@moepanchi08: ကျွန်မ... ရေအိုင်ငယ်တစ်ခုအနားကို ဖြတ်လျှောက်သွားရင်း အိုင်ငယ်လေးထဲကို ငုံ့ကြည့်မိတယ်။ ရေအိုင်ထဲမှာ... ကျွန်မနဲ့ မျက်နှာချင်းဆိုင် ညှိုးနွမ်းနေတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတယ်။ အားငယ်နေတဲ့ အငွေ့အသက်တွေနဲ့... အပြုံးမဲ့နေတဲ့ သူမရဲ့မျက်နှာက သက်ပြင်းတွေကိုသာ တိတ်တိတ်လေး ချနေခဲ့တယ်။ မကြာခင်မှာတော့... အုပ်မှိုင်းနေတဲ့ မိုးတိမ်တွေဆီက မိုးစက်တွေ ရွာချလာတယ်။ မိုးစက်တွေကျလာတာနဲ့အမျှ ရေအိုင်ထဲက ပုံရိပ်ဟာ လှုပ်ရှားပြီး... ပျောက်လိုက်၊ ပေါ်လိုက် ဖြစ်လာတယ်။ အဲဒီအချိန်မှာမှ ကျွန်မ သတိဝင်လာတယ်။ ရေအိုင်ထဲမှာ မြင်နေရတဲ့သူက တခြားဘယ်သူမှ မဟုတ်ဘူး... ကျွန်မကိုယ်တိုင်ပဲ။ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ... ကျွန်မကို ကျွန်မ သေချာမကြည့်မိတာ။ ဘယ်အချိန်ကစခဲ့တာလဲ... ကိုယ့်အတွက် ကိုယ် မတွေးမိတော့တာ... မိခင်တစ်ယောက် စဖြစ်လာတဲ့အချိန်ကတည်းကပဲလား... ဟုတ်တယ်... ကျွန်မက သားသမီးတွေအတွက်ဆို... ဘယ်လိုအခက်အခဲမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ပင်ပန်းရပါစေ... အမြဲ ရင်ဆိုင်ရဲခဲ့တယ်။ ဒါပေမဲ့... ကျွန်မဆိုတဲ့ ရေအိုင်ထဲက အရိပ်ကိုတောင် သတိမမူနိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် မေ့လျော့နေခဲ့မိတာပါပဲ။ တစ်ခါတလေတော့... ရေအိုင်ထဲက အရိပ်ကိုလည်း ကြည့်ပေးပါ။ အဲဒီအရိပ်ဟာ... လူတိုင်းအတွက် အသက်ရှင်ပေးနေရင်း ကိုယ့်အတွက် အသက်ရှင်ဖို့ မေ့နေတဲ့ ကျွန်မကိုယ်တိုင်ပဲမို့လို့...။ #Moepanchi...✍︎ #စာစုငယ်လေးများ ဘဝရဲ့အတွေးတွေကို စာဖြင့်ဖော်ပြသူ 🌿 “စိတ်ကို အေးချမ်းစေတဲ့ စာပေများ,, "ဖတ်ရှုပေးတဲ့ တစ်ယောက်ချင်းစီတိုင်း စိတ်ချမ်းသာပြီး အေးချမ်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။🤍 #ဒီစာလေးကိုသင်ကြိုက်လို့ပြန်ကူးယူမယ်ဆိုရင် မူရင်းရေးသားသူ Credit (Crd) နှင့် ကျွန်မနာမည်ကို ထည့်သွင်းရေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #စာပေချစ်သူများအတွက်❣️ #စာစုငယ်လေးများ

🌿 M o e p a n c h i 🌿
🌿 M o e p a n c h i 🌿
Open In TikTok:
Region: TH
Friday 17 July 2026 03:01:38 GMT
4573
547
8
31

Music

Download

Comments

thiri1422022
🌻 T 🌻♏ :
စာသားလေချပေးပါလား♥️
2026-07-18 01:10:32
1
mayzarniaung.m
🤪May Zarni Aung 🌈🍭🍹 :
🥰🥰💖💖😍
2026-07-18 13:38:32
1
chaw.chaw389
🍀K.L.y🍀(ကလျာ......)👸🧏‍♂️🧏 :
❤️❤️❤️❤️
2026-07-17 15:54:09
1
To see more videos from user @moepanchi08, please go to the Tikwm homepage.

Other Videos


About