@yeming777: ၁။အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ။(၁တိ 3:2 ) အပြစ်တင်ခွင့်နှင့်ကင်းလွတ်တယ်ဆိုတာအရင်ကအပြစ်လုံးဝမပြုထားသူကိုမဆိုလိုပါ၊လက်ရှိပြုနေတဲ့အပြစ်တင်စရာအချက်အလက်တွေကိုဆိုလိုပါတယ်။ ၂။မိန်းမတစ်ယောက်ထဲရှိသောသူ။(၁တိ3:2 ) အိမ်ထောင်ပြုခဲ့ရင်တောင်တစ်လင်တစ်မယားစနစ်နဲ့နေထိုင်သူကိုဆိုလိုပါတယ်။သတိထားရမှာကသင်းအုပ်ကအမျိုးသားဘဲဖြစ်ရမယ်ဆိုတဲ့ဖိုဝါဒကိုညွန်းနေတာမဟုတ်သလိုအိမ်ထောင်ရှိသူမှသင်းအုပ်လုပ်ရမယ်လို့မဟုတ်ရပါ။ပုံသက်သေကောင်းကိုဖော်ပြနေခြင်းသာဖြစ်ပါတယ်။မဟုတ်ရင်ရှင်ပေါလုကအိမ်ထောင်မပြုခဲ့လို့(မယားတစ်ယောက်တောင်မရှိလို့)သူတောင်သင်းအုပ်လုပ်ခွင့်မရဖြစ်သွားပါလိမ့်မယ်။ ၃။သမ္မာသတိရှိသောသူ။(၁တိ3:2 ) သမ္မာသတိဆိုတာဘုရားစကားနဲ့အမြဲနိုးနိုးကြားကြားနေထိုင်တတ်သူကိုဆိုလိုပါတယ်။ ၄။ဣန္ဒြေစောင့်သောသူ။(၁တိ 3:2 ) ကိုယ်အမူအရာ၊အပြောအဆို၊စဉ်းစားတွေးခေါ်ခြင်းမှာအပြစ်မပါအောင်၊ပြောစရာမဖြစ်အောင်ချုပ်တည်းခြင်းဖြစ်ပါတယ်။ ၅။လျောက်ပတ်စွာကျင့်သောသူ။(၁တိ3:2 ) နူတ်ကပတ်တော်နဲ့အညီ၊လူမူ့အသိုင်းဝိုင်းနဲ့အညီကျင့်ကြံနေထိုင်တတ်တာကိုပြောတာပါ။ ၆။ဧည့်သည်ဝတ်ပြုတတ်သောသူ။(၁တိ3:2 ) လူစိမ်းတိုင်းကိုအကုန်ယုံကြည်ဧည့်ခံရမယ်လို့မဆိုလိုပါဘူး၊ဘုရားပေးတဲ့ညာဏ်ပညာနဲ့လူတွေကိုကူညီဧည့်ခံတတ်ရမယ်လို့ဖော်ပြတာဖြစ်ပါတယ်။ ၇။ဆုံးမသြဝါဒပေးတတ်သောသူ။(၁တိ3:2) ဆုံးမတယ်ဆိုတာအပြစ်ပေးတာကိုပြောတာမဟုတ်ပါဘူး၊သမ္မာကျမ်းစာကိုသွန်သင်ပေးခြင်းကိုအဓိကဆိုလိုပါတယ်။ ၈။သေရည်သေရက်ရှောင်သောသူ။(၁တိ3:3) သင်းအုပ်တွေဟာသေရည်သေရက်မှာပျော်မွေ့တာမျိုးကိုလုံးဝရှောင်ရှားပြီး၊အသင်းသားတွေကိုပါသေရည်သေရက်မမူးမိဖို့ဆုံးမတတ်ရပါမယ်။ ၉။ငြင်းခုန်ရန်ဖြစ်ခြင်းကိုရှောင်သောသူ။(၁တိ3:3၊၂တိ2:24-25) ