@tvsnv: မြန်မာနိုင်ငံအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့​ ဂြိုလ်တု Starlink အင်တာနက် တွေကို ဒီကနေ့ ဇူလိုင် ၁၇ ရက်မှဩဂုတ် ၁၆ ရက်နေ့မတိုင်ခင်အထိ တစ်လအတွင်းသာ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ tarlink Service လုပ်ဆောင်နေသူတွေထံကနေ သိရပါတယ်။ Starlink ရဲ့ မူဝါဒအသစ်အရ စက်တစ်လုံးကို မူလမှတ်ပုံတင်ထားတဲ့နိုင်ငံရဲ့ ပြင်ပမှာ ရက်ပေါင်း ၃၀ ဆက်တိုက် အသုံးပြုပြီးနောက် အဲဒီစက်နဲ့ ချိတ်ဆက်ထားတဲ့ အကောင့်ကို လက်ရှိအသုံးပြုနေတဲ့ နိုင်ငံ ဒါမှမဟုတ် ဒေသ (Region) အလိုက် ပြောင်းလဲသတ်မှတ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မှတ်ပုံတင်ထားတဲ့နိုင်ငံအတွင်း ဘယ်နေရာမှာမဆို အသုံးပြုနိုင်ပြီး နိုင်ငံတကာအတွက် အသုံးပြုမှုကိုတော့ သတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာဦးစားပေး အဆင့်မြင့်တင်မှုလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ပါရှိပါတယ်။ မြန်မာနိုင်ငံဟာ Starlink အင်တာနက်ကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေးတာကြောင့် လာမယ့်လအတွင်းမှာ စက်အများအပြားအသုံးပြုမှုရပ်ဆိုင်းသွားနိုင်တယ်လို့လည်း သတိပေးနေကြပါတယ်။ “ Starlink အင်တာနက်တွေကို တစ်လပဲသုံးလို့ရတော့မယ်ဆိုတာ ဟုတ်ပါတယ်။ အရင်လိုပြန်သုံးနိုင်မယ့် တခြားနည်းလမ်းတွေကတော့လောလောဆယ်မရှိသေးပါဘူး။ မြန်မာနိုင်ငံက တရားဝင် အသုံးပြုခွင့် မရသေးလို့ ကန့်သတ်တာ” လို့ Starlink ဝန်ဆောင်မှုပေးနေသူ တစ်ဦးက ပြောပါတယ်။ Region တွေပြောင်းလဲမယ့်အပြင် အသုံးပြုခတွေကိုလည်း လစဉ် 1 GB ကိုမြန်မာကျပ်ငွေ ၉၀၀၀ နှုန်း နဲ့ 50 GB ကနေ ၂၀၀၀၀ GB အထိ သုံးလို့ရမှာဖြစ်ပြီး GB များရင်များသလိုပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံကူးလက်မှတ်( Passport) နဲ့ Register တင်ရတဲ့ Travel Registration ကိုလည်းမဖြစ်မနေတင်ရမှာဖြစ်ပြီး မတင်&if စက်အပိတ်ခံရမှာဖြစ်တယ်လို့သိရပါတယ်။ Space X ကုမ္ပဏီက စတားလင့်စက်တွေကို နိုင်ငံအလိုက် အသုံးပြုခွင့် ကန့်သတ်ထားတာကြောင့် မှတ်ပုံတင်ထားတဲ့ နိုင်ငံရဲ့ ပြင်ပက စက်တွေအနေနဲ့အသုံးပြုခွင့် ပိတ်ပင်ခံရတာဖြစ်တယ်လို့ ကုမ္ပဏီဘက်က စတားလင့် သုံးစွဲသူတွေတချို့ကို အီးမေးလ်ပေးပို့ အကြောင်းကြားခဲ့တာပါ။ ဒေသအတွင်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများဖြတ်တောက်ခံထားရတဲ့ နေရာများမှာ ဒီစက်တွေကို အသုံးပြုအားထားနေကြရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်းစက်တစ်ချို့ပိတ်ခံရတာတွေ ရှိတာကြောင့် ဒေသခံများအကြား စိုးရိမ်မှုတွေမြင့်တက်နေခဲ့တာပါ။ #starlinkupdate #starlinkmyanmar #myanmarinternet #tiktoknews #မြန်မာ့သတင်း

ရှမ်းနီအသံ TV
ရှမ်းနီအသံ TV
Open In TikTok:
Region: MM
Thursday 16 July 2026 11:22:53 GMT
2214297
50323
625
29753

