@somethingforyou.sfy: အမြင့်ပေ ၃၇,၀၀၀ ကျော်မှာ ပျံသန်းနေတဲ့ British Airways Flight 9 (Boeing 747) လေယာဉ်ကြီးဟာ အင်ဂျင် (၄) လုံးစလုံး ရပ်တန့်သွားပြီး (၁၃) မိနစ်ခန့်ကြာ လေထဲမှာ အင်ဂျင်အကူညီမပါပဲ လျှောဆင်းနေခဲ့ရပါတယ် ၁၉၈၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှာ British Airways လေကြောင်းလိုင်း အမှတ်စဉ် ၉ (Flight 9) ဟာ ခရီးသည် (၂၆၃) ဦးကို တင်ဆောင်ပြီး အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ (London) ကနေ နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့ (Auckland) ကို ဦးတည်ပြီး ထွက်ခွါလာခဲ့တာဖြစ်ပါတယ် ည သန်းခေါင်ယံအချိန် အိန္ဒိယသမုဒ္ဒရာအထက် အမြင့်ပေ ၃၇,၀၀၀ ကျော်မှာ ပျံသန်းနေတဲ့ Boeing 747 ဟာ အင်ဒိုနီးရှားနိုင်ငံ Galunggung မီးတောင်ကနေထွက်ရှိလာတဲ့ ပြာမှုန်တိမ်တိုက်ထဲကို ပျံသန်းဝင်ရောက်ခဲ့မိတာကြောင့် အင်ဂျင် (၄) လုံးစလုံး ရပ်တန့်သွားခဲ့ရပါတယ် လေယာဉ်မှူး Captain Eric Moody ဟာ ခရီးသည်တွေကို အသံချဲ့စက်ကနေ အခုလို အေးဆေးစွာပဲ ကြေညာခဲ့ပါတယ်။ "လေးစားရပါသော ခရီးသည်များခင်ဗျာ၊ အခု ကပ္ပတိန် စကားပြောနေတာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ပြဿနာအသေးလေးတစ်ခု ဖြစ်ပွါးနေပါတယ်။ အင်ဂျင် ၄ လုံးစလုံး ရပ်သွားပါပြီ။" ကပ္ပတိန်ရဲ့ အသံကိုကြားလိုက်တာနဲ့ ခရီးသည်တွေတင်မကပဲ လေယာဉ်အမှုထမ်းတွေပါ ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ လေယာဉ်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ အင်ဂျင်တွေ အားလုံး အလုပ် မလုပ်တော့တာတောင်မှ ကပ္ပတိန်ရဲ့ ပြဿနာ သေးသေးလေး ဖြစ်နေပါတယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် တစ်ချို့ခရီးသည်တွေအတွက် ရယ်ရမလား ကြောက်ရမလား ဝေခွဲရ ခက်သွားစေခဲ့ပါတယ် Captain Eric Moody ကတော့ ထိတ်လန့်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ Boeing 747 လေယာဉ်ကို ညအမှောင်ထဲမှာ အင်ဂျင်အကူညီမပါပဲ အမြင့်ပေ ၃၇,၀၀၀ ကျော်ကနေ အမြင့်ပေ ၁၂,၀၀၀ လောက်အထိ အရှိန်လျော့ပြီး မီးတောင်ပြာမှုန်တွေရဲ့အပြင်ဘက်ကို စိုက်ဆင်းလာခဲ့ရပါတယ် ပြာမှုန့်တွေရဲ့ အပြင်ဘက်ကို ရောက်ရှိသွားတဲ့အခါ အင်ဂျင်တွေ တစ်လုံးပြီးတစ်လုံး ပြန်ပွင့်လာခဲ့ပြီး ဂျကာတာမြို့ (Jakarta) ကို ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ခရီးသည်ရော လေယာဉ်အမှုထမ်းပါ တစ်ဦးတစ်ယောက်မှ အသက်ဆုံးရှုံးမှု မရှိခဲ့ပါဘူး လေကြောင်းသမိုင်းမှာ အံ့ဩစရာအကောင်းဆုံး ကျွမ်းကျင်စွာ အရေးပေါ်ဆင်းသက်မှုတစ်ခုနဲ့ အန္တရယ်ကြားထဲကနေ တည်ငြိမ်ရင့်ကျက်စွာ ဟာသပြောနိုင်တဲ့ လေယာဉ်မှုးရဲ့ စကေးကို ခရီးသည်တွေတင်မကပဲ တစ်ကမ္ဘာလုံးကပါ ချီးကျူးခဲ့ကြပါတယ်။ အရေးပေါ်အခြေနေမျိုးမှာတောင် တည်ငြိမ်စွာပြောနိုင်တဲ့ လေယာဉ်မှုးရဲ့ စကားဟာလည်း "ဒဏ္ဍာရီဆန်ဆန် ဟာသစကား" (Legendary quote) တစ်ခုအဖြစ် ယနေ့ထိတိုင် ကျန်ရစ်နေခဲ့တာဖြစ်ပါတယ် ဘေးကင်းစွာ ဆင်းသက်ပြီးတဲ့နောက်မှ ခရီးသည်တွေတင်မကပဲ လေယာဉ်အမှုထမ်းတွေကပါ လေယာဉ်မှုးရဲ့စကားဟာ ရယ်ရမလား ကြောက်ရမလားဆိုပြီး ကပ္ပတိန်ကို မေးခွန်းပြန်ထုတ်ခဲ့ကြပါတယ်။ သင်တို့ဆိုရင်ရော ဘယ်လိုနေမလဲ ? #somethingforyou

