@79nyein: 🍓မိန်းခလေးတွေကသံသယ၀င်ပြီးရင်   ပြန်ထွက် ဖို့ ခက်ခဲပါတယ်။  အဲ့ဒီသံသယကို ယောကျာ်းလေးက အစပျိုးမိသွားရင်  ပိုဆိုးတယ်။    🍓 ဥပမာ ဘာရယ်မဟုတ် တခြားမိန်းမတစ်ယောက် ကို စိတ်ကစားမိပတ်သတ်မိတယ်ဆိုပါတော့။ ဒါကို ကိုယ့်ချစ်သူ/အိမ်ထောင်ဖက်မိန်းခလေးက သိသွားရင် ကိုယ်ကလဲသူ့ကိုပဲချစ်တာမို့ပြန်ချော့ ကတိတွေပေးလ်ိုက်ရက် ပြန်အဆင်ပြေသွားပြီပဲ ထင်ကြတာ။ ငါနောက်မလုပ်တော့ရင် ပြီးတာဆိုပြီး ယောကျာ်းလေးဘက်က အေးဆေးနေနိုင်ခဲ့ကြတယ်။ တစ်ကယ်တော့ မပြီးဆုံးသွားပါဘူး။ 🍓ကိုယ့်ချစ်သူ/အိမ်ထောင်ဖက်စိတ်ထဲက သံသယကြီးထွားမလာအောင် ရယ်တဖြည်းဖြည်း သူ့အတွေးတွေထဲကနေ ပျောက်‌ကွယ်သွားအောင် ရယ် လုပ်ပေးရမှာက ကျူးလွန်သူရဲ့ တာ၀န်ပါ။ 🍓သံသယ၀င်နေရတာဟာ ရောဂါတစ်ခုခံစားနေရ သလိုပဲ သိပ်ကိုပူလောင်လွန်းပါတယ်။ သံသယ၀င်နေရသူရဲ့ စိတ်နဲ့ခန္ဓာဟာချုံးချုံးကျ သွားနိုင်ပါတယ်။ 🍓အတိတ်ကိုမေ့ပစ်လိုက်တော့ဆိုတာက စကားအရသာလွယ်ကူတာပါ...ကိုယ်ချစ်ရသူရဲ့ စိတ်ကိုမယုံကြည်တော့တာဟာ ဆူးကိုဖတ်တွယ်ထားရသလိုပါပဲ။ 🍓 ရှိသမျှ ဖုန်းတွေ appတွေကို ဝင်ကြည့်လို့ရအောင် လုပ်ထားလည်း သူငါ့နောက်ကွယ် ထပ်များဆက်သွယ်နေမလားဆိုတဲ့အတွေးတွေကိုဖျောက်ဖို့ဆိုတာကိုယ်ချစ်ရတဲ့ အလေးထားတဲ့လူတယောက်အနေနဲ့ မေ့ပြစ်ဖျောက်ပြစ်ဖို့ဆိုတဲ့စိတ်မွေးဖို့ဆိုတာလွယ်ကူမနေခဲ့ပါဘူး။ 🍓တခါတရံ ကိုယ့်ခံစားချက်တွေကို   လျစ်လျူရှုပြီးတ်ိုက်ဆိုင်မှုရှိလို့  ရင်ထဲမခံစားနိုင်လို့ ပြောမိရင်တောင်  ငါတောင်ပြီးနေပြီ မင်းကမမေ့‌သေးဘူးလား မပြီးတော့ဘူးလားတို့ပြောလာခဲ့ရင်  ကိုယ့်ရင်ဝကို ဓားနဲ့မွှန်းသလို တဆစ်ဆစ်နာကျင်ရပါတယ်။   🍀အမျိုးသမီးတိုင်း ကံကောင်းကြပါစေ ။ #crd

🍀
🍀
Open In TikTok:
Region: MM
Friday 17 July 2026 01:33:29 GMT
77082
2463
5
764

Music

Download

Comments

hmonelay004
NiLar Win :
စာသားလေးချပေးပါလား
2026-07-30 16:23:42
1
p.s77480
Queen. :
😘😘😘
2026-07-17 15:03:00
7
nyannyancom
htet htet :
🥰🥰🥰
2026-07-17 02:47:53
3
To see more videos from user @79nyein, please go to the Tikwm homepage.

Other Videos


About