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း (၃) ခုထက်မနည်းကို အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "နယ်ခြားမှတ်တိုင် ၃၀ စခန်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်" ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုထားပြီး စခန်းမီးလောင်နေသည့် ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်လျက်ရှိသည်။ တိုက်ပွဲအတွင်း စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါ စစ်ရေးအခြေအနေ အသေးစိတ်နှင့် ပတ်သက်၍ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလောတွင် အဆက်အသွယ် မရရှိသေးပေ။ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း ပူတာအိုနှင့် ခေါင်လန်ဖူးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ဒေသခံပြည်သူများကို အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းနှင့် ရှေ့တန်းစခန်းများအတွက် ရိက္ခာများ စုဆောင်းပို့ဆောင်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားခဲ့သည်။ လက်ရှိတွင် ကချင်ပြည်နယ်အတွင်း စစ်မျက်နှာအနှံ့ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ခေါင်လန်ဖူးဒေသအပြင် ရွှေကူမြို့နယ်တွင်လည်း နှစ်လခွဲကျော်ကြာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို အင်းတော်ကြီးဒေသတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ #ကချင်ပြည်နယ် #ပူတာအို #ခေါင်လန်ဖူး #နယ်ခြားမှတ်တိုင်၃၀ #KIA #PDF #စစ်ရေးသတင်း #HorizonsNews
Horizons News
Region: MM
Wednesday 15 July 2026 04:26:33 GMT
Music
Download
Comments
U Kyaw Kyaw :
နယ်ခြားမှတ်တိုင်ဆိုတာ နိုင်ငံရဲ့အချုပ်အခြာအာအာပဲ...
ဒါကိုဖျက်ဆီးတယ်ဆိုထဲက လုံးဝခွင့်လွှတ်လို့မရတဲ့ အမှားပါ..
2026-07-15 14:29:00
76
Myo Nyunt Zaw :
There men ?
2026-07-15 13:01:42
0
B.J.K :
Kia အဲ့လောက်ချစ်ရင် သူတို့ ရဇိတဲ့အရပ်မှာ သွားနေပါလား
2026-07-15 23:26:10
18
KOKOGYI :
အန်ကယ်က တော့နိုးပါ
2026-07-15 12:21:05
20
အသဲတစ်သောင်းပိုင်ရှင် :
ဂျင်းတွေ
2026-07-15 11:52:53
19
Ko Khaing :
မဖြစ်နိုင်မှန်းသိပါလျှက်နဲ့ ပြောနေတယ်
2026-07-16 01:52:08
9
♓ Lu Aye ❤️🩹 :
2026-07-15 15:23:39
5
Zaw Naing :
2026-07-16 02:55:05
1
မြို့စောင့် ဘိုးဘိုးကြီး :
မဟုတ်ပါ
2026-07-15 16:20:17
5
🌺🌹🌺🌹🌺🌹 :
2026-07-15 12:29:51
3
unyuntsein70 :
ယုံစရာစကားမဟုပါ
2026-07-15 15:53:00
5
သန်းလင်း :
ဟုတ်ပါဘူးနော်
2026-07-15 16:38:43
2
UZawwona :
2026-07-15 12:10:23
1
Normando Kesem :
မယုံပါ
2026-07-15 12:28:54
5
War war mon :
😁😁ဟာသလား
2026-07-16 00:10:17
1
🇲🇲🇲🇲🇲🇲 :
kiaနဲ့pdfဆိုတော့တရုပ်ကမပါဘူးလား😄😄😄😄😄🤣🤣🤣🤣🤣😅😅😅😅😅
2026-07-15 15:42:07
2
Chou pro lay :
ဂျင်းပါကွာ
2026-07-16 03:26:53
0
hmielay :
မယုံဘူး
2026-07-16 04:13:17
0
bond :
ဒါဆိုရင် မိုင်ဂျာယန်တို့ လိုင်ဇာတို့ အခြား K ဌာနချုပ် တွေကို အလှကြည့် နေကြမှာလား
မေးခွန်းထုတ်စရာဖြစ်လာပြီ။
2026-07-15 23:23:08
18
HAL :
ပြောင်းပြန်လို့မှတ်ရမှာပေါ့နော်😂😂😂😂
2026-07-15 14:15:29
10
Ko Mg :
ဟုတ်လည်းဟုတ်ဘဲနဲ့
2026-07-15 14:06:25
7
U Thein Zaw :
😅😅😅😅😅😅
2026-07-16 06:05:14
0
Saw Min :
ပြောင်းပြန်ဖတ်
2026-07-15 17:01:54
3
Sai Maung Maung :
👍👍
2026-07-15 11:19:08
1
Khun Htwe :
2026-07-15 11:31:43
1
To see more videos from user @horizons.news, please go to the Tikwm
homepage.