@talentnexusbusiness: လစာထဲက လူမှုဖူလုံရေးထည့်ဝင်ကြေးဖြတ်ခံနေရုံနဲ့ မပြီးပါဘူး… "ဘယ်အခြေအနေတွေမှာ အကျိုးခံစားခွင့်တောင်းခံနိုင်လဲ?" ဝန်ထမ်းအများစုက လစဉ်လစာထဲက လူမှုဖူလုံရေးထည့်ဝင် ကြေး (SSB Contribution) ဖြတ်ခံနေရတာကိုသိကြပေမဲ့ "ဘာအတွက် ပြန်လည်အကျိုးခံစားခွင့် ရနိုင်တာလဲ?" ဆိုတာကိုတော့ မသိကြသေးတဲ့သူတွေများပါတယ်။ အောက်ပါအခြေအနေတွေမှာ သတ်မှတ်ချက်များနှင့်အညီ အကျိုးခံစားခွင့်လျှောက်ထားနိုင်ပါတယ်။ ✅ ဖျားနာ၍ ဆေးကုသမှုခံယူရသောအခါ (Sickness Benefit) ✅ အလုပ်ခွင်ထိခိုက်မှု သို့မဟုတ် လုပ်ငန်းခွင်မတော်တဆမှု ဖြစ်ပွားသောအခါ (Employment Injury Benefit) ✅ ကိုယ်ဝန်ဆောင်၊ မီးဖွားခြင်းနှင့် ဆက်စပ်အကျိုးခံစားခွင့်များ (Maternity Benefit) ✅ မသန်စွမ်းဖြစ်ပေါ်လာခြင်းအတွက် သတ်မှတ်ထားသော အကျိုးခံစားခွင့် (Invalidity Benefit) ✅ အာမခံထားသူ ကွယ်လွန်ပါက ကျန်ရစ်သူမိသားစုအတွက် အကျိုးခံစားခွင့် (Survivor's Benefit) SSB ထည့်ဝင်ကြေးအနေနဲ့ကတော့ လစဉ်ဝန်ထမ်းအခြေခံလစာရဲ့ ၂% ဖြတ်တောက်ပြီး အလုပ်ရှင်ဘက်မှလဲ ၃% ထည့်ဝင်ရပြီး စုစုပေါင်း ၅% ကို လူမှုဖူလုံရေးထည့်ဝင်ကြေးအနေနဲ့ပေးဆောင်ရပါတယ်။ အမြင့်ဆုံးအခြေခံလစာအနေနဲ့ 300,000 ကျပ်ရဲ့ ၂% ကျပ် ၆,၀၀၀ ကျပ်ကိုသာဖြတ်တောက်ခွင့်ရှိပါတယ်။ အခြေခံလစာ 300,000 ထက်လွန်ပြီး ရရှိသူတွေအနေနဲ့လဲ အမြင့်ဆုံးလစာ 300,000 အပေါ်မှာပဲပေးဆောင်ရမှာဖြစ်ပါတယ်။ အခြေခံလစာ 300,000 အောက်ရရှိသူတွေကတော့ ရရှိတဲ့အခြေခံလစာရဲ့ ၂% ကို ထည့်ဝင်ကြေးအနေနဲ့ပေးဆောင်ရမှာဖြစ်ပါတယ်။ အရေးကြီးတာက… လူမှုဖူလုံရေးထည့်ဝင်ထားတိုင်း အလိုအလျောက် အကျိုးခံစားခွင့်ရတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် သတ်မှတ်ထားသော အရည်အချင်းများ၊ ထည့်ဝင်ကာလနှင့် လုပ်ထုံးလုပ်နည်းများကို ပြည့်မီမှသာ လျှောက်ထားနိုင်ပါတယ်။ သင်လည်း လူမှုဖူလုံရေးထည့်ဝင်နေရင်… မိမိရဲ့ အခွင့်အရေးနဲ့ ရရှိနိုင်တဲ့ အကျိုးခံစားခွင့်တွေကို သိထားဖို့ လိုပါတယ်။ 📌 ဒီ Content ကို Share လုပ်ပြီး မသိသေးတဲ့ ဝန်ထမ်းတွေကိုလည်း အသိပေးလိုက်ပါ။ #HRInsightsByWuttYi #MyanmarHR #SocialSecurity #SSB #EmployeeRights