Music

Download

Comments

dawkk74
စံပယ် :
ပိတ်ချင်ပိတ် မပိတ်ချင်နေ မသုံးရလဲဘာမှမဖြစ် ဖုန်းမရှိ အင်တာနက်မရှိထဲကမွေးပြီး လူဖြစ်လာခဲ့တာ စာအုပ်တေပဲဖတ်တယ်
2026-07-16 23:05:29
1653
mr.tizz51012
亗Mr.Tizz:Gaming亗 :
I am watching this on July 17
2026-07-17 08:32:01
0
shwe.come23457
မပန်းဝေ :
japanကားတွေ အများကြီးဒေါင်းထားတယ် ငါ့ဘဝက တာနဲ့တင်ပြည့်စုံနေပြီ💞
2026-07-17 01:05:03
388
bebar315
Jimmy :
မသိသေးတဲ့လူတွေအတွက်🗿
2026-07-17 03:08:10
175
jue.jue2890
Zue Zue :
အမေစုလက်ထက်က ၁GBကို တစ်ထောင်ပါ တစ်ထောင်ဖိုးထည့်ရင် နောက်ထပ်၁GBက freeရတဲ့အပြင် ဖုန်းစင်းတူတဒ့ဖုန်းအချက်းချင်းဆို freeရပါသေးတယ် အခုက 1Gbနားတောင်မကပ်နိုင်ဘူးဖြစ်နေတယ် သာမန်အလုပ်သမားလေးတွေအတွက် အတော်ငွေကြေးမစုဆောင်းနိုင်အောင်ဖြစ်ရတရ်
2026-07-17 00:20:37
361
may.myat.noe.oo9599
May Myat Noe Oo :
အဖေအမေတို့နဲ့အဆက်အသွယ်ဆိုလို့ဒါလေးပဲရှိတာကို
2026-07-16 16:39:39
111
kyawgyi567895
right :
star linkသာ မြန်မာပြည်ထဲ တရားဝင် ခွင့်ပြုလိုက်ရင် u9 atom mpt mytel mec တွေ ပြတိုက်ထဲ သွားကြည့်ရမှာ...
2026-07-16 21:11:57
88
aung.aung78226
Aung Aung :
ဒါဆိုင်ရင်အေးပေါ့ ငွေကုန်သက်တာ ဂိမ်းဆော့သူလဲ နားအေး ငွေလိမ်ဂိမ်းလဲ အေးပီ
2026-07-16 16:35:16
77
zinminko2325
Z҉i҉n҉ ҉M҉i҉n҉ ҉K҉o҉𑜉𑜞𑂆𑄟𑅅 :
starlink ပိတ်လို့ ကိုယ့်နဲ့မဆိုင်ဘူးထင်ပြီးနေတဲ့သူရှိသလို ပိတ်ပိတ်မပိတ်ပိတ် ငါတို့သုံးတာမှမဟုတ်တာ စိတ်မဝင်စားဘူးဆိုတဲ့သူတွေ ဘာကြောင့်ပိတ်တာလဲ ကိုယ့်နိုင်ငံတစ်နိုင်ငံထဲ ကွတ်ပြိးပိတ်တာ ဘာကြောင့်လဲ။ နောက်ပြိး ဒီထက်ကောင်းတဲ့နည်းပညာသစ်တွေလာရင်ရော ငါတို့နိုင်ငံကထပ်အပိတ်ခံရအုန်းမှာလားဆိုတာ စဥ်းစားသင့်တယ်။
2026-07-17 09:13:13
16
pp.robot_8424
P" :
starlink ပိတ်လိုက်တာက လိုင်းရတဲ့နေရာမှာတော့ အဆင်မပြေပေမဲ့ အခုချိန်ထိ လိုင်းမရတဲ့ လိုင်းမရတဲ့ area တွေမှာတေ့ လုံဝ အဆင်မပြေပါဘူး အရင်ခေတ်ကို ေ နာက်တစ်ကျော့ ပြန်ရောက်သွားသလိုပါဘဲ၊ အိမ်နဲ့ဝေးနေတဲ့သူတွေ မိသားစုနဲ့ အဆက်သွယ်လဲ မရ၊ တစ်ခုခု အရေးပေါ်ဖြစ်လာရင် လိုင်းရတဲ့နေရာထိ သွားရတယ်၊ လိုင်းမရတဲ့နေရာမှာ မနေခဲ့ရဖူးတဲ့သူတွေကတော့ ပိတ်လိုက်လဲ ဘာမှ မဖြစ်ဘူး ဆိုပေမဲ့ တကယ်ကို အသုံးလိုတဲ့နေရာမှာတော့ မပိတ်စေချင်ပါဘူး.