Something For You
Something For You
Open In TikTok:
Region: MM
Wednesday 15 July 2026 13:51:36 GMT
552886
38842
290
5778

Music

Download

Comments

arkar.min3501
Arkar Min :
အင်ဂျင်လေးပဲရပ်သွားတာကို အတောင်ပံလေး ကျိုးသွားတာမှ မဟုတ်တာ
2026-07-15 14:52:30
1990
htetnaung99834
Htet Naung Win :
အဲ့တာမှာပါတဲ့ယောင်္ကျားတစ်ယောက်ကအိမ်ကမိန်းမကိုသူသေတော့မယ်အထင်နဲ့သူ့မိန်းမအပေါ်ပြောချင်တဲ့စကားတွေအကုန်ပြောချလိုက်တာဖြစ်ချင်တော့လေယာဥ်ကဘေးကင်းစွာမြေပြင်ရောက်တော့သူ့မိန်းမကလာကြိုပြီးအိမ်ခေါ်သွားတာညတွင်းချင်းပဲသူ့ယောင်္ကျားဆေးရုံတင်လိုက်ရတယ်😂😂😂
2026-07-15 15:18:32
371
kourfav2k3
•爱ᴋᴀᴇɴᴊɪ :
သတင်းကောင်း=လေယာဉ်ဆင်းသက်နေပီဖြစ်ပါတယ် သတင်းဆိုး=ပျက်ကျပီးဆင်းတာပါ🤣
2026-07-16 03:30:52
532
eipwint1997
🫧𝐸𝒾 𝒫𝓌𝒾𝓃𝓉 🫧 :
ဘာများလဲလို့ အင်ဂျင်လေးရပ်သွားတာကို ဆင်းတွန်းလို့ရတာပဲ
2026-07-16 13:18:58
180
ko.yoe695
Ko Yoe :
အာဏာသိမ်းပြီး ဒီမိုကရေစီရနေပါပြီလို့ပြောတာတောင်ယုံသေးတာပဲ
2026-07-17 09:20:23
52
koko.htet6891
☸️စက္ကဓိပ📿 :
ပြဿနာအသေလေပါဘဲ သေယုံဘဲကို
2026-07-16 01:37:31
95
e6eheqeq69
Pwa Gyi(паршивая овца) :
Legend 😂
2026-07-17 16:23:43
0
phyusinoo379
Sakura :
That smile😂
2026-07-18 04:15:54
0
kokhant76102
Gin :
အရင်ကအဲ့ထက်ဆိုးတာတေကြုံခဲ့ဖူးလို့အဲ့တာလေးကအသေးအဖွဲလေးတေလို့ပြောတာနေမှာပါ😂
2026-07-16 16:34:36
19
justignoreme4545
NCS Jim :
လေယဉ်စီးတာ နတ်ပြည်အခမဲ့ရောက်ဖို့ ခဏလောက်နီးစပ်သွားသော ခရီးသည်များ
2026-07-15 21:54:50
62
karyan_lynn
Su Kee :
ပင်ကွင်း3ကောင်ကားထဲအဲစကားထည့်သုံးထားတယ်
2026-07-17 13:00:39
0
thurain9486
ตามจังหวะ@.....🖤💔💔 :
အဲချိန်းမှ ကျုပ်မပါလိုက်လို့ပါ
2026-07-16 03:51:35
8
eain.mat.phyu
Eain Mat Phyu 🍁♑ :
လုပ်သက်နဲ့ အတွေ့အကြုံက စကားပြောသွားတာ တစ်ကယ်လေးစားစရာကောင်းပါတယ် 🤍
2026-07-16 01:04:16
18
theintthuzarphyo1
🖤Theint thuzar phyo🖤 :
ကပ္ပတိန် ကတော်လိုက်တာ လူတွေကို စိုးရိမ်စိတ်ဖြစ်ပီး ရုတ်ရုတ်သဲသဲမဖြစ်အောင် အေးအေး ဆေးဆေးလုပ်ပြသွားတာ🥰
2026-07-16 00:49:01
14
saipyaephyocreator
Stream By KoSai :
အင်ဂျင်ရပ်သွားပေမဲ့ ခရီးသည်တွေတော့ ရင်ခုန်သံမရပ်လောက်ဘူးထင်တယ်
2026-07-16 01:49:29
15
greenlandmobile1
G.L Mobile & Accessories :
လေယာဉ်အင်ဂျင်ပဲ တခါတလေတော့ရပ်မာပေါ့
2026-07-16 05:36:39
7
enzo.exe424
🐌 :
အင်ဂျင်ဘဲရပ်တာပျက်ကျတာမှမဟုတ်တာ
2026-07-17 11:34:14
4
ko.nge.konge1
ko nge konge :
ဆရာ အော်ပီကျယ် ကာတွန်းလိုလေယာဉ်စက်ချို့ယွင်းသွားသဖြင့် ခရီးသည်များကူညီပျံသန်းပေးကြပါ။
2026-07-18 00:50:38
1
kai18280
A⚡️ :
အင်ဂျင်ရပ်သွားတာပဲဘာမှမဖစ်ဘူး🗿
2026-07-17 16:29:36
1
To see more videos from user @somethingforyou.sfy, please go to the Tikwm homepage.

Other Videos


About