Talent Nexus Business Solution
Region: MM
Thursday 16 July 2026 08:31:36 GMT
Music
Download
Comments
Si Thu :
SSBကတော့ထည့်ရတယ်အလုပ်ဝင်ကတည်းက ဖူလုံရေးကဒ်ကတော့ဘယ်ဆီနေမှန်းတောင်မသိ
2026-07-17 09:42:36
2
U Lay :
SSB က အကျိုးခံစားခွင့်ထုတ်ပေးတဲ့ တွက်ချက်ပုံတွေ ၊ ဆေးဖိုးကို တွေ ကော ဘယ်လိုပြန်တောင်းရတာလဲ သိရင် sharing လုပ်ပေးပါဦး 😂
2026-07-17 08:36:07
1
user@leno1707 :
အခြေခံလစာကိုပဲ တွက်ပေးရတာလား ot ဘာညာပေါင်းပီးကိုပေးရတာလား
2026-07-17 10:29:57
1
🩵T🔐H🩷 :
အလုပ်ထွက်ထားရင်ဖူလုံရေးနက်မွေးလို့ရနိုင်သေးလားရှင့်🥰
2026-07-16 11:05:58
1
🐼 :
အလုပ်ဝင်တာ ၂နှစ်ပြည့်ပြီ ခုထိဖူလုံရေးကဒ် မရသေးဘူး ကိုယ့်နောက်မှဝင်တဲ့ ၁နှစ်ပြည့် သမားတွေက ရနေပီ
2026-07-17 15:29:45
1
Thin Thin :
OT ခပါအခွန်ဆောင်းရလားသိခြင်ပါတယ်
2026-07-17 14:58:49
1
Yin :
အလုပ်မှာ ဆေးခွင့်နဲ့ 10လလောက်နားနေပြီး ကလေးမွေးဖွားရင်ရော SSB ကြေးရနိုင်လားရှင့် ။
2026-07-17 06:28:25
1
Winengal :
ကိုယ်ဝန်ဆောင်မီးဖွားစရိတ်လျှောက်တာကို မပေါ့မပါးနဲ့ရုံးထိကိုယ်တိုင်သွားရတာကအလုပ်တစ်ခု အဆင်ပြေမနေဘူး😅
2026-07-17 14:22:18
1
U Ye Min :
အဲဒီကပ်ကတခါလုပ်ထားပီရင်ဘယ်အခိန်နေနေအသုံးဝင်ကါသလားညီမ
2026-07-17 08:27:37
1
Min Myo :
ဝင်ငွေခွန်ဖြတ်တာနဲ့ပတ်သက်ပြီးတင်ပေးပါအုံး၊ အလုပ်ကထွက်ရင် တကယ်ဝင်ငွေခွန်ဆောင်ထားရဲ့လားဆိုပြီး တောင်းကြည့်ချင်ပါတယ် အလုပ်ရှင်ကတော့ ဆောင်တယ်ပြောပြီး တကာ်မဆောင်ရင် ဝန်ထမ်းက နစ်နာတာပေါါ
2026-07-17 08:41:24
1
ဦးလေး :
SSB ပျက်တာခုနစ်လလောက်ရှိပြီဗျကဒ်ခုထိမရသေးဘူးဗျ
2026-07-17 14:15:28
1
N💫(LYC’s Property) :
အလုပ်ထွက်ခဲ့ရင်ရော SSBကြေးဆောင်ထားတာတွေကဘယ်လိုဖစ်သွားမလဲရှင့်
2026-07-16 10:04:09
2
Ko Wai Lin maung :
ဘယ်လိုမျိုးအချိန်တွေမှာပြန်တောင်းလို့ရပါလဲဗျာ
2026-07-16 09:17:55
1
Thandar Wai :