2026-07-17 01:18:44
27
rlsa09
စိတ်ကူးလွန်ပီးပျက်သွားသူ😑💔 :
လိုင်းရှိတာတောင်ရည်းစားမရပါဘူးဆို ခုလိုင်းမသုံးရတော့ဘူးဆိုတော့ဟယ်🙂💔
2026-07-17 00:45:26
34
kyaw_zin_htetgaming
Ren Htetsu™ :
မပိတ်သေးနဲ့အုံး အချိန်လေးနည်းနည်းလောက် ရွှေ့လိုက် epic ကမတက်သေးလို့
2026-07-17 06:38:47
5
prince44689
Prince 127 :
ဘာမှစိတ်ပူမနေနဲ့ မြန်မာပြည်မှာတစ်ခုမရှိရင်တစ်ခုကရှိပြီးသား ပေါ်လာလိမ့်မယ်
2026-07-17 08:22:58
16
tulip02320
𐙚𝐁𝐛𝐲-𝑱𝒆𝒏𝒏𝒚❀ :
ပိတ်ချင်ပိတ် မပိတ်ချင်နေ စိတ်မဝင်စားဘူး သုံးလို့ရရင် သုံးမယ် မရရင် မသုံးဘူး ရှင်းတယ် နော်
2026-07-17 05:45:23
20
kokohtay105
Ko Ko Htay :
Starlink တွေက ပိတ်သိမ်းဖို့လိုပါတယ် ဥပဒေနဲ့အညီ ထိန်းချုပ်ပြီးဘဲ အသုံးပြုခွင့်ပေးသင့်တယ်
2026-07-17 00:38:51
13
ps899301
6 7 3 :
နောက်ဆုံးတော့ ငွေတိုးကောက်မှာပါပဲ
2026-07-16 17:14:44
5
kyawlaykap1
Kyaw Lay⚠🤬 :
Starlinkပဲအားကိုးပီးမိဘနက်အဆက်သွယ်လုပ်နေရပါတယ်ဆိုမ🥺🥺
2026-07-16 16:50:35
13
mgzenn085
NiKi_🦈 :
လူငယ်တွေမထွန်းကာတဲ့အဓိကအချက် ကိုယ်ချင်းစာကျပါဗျာ😮‍💨
2026-07-17 11:47:09
4
naywinni.2002
🍁ဝိ🍁 :
အင်တာနက်ပိတ်သွားလဲ အေးဆေးမလုပ်ကြနဲ့ အမှောင်ဖုံးသွားတတ်တယ်
2026-07-16 23:21:07
7
aungpvijroq
💞pI pi💞 :
ကမ္ဗာကြီးအဆက်သွယ်ပြတ်သွားမာမိသားစုနဲ့ဝေးတဲ့သူတေလဲအဆက်သွယ်ပြတ်ကြမာ
2026-07-16 17:13:01
6
organisms92
Physic :
မေမေတို့ဖေဖေတို့ကိုကိုတို့နဲ့ဘလိုစကားပြောရမလဲ
2026-07-16 16:29:58
18
win.pa.pa.ko.1500
🌷Win Pa Pa Ko🌷 :
အရင်ကလဲအင်တာနက်တေပြတ်တောက်မယ်ဆိုပီးသတင်းတေထွက်ပီးဘာမှလဲဟုတာမဟုဘူးlikeရှာချင်အခြားနည်းနဲ့ရှာကြလူတေကိုစိတ်ဒုက္ခမပေးကြနဲ့ ဖြစ်လာရင် လက်ခံယုံကလွဲဘာမှတက်နိုင်တာမဟုဘူး ဖြစ်မှဖြစ်ပီဘဲမှတ်လိုက်မယ်
2026-07-16 23:53:22
7
mayzin8622
May Zin Phyo :
အိမ်နဲ့ ဘလိုဆက်သွယ်ရတော့မှာလဲ ဖုန်းလိုင်းကမမိ starlink ရော ဖြတ်ပီဆိုတော့🥺
2026-07-16 16:42:09
10
anthony.laminaung
Anthony Laminaung🕸️🎱 :
ကြေးနန်းရုံးအားကိုးရတဲ့ခေတ်ပြန်ရောက်တော့လဲဘာတတ်နိုင်မာလဲလို့နော်😂
2026-07-16 16:37:20
5
To see more videos from user @tvsnv, please go to the Tikwm homepage.

Other Videos


About