@mentalhealthbydr.dede: 👨⚕️ စိတ်ကစဉ့်ကလျား ရောဂါတွေနဲ့ အရက်၊ မူးယစ်ဆေး၊ တားမြစ်ဆေးတွေ စွဲနေတဲ့သူတွေ လာပြကြပြီဆိုရင် ထိပ်ဆုံးကနေ ပါလေ့ရှိတဲ့ လက္ခဏာတစ်ခုကို ပြောပြမယ်။ ကိုယ့်ကို လူတွေက (သို့) အဖွဲ့အစည်း တစ်ခုခုက မကောင်းကြံနေတယ်၊ တစ်ခုခု လုပ်ကြတော့မယ်၊ စောင့်ကြည့်နေတယ်၊ နောက်ယောင်ခံ လိုက်နေတယ် ဆိုပြီး ယုံမှားလွန်နေတဲ့ လက္ခဏာပေါ့။ 👨⚕️ စိတ်ကျန်းမာရေးမှာ နာမည်ကြီးတဲ့ ယုံမှားသံသယလွန် လက္ခဏာ (သို့) ရောဂါတွေ အကြောင်းကို Page မှာ တောက်လျှောက် ပြောပြပေးနေတယ်။ ဘယ်စိတ်ရောဂါမှာမဆို ဒီလက္ခဏာက တွဲပါလာရင် ကုသရ နည်းနည်းခက်တယ်။ အချိန်ယူပြီး ကုရတတ်တယ်။ ⚠️ Disclaimer: For educational and mental health awareness purposes only; not a substitute for medical advice. Some photos and visuals are AI-generated. _______________________________________ 🩺 ဒေါက်တာဒီဒီ (Mental Health) 🩺 (စိတ်ကျန်းမာခြင်းဆိုတာ လာဘ်တစ်ပါးပါ) #Mentalhealthbydrdede #KnowledgeSharing #Delusion #Mental #Myanmar
Mental Health By Dr.DeDe
Region: SG
Thursday 16 July 2026 12:54:05 GMT
Music
Download
Comments
Naing Linn🇲🇲🇹🇭 :
ဆရာပြောသလိုဖြစ်နေပါတယ်ဆရာ
နားထဲလည်းကြောက်စရာကောင်းတဲ့အသံတွေကြားနေပါတယ်ဆရာ
2026-08-09 04:20:09
14
KMO :
စိတ်ရောကာဖြစ်နေရင်တောင်ကြီးမှာပြလို့ရလားရှင့်
2026-08-31 22:59:33
1
Ri Na Di :
အခုခေတ်ကာလကြောင့်လဲ စိတ်ရောဂါတွေဖြစ်ကုန်တာထင်ပါတယ်ဆရာ
2026-07-16 20:05:32
66
𝐒𝐚𝐰𝐥𝐚𝐦𝐢𝐧 𝐓𝐮𝐧 🇨🇷 :
ကျနော့ အကိုတစ်ယောက်လည်း အဲ့လိုပဲ
2026-08-28 01:32:05
1
😘ကျမရဲ့အချစ်😘ဈေးမဆစ်နဲ့🤭😘 :
ကျမကအထက်ပိုဆိုးတယ်ဆရာအသံတေပါကြားနေရတာခုမှာအဲ့တာတေကအကုန်တကယ်မဟုတ်ခဲ့ဘူးဆိုတာသိခဲ့တာ
2026-07-17 06:24:25
14
Lin Htet :
အရင်က အဲ့လိုဖြစ်ခဲ့ဖူးတယ် သို့သော် တရားထိုင်တယ် စာအုပ်ဖက်တယ် များများအိပ်တယ် တဖြေးဖြေး တည်ငြိမ်အေးချမ်းသွားတယ် အရင်ကလိုမဟုတ်တော့ပဲ အတော် တည်ငြိမ်ရင့်ကျတ်ပီး အတွေးခေါ်တွေကောင်းပီး positive Thinking အရမ်းကောင်းပီး စကားပြောဆိုအရမ်းညပ်လာမိတ်ဆွေပိုပေါလာပီး ဆင်ခြင်နိုင်စွမ်းအရမ်းကောင်းလာပါတယ်
2026-08-13 17:42:30
6
Lvy :
မကောင်းကြံနေတာမျိုးမဟုတ်ပဲ ကိုယ်ဘာလုပ်"လူစုလိုက်ဒါမှမဟုတ် တစ်ယောက်"ကချောင်းကြည့်နေသလိုမျိုးခံစားရပီး ကိုယ်ပြောနေတာတွေလိုက်ပြန်ပြောနေတာ 2019လောက်ကဖြစ်တာဘော်ဒါမှာ စာကျက်နေရင်အသံတွေပြန်ကြားရတယ် တစ်ခါလေစာဆိုနေကြတာကသီချင်းသံတွေဖြစ်သွားတယ် 🤧🥺
2026-08-28 10:57:35
1
Hnin🥰😍 :
ဆရာအသက်22နှစ်ရှိပါတယ်စိတ်ထဲမှာအဲ့လိုဖြစ်နေတယ်ဆရာ
2026-08-24 12:04:33
1
သားဇွဲမေမေ😍 :
ယောကျာ်းကိုသ ံသယဖြစ်တာကောဆိုးရိမ်ရလား😃
2026-08-24 10:44:41
1
min :
ဆရာ အသက်၆ဆယ်ကျော်လူကြီးတွေရော စိတ် ရောဂါဖြစ်တတ်လား အဖေက အမေက နောက်လူနဲ့ ဖောက်ပြန်နေတာမျိုး သူ တွေ့တာ လို့စွပ်စွဲတာ သမီးတွေလဲအဲ့လို့ထင် သားနဲ့အမေကိူလဲ အထင်လွဲ အမြဲသံသယဝင်နေတာဆိုရင် အဲ့တာက ရောဂါလား သူ့ပုံက အရင်ကလူအေးတယောက်ပါ
2026-08-24 10:53:40
1
thaw ma :
အမြင့်ကြောက်တာကရောဆရာဘာလို့လဲ
2026-08-25 02:22:33
1
Tin Phyo Aung :
အိမ်ကကြောင်ဘာလာပြောပြောနားလည်သလိုခံစားနေရတာရောစိုးရိမ်ရလားဆရာ😳တိလေးတေကကျနော်ပြောရင်နားလည်သလိုပဲ
2026-07-17 22:48:04
7
❄Nora Belle❄ :
အကုန်နီးပါးဖြစ်ဖူးတယ်ဆရာပြောသမျှ😅ခုတော့okပါပြီ🥰
2026-07-19 01:59:47
5
DLA20 :
လုပ်ဇာတ်တေပါဆရာရယ်အမှန်တဂယ်လိုက်လုပ်နေကြတာအဲ့လိုက
2026-08-24 16:33:57
1
ngwe la :
ကျွန်တော်ကခုဖြစ်နေတာကလူတွေထဲကိုစကားမပြောရဲရှက်ကြောက်ပီးစိုးရိမ်စိတ်တွေအရမ်းများအလုပ်ထဲမှာလဲစိုးရိမ်ကြောင့်ကြမှုတွေဖြစ်နေတယ်ဆရာစိတ်ကျမ်းမာရေးနဲ့ကုသသင့်ပါသလားတစ်ဖြည်းဖြဘ်းနဲ့လူတွေနဲ့တွေ့ရမှာစကားပြောရမှာတောင်မဝံ့မရဲဖြစ်လာတယ်တစ်ယောက်ထဲအထီးကျန်လာတယ်ဆရာ
2026-08-25 15:50:32
1
wewe :
အတိတ်က ကောင်းမွန်ခဲ့ရတဲ့ အခြေနေ ကို ပြန်တွေးပြီး ဝမ်းနည်းတတ်တာက စိတ်ရောဂါလားခင်ဗျ (တခါတရံပါ ဆရာ အထူးတဖြင့် အဆင်မပြေတဲ့ အခါမျိုး)
2026-07-17 03:13:38
13
Kp😊 :
မဟုတ်ပါဘူးဆိုတာ ဘယ်လိုမှရှင်းပြလို့မရပဲ
သူကတော့ သူ့အတွေးအမြင်ဟာ
တကယ့်ကိုအမှန်ဖြစ်တယ်လို့ယုံကြည်နေတာမျိုးပါ၊ တွေ့မြင်ဘူးပါတယ်
2026-08-15 16:38:08
1
Htay Htay Win :
ဆရာ ဆီချိုကြောင့်ဖြစ်သွားတဲ့ စိတ်ကျမ်းမားရေလူနာဆိုရင်ရော
2026-08-24 02:26:23
1
SFor S :
ငါ့ယောက်ခမကကြတော့ သူ့ပစ္စည်းတွေ သူများခိုးတယ်ထင်တာ
2026-08-24 03:08:08
1
Ngelay :
စိတ်ကျရောဂါရဲ့ ဆိုးဝါးတဲ့အခြေအနေလေးပြောပြပေးပါလားဆရာ🙏🙏🙏
2026-08-31 10:37:46
3
Phyo Wai Lin♋ :
ဆရာ ရက်ချိန်းယူပြီးလာပြလို့ရလားဗျ 🥺
2026-08-14 09:51:28
1
Eros :
အ့လိုလူတေက မကောင်းကြံတဲ့ပုံစံမျိုးမဟုတ်ပေမဲ့ ဒီတိုင်းနေရင်း ဘယ်သူရယ်လို့အတိအကျမရှိဘဲ တစ်ယောက်ယောက်က ဓားနဲ့လာလှီးမှာတို့ ခေါင်းကိုလာခုတ်မဲ့ပုံစံမျိုးကိုမြင်ပြီးကြောက်နေမိတာ အိပ်လို့အဆင်မပြေတာလည်းကြာပြီ အိမ်မက်ဆိုးတေကလည်းနေတိုင်းလိုကိုမက်တာ ပြီးတော့ ကိုယ်ကိုကိုယ်တစ်ခါတစ်လေ အပြစ်တင်နေမိပြီး လူကလည်းဘာမှသိပ်စိတ်မဝင်းစားသလိုဖြစ်နေတယ် ပြီးတော့ဆေးလိပ် ဆွဲနေတာလည်းတော်တော်ကြာနေပြီဗျ အ့တာကရောစိတ်ရောဂါပဲလား ဆရာ ဟုတ်ရင်ရော ဘယ်လိုtypeမျိုးလည်းဗျ
2026-08-29 03:50:18
1
MoonLay :
ဟုတ်တယ်ဆရာ😌😌😌
2026-07-30 05:53:42
1
Jules :
Schizophrenia နဲ့တူလားဆရာ
2026-08-15 03:19:20
1
Nan Shwe :
ကြုံခဲ့ဘူးတယ်ဆရာ ကုတာ မြန်လို့ အခုလူကောင်းလို ပြန်ဖြစ်လာပြီရှင့် စိတ်ကစဉ့်ကလျားဖြစ် တုန်းက ဆေးက ဖွတ်သေးတဲ့ လူနာစောင့်အကို ပြောပြတာ😁😁အတော်ဆိုးခဲ့တာ
2026-08-20 23:27:18
1
To see more videos from user @mentalhealthbydr.dede, please go to the Tikwm
homepage.