ကျောင်းတက်နေတဲ့ ကလေးတွေ အတွက်ရော ခံစားခွင့်ရှိပါသလားဂ
2026-07-16 09:49:23
1
user7690685218581 :
၀န်ထမ်းကွယ်လွန်အတွက် ဖူလုံရေးစရိတ်လျောက်တာ မြို့နယ်မှာနာမည်စာဂင်းရှာမတွေ့လို့တဲ့ ဘယ်လိုလုပ်ရမလဲရှင်ြ
2026-07-17 16:42:01
0
Blackki®️ :
ဝန်ထမ်းစီက အလုပ်ချိန် မဟုတ်ပဲ ထမင်းစား နားချိန် ဖုန်းသုံးတာကို ၅၀၀၀ ဖြတ်ပါတယ်။ ကိုယ်ပိုင်အချိန် မှာတောင်ပေးမသုံးပါဘူး။ ဝန်ထမ်းလစာထဲက အခုလို ပိုက်ဆံကောက်တာ လစာထဲက ဥပဒေ မရှီပဲ ဖြတ်သင့်လား ။
2026-07-17 15:58:13
0
Moe Lwin :
🙂
2026-07-17 15:36:23
1
Thwe Thwe :
နေပြည်တော်မြို့မစျေးနားက ဖူလုံရေးဆေးခန်းကဆရာဝန်ကပြောပေါက်ဆိုးလို့မသွားတာကြာပီ
2026-07-17 15:43:48
1
thuya khaing :
ကဒ်ပျောက်လို့ ကဒ်ပြန်လျှောက်ရင် အချိန် ဘယ်လောက်ကြာလဲ
ကဒ်နံပါတ်သိတယ်
ပျောက်လို့ ပြန်လျှောက်တာတောင် သုံးနှစ်လောက် ရှိနေပီ
မရသေးလို့
2026-07-18 03:44:38
0
Myanmar Net Wifi 🛜 :
SSBကလတိုင်းဖြတ်နေတာ ဘယ်လိုအချိန်မျိုးဆို ပြန်Claimလို့ရနိုင်မလဲ
2026-07-17 14:21:20
0
အားမိန် :
ကိုယ်ပိုင်အလုပ်ပြောင်းလိုက်ရင်ရော 5% လုံးကိုယ့်ဘာသာဆက်ဆောင်ရင်ရောရလားရှင့်
2026-07-17 17:50:09
0
PTPK :
အစိုးရဆေးရုံမှာကုသမှ ခံစားခွင့်ရတယ်ဟုတ်?
2026-07-17 15:41:11
1
🍀ꌚꆂꍟ ꑛ꓅ꍟ꓅ 🦁(쏘텟우)🍀 :
အလုပ်ထွက်ဖို့ အစီအစဉ်ရှိတဲ့ဝန်ထမ်းကလုပ်သက်ခွင့် ယူတာကိုခွင့် မပေးတာရော လုပ်လို့ရလားဗျ တကယ်တမ်းကျ ဒါကဝန်ထမ်းရဲ့ ရပိုင်ခွင့် မို့ မေူကြည့်တာပါ
2026-07-17 16:05:47
1
Min Aye :
SSB အစား တခြားဟာပြောင်းသင့်ပါတယ် သူ့ရဲplanကကောင်းပေမဲ့ မအောင်မြင်ဘူး
2026-07-18 01:44:52
1
Thida :
အစိုးရဌာနပါ နစ်၂၀ကေျာ်ပေးဆောင်ခဲ့ပြီး ဦးစီးဌာနဖြစ်သွားလို့ဆိုပီးထည့်ဝင်လို့လဲမရ ပြန်ထုတ်လို့လဲမရတော့ဘူး
ရုံးကထည့်ဝင်မပေးရင်ရင်တောင်ဝန်ထမ်းကအကုန်ဆောင်ပါမယ်ဆိုတာကိုပယ်ချခဲ့တဲ့မရမ်းကုန်းဖူလုံရေးပါ(စတလ)
2026-07-17 10:30:38
1
To see more videos from user @talentnexusbusiness, please go to the Tikwm
homepage.