@khunhlahtun00: "ဘဝကို ရိုးရှင်းစွာပဲ ပုံဖော်ချင်တာပါ" လူတွေက သူတို့ဘဝကို ဘယ်လိုပုံဖော်ချင်ကြလဲတော့ ကိုယ်မသိပါဘူး။ ဒါပေမဲ့ ကိုယ်ကတော့ ကလေးဘဝမှာ မပျော်ရွှင်ခဲ့ရတဲ့နေ့ရက်တွေ များခဲ့တော့ ရှေ့လျှောက်ပြီး ကိုယ့်ကိုယ်ကို ပုံဖော်ချင်မိတဲ့အရာတွေဟာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေနဲ့ မဟုတ်ပါဘူး။ ရှေ့လျှောက် ကိိုယ်နဲ့အတူ ပြန်မြင်တွေ့လိုတဲ့အရာတွေကတော့ စိတ်လုံခြုံမှုရှိတဲ့ဘဝတစ်ခုရယ်၊ အေးအေးချမ်းချမ်း ရှင်သန်နိုင်တဲ့နေ့ရက်တွေရယ်၊ ကိုယ်ချစ်တဲ့သူတွေ ဘေးကင်းပြီး ကျန်းမာနေတာကို မြင်ရတဲ့အချိန်တွေရယ်ပါ။ ဒါတွေဟာ ကိုယ့်စိတ်နှလုံးသားထဲက လိုလိုလားလား မက်မောစွာ တောင့်တနေခဲ့မိတဲ့အရာတွေပဲ ဖြစ်တယ်။ တကယ်တော့ ကိုယ့်အတွက် ကိုယ်သတ်မှတ်ထားတဲ့ အကြီးမားဆုံးပျော်ရွှင်မှုစံနှုန်းဆိုတာ ရှုပ်ထွေးတဲ့အရာတွေထဲမှာ မရှိဘဲ ရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေထဲမှာပဲ ရှိနေတာပါ။ ကြီးကျယ်ခမ်းနားမှုထက် စိတ်အေးချမ်းမှုကို ပိုလိုချင်တယ်။ လောကကြီးရဲ့ချီးကျူးသံတွေထက် ကိုယ့်စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုတန်ဖိုးထားပါတယ်။ ဒီလောက်ပါပဲ...။ 😊
ᴋʏᴀᴡ:
Region: TH
Thursday 16 July 2026 22:51:45 GMT
Music
Download
Comments
💫Nay Chi 💫 :
fighting
2026-07-17 02:19:05
1
Maisie♐ :
ကိုယ့်စိတ်လေးအေးချမ်းနေတာဟာကိုယ်တိုင်ပေးတဲ့ချီးကျူးမှုတစ်ခုပါပဲ
2026-07-17 05:58:20
1
May 🦊🌼 :
first 🥰🥰
2026-07-16 22:54:45
1
Pxoo🎀 :
ကိုယ့်စိတ်ကလေးအေးချမ်းနေဖို့ကအဓိကမဟုတ်လား☘️🤍
2026-07-17 03:55:04
1
Êi ♉ :
အကို့ရယ့်စာသားတေကြောင့် တကယ် တယောက်တည်းနေတက်လာပီ
2026-07-20 00:06:14
0
Theint Myint Htwe :
idol❤️
2026-07-21 16:48:25
0
Hendrack A. :
ဘရားသားရဲ့စာသားတွေကို တကယ်ကြိုက်နေပြီ
2026-07-20 06:29:10
0
𝐌 :
စာ သားလေးပေးပါလားအကို
2026-07-19 11:20:49
0
Pwint :
စာသားလေးယူမယ်နော်🥰🥰🥰
2026-07-19 03:44:44
0
🍀🍀clover🍀🍀 :
အကို့ကြောင့်ညမအေးချမ်းလာပီ
2026-07-19 13:20:40
0
N🌸 :
🥺အကောက်လက်ခံပေး idol😩
2026-07-16 23:48:40
1
🎀Theint Thu🫧 (Official ✅) :
ပြိုလဲနေတဲ့အချိန်တွေဆို အကို့ဆီကနေMoti တွေအမြဲယူဖြစ်တယ်🥺
2026-07-21 09:58:22
1
☘️ဆုံဆည်းရာ🍀 :
စာသားလေး 🥰
2026-07-17 10:30:27
0
Thuzar( 🦀) :
😍
2026-07-17 07:22:32
1
🌺Zein,♊🌻 :
❤️❤️❤️
2026-07-17 04:22:05
1
suthetkhin8799 :
🥰
2026-07-20 06:24:28
0
To see more videos from user @khunhlahtun00, please go to the Tikwm
homepage.