@shar.yi.yi.zaw.786: 🦋သွေးရင်း/ သားရင်း တွေကြောင့် နာကျင်ခံစားရတဲ့အခါ ညီကို အရင်းတွေရဲ့သစ္စာဖေါက် ခြင်းကို ခံရတဲ့ တမန်တော် ယူစွဖ် ( علیہ السلام ) ကိုသတိရလိုက်ပါ။ 🦋ကိုယ်နဲ့ကိုယ့်မိဘ သဘောထားချင်း ကွဲလွဲတဲ့အခါ ဖခင်က ရုပ်ထုတွေ ဖန်တီးတဲ့သူဖြစ်တဲ့ တမန်တော်အိဘ်ရာဟီးမ် ( علیہ السلام ) ကို သတိရလိုက်ပါ။ 🦋လွတ်လမ်းမရှိတဲ့ ပြသနာမျိုး ရင်ဆိုင်ရတဲ့အခါဝေလငါးရဲ့၀မ်းဗိုက်ထဲ ပိတ်မိနေတဲ့တမန်တော် ယူနွစ် ( علیہ السلام ) ကိုသတိရလိုက်ပါ။ 🦋နေမကောင်းပဲ နာကျင်မှုတွေ ပြည့်နေတဲ့အခါ ကိုယ့်ထက်ပို နာမကျန်းဖြစ်ခဲ့တဲ့ တမန်တော် အိုက်ယူးဘ် ( علیہ السلام ) ကို သတိရလိုက်ပါ။ 🦋အထီးကျန်တယ်လို့ ခံစားနေရတဲ့အခါ တစ်ဦးတည်း နေထိုင်ခဲ့ရဖူးတဲ့တမန်တော် အာဒမ် ( علیہ السلام ) ကိုသတိရလိုက်ပါ။ 🦋အဓိပ္ပါယ်မရှိတာတွေ လုပ်နေရတယ်လို့ ခံစားရတဲ့အခါ ဘာစောဒကမှမတက်ပဲ လှေကြီးတည်ဆောက်ခဲ့တဲ့ တမန်တော် နူးဟ် ( علیہ السلام )ကို သတိရလိုက်ပါ။ 🦋ဆွေမျိုးတွေရဲ့လှောင် ပြောင်မှုကို ခံရတဲ့အခါ တမန်တော်မြတ်ကြီး ရစူလွလ်လာဟ် ﷺ(စွလ္လလ္လာဟုအလိုင်းဟိ၀စလ္လာမ်) ကို သတိရလိုက်ပါ။ "عن ابی هریرة رضی الله عنه عن انبی صل الله علیه وسلم قال:من تمسک بسنتی عند فساد امتی فله اجر شهید“ 🦋ဟဇရသ်အဗူဟိုရဟ် ( رضی اللّٰہ تعالٰی عنہ ) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သခင်က အမိန့်ရှိတော်မှုထားသည်မှာ အကြင်သူသည် ငါကိုယ်တော်၏လမ်းစဉ်ကိုငါ၏အွမ္မသ် များပျက်ဆီးနေချိန်၌ကြံ့ခိုင်စွာ ဆွဲကိုင်ထားပါက ၎င်းသူအား ရှဟီးဒ်အကျိုးချီးမြှင့်တော်မှုမည်။ ။ 🦋ဒုက္ခတွေ အခက်အခဲတွေ ကြုံလာရင် ဒီလိုလေး ကိုယ့်ကိုကိုယ် သတိပေးကြည့်ပြီး ဒိုအာသာလုပ်လိုက်ပါ။ 🦋အလ္လာဟ်ရှင်မြတ်က ကိုယ်နဲ့နီးနီးလေးမှာ ရှိနေပါတယ်။ မုချဧကန် အလ္လာဟ် ကူညီမှာပါ။ အင်န်ရှာအလ္လာဟ် တမန်တော်မြတ် စွလ္လလ္လာဟုအလိုင်းဟိ၀စလ္လာမ်ရဲ့ လမ်းစဉ်ပေါ်မှာ ကြံ့ကြံ့ခံရပ်တည်နိုင်တဲ့ သောင်ဖီးဒ် ကျနော်မျိုးမတို့အားလုံးကိုချီးမြှင့်တော်မူပါ။ အာမီးန်

🎀🤍سح را بانو🤍🎀
🎀🤍سح را بانو🤍🎀
Open In TikTok:
Region: TH
Wednesday 15 July 2026 05:41:28 GMT
3174
252
2
46

Music

Download

Comments

user8611552057122
ချစ်ရတဲ့မိသားစုလေးရှိပါတယ် :
🥰🥰🥰🥰
2026-07-15 08:25:31
0
su.lay54862
Su Lay :
🥰🥰🥰
2026-07-15 08:14:48
0
To see more videos from user @shar.yi.yi.zaw.786, please go to the Tikwm homepage.

Other Videos


About