@uans313: *လိုလေသေးမရှိ ပြည့်စုံတဲ့ဘဝမှာလည်း မနေခဲ့ဘူးသလို၊ *လူလိမ်ခံရလို့ စီးပွားပျက်ပြီး ကျောင်းဆရာဘဝမှာ သုံးနှစ်လောက် တရားရုံး နှင့် ရဲစခန်းကို ပြေးရတဲ့ဘဝမှာလည်းနေခဲ့ဘူးတယ် :) *နည်းနည်းလေးအဆင်ပြေစဉ်က လူတွေရဲ့ ဖူးဖူးမှုတ် ဆက်ဆံတာလည်းခံရဘူးတယ်၊ ကျဆင်းသွားချိန်တုန်းကလည်း ဒီလူတွေဘဲ ပြန်ပြီးနှိမ်ချတာခံခဲ့ဘူးတယ် :) *ကိုယ်ပိုင်ကားနဲ့ ကျောင်းသွားခဲ့ဘူးသလို ကျူ ရှင်လခ (၅၀) ကျပ် မပေးနိုင်လို့ ဆရာကြီးကို မကြည့်ရဲတဲ့ဘဝမှာလည်း နေခဲ့ဘူးတယ် :) *လူချမ်းသာတွေ၊ ပညာတတ်တွေ စိတ်ဓာတ်ဆင်းရဲတာလည်း ကြုံခဲ့ဘူးသလို လူဆင်းရဲတွေ၊ ပညာမဲ့တွေ စိတ်ဓာတ်ချမ်းသာတာလည်း ကြုံ ခဲ့ဘူးတယ် :) *ချစ်တဲ့သူတွေနဲ့ သေကွဲလည်းကြုံခဲ့ဘူးတယ် ရှင်ကွဲလည်းကြုံခဲ့ဘူးတယ်။ *မိတ်ဆွေကောင်းတွေလည်း ကြုံခဲ့ဘူးတယ် မိတ်ဆွေယုတ်တွေလည်း ကြုံခဲ့ဘူးတယ် :) *ဆရာကောင်းတွေလည်း ကြုံခဲ့ဘူးတယ် ဆရာယုတ်တွေလည်း ကြုံခဲ့ဘူးတယ် :) *တပည့်ကောင်းတွေလည်း ကြုံခဲ့ဘူးတယ် တပည့်ယုတ်တွေလည်း ကြုံခဲ့ဘူးတယ် :) *သေဘေးလည်းခနခန ကြုံခဲ့ဘူးတယ် လူတွေကိုလည်း ခနခနကယ်ခဲ့ဘူးတယ်။ *မိန်းကလေးတစ်ယောက်ကို သေလောက်အောင်ချစ်ခဲ့ဘူးတယ်။ သေလောက်အောင်လည်း မုန်းခဲ့ဘူးတယ်။ *ပညာရှိတွေနဲ့လည်းကြုံခဲ့ရတယ် ပညာမဲ့တွေနဲ့လည်း ခနခနကြုံနေရတယ် :) *ဘယ်သူ့ကိုမှ အထင်မကြီးရဲသလို ဘယ်သူ့ကိုမှ အထင်မသေးရဲတော့ဘူး။ *နောက်ဆုံးတော့ ဘဝသင်ခန်းစာအရ ကိုယ်ပိုင်အသိဥာဏ်ပညာရယ် ကိုယ်ပိုင်အရည်အချင်းရယ် ကိုယ်ပိုင် ကိုယ်ကျင့်သီလရယ်ကဘဲ ကိုယ့်ဘဝကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာ သိလိုက်ရတယ်။ *တစ်ခါတစ်လေ ကိုယ်ချစ်တဲ့သူတွေကဘဲ ကိုယ့်ကိုအောင်မြင်စေသလို ပြန်ပြီးတော့လည်း ကျဆုံးနိုင်စေတယ်။ *ဘဝမှာ မကောင်းတာ အတော်များများလည်း သိနားလည်ထားအောင် အကုန်လုပ်ကြည့်ဘူးခဲ့ပြီ :) ကောင်းတာတစ်ချို့ကိုလည်း လုပ်ကြည့်ခဲ့ဘူးပြီ။ *အခုတော့ ကောင်းတာလုပ်ရတဲ့အရသာကို ကျနော့်ရဲ့နှလုံးသားက ရှာတွေ့သွားပါပြီဗျာ။ #M9 #Aquarius #Tarus #fypシ゚viral🖤tiktok #crd
U Aung Naing Soe
Region: MM
Friday 17 July 2026 03:28:46 GMT
Music
Download
Comments
M P L K O :
လေးစားပါတယ် အကိုဆရာ
2026-07-17 15:17:12
2
Nyo Nyo :
မဂ်လာပါရှင့်
ကျမမန်းတလေး/ပုသိမကြီးမှာနေပါတယ်
လေးစားမိလို့ပါ။ကျမအသိတစ်ယောက်နဲ့တူနေလို့ပါ။
ကျမလည်းအရင်က၀န်ထမ်းပါ။
ဆရာကရှေ့နေလားရှင်
Rp ပြန်ပေးစေလိုပါတယ်
2026-07-17 15:10:54
1
user6845960858121 :
အော်ကိုကြီးရေလူဘဝဆိုတာအဆိုအကောင်းနဲ့နေရတာဘဲ့မရှိတာလဲ့ကြုံရမယ်ရှိတာလဲ့ကြုံမယ်ဒါကြောင့်လူဘဝလို့ခေါ်တာကိုကြီး
2026-07-17 14:35:09
1
Daw Than Than Nu(Official) :
ဪ
2026-07-17 10:18:30
1
Myint Win :
👍👍👍👍
2026-07-17 07:30:57
1
Sein Lone :
သ ဗ္ဗေ ဓမ္မာ အနိစ္စာ လို့ နှလုံးသွင်းလိုက်ပါ တော့။
2026-07-17 09:49:20
1
Khin :
မိမိကိုယ်သာအားကိုးရာပါ..
2026-07-17 08:23:49
1
🔅𝐅𝐑𝐄𝐄☄𝐌𝐀𝐍🔅 :
တွေ့တဲ့လမ်းတည့်တည့်လျှောက်ပါဗျာ😁😁😁😁😁😁😁😁😁
2026-07-17 06:45:27
1
Moe Lay🤎 :
2026-07-17 04:24:13
1
Sofia :
အမှန်တရါးကကိုယ့်အတွက်အေးချမ်းပါတယ်နေါက်ကျေါလုံပါတယ်🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-17 06:47:28
1
khin lay508867 :
လေးစားပါတယ်ခံစားချက်တွေလည်းတူ🥰
2026-07-17 16:13:04
0
user82806503636 :
🥰🥰🥰
2026-07-17 07:22:15
1
soe soe :
💚💚💚
2026-07-17 14:31:42
0
Aye :
👍👍👍👍👍
2026-07-17 11:44:14
1
စိမ်းစိမ်း :
🥰🥰🥰
2026-07-17 04:56:39
1
user99109294018853 :
🥰🥰🥰🥰🥰🥰
2026-07-17 03:52:36
1
Nang Su Su Hlaing :
👍👍👍👍👍👍👍
2026-07-17 05:10:45
1
misan :
🌹🌹🌹
2026-07-17 16:26:54
0
To see more videos from user @uans313, please go to the Tikwm
homepage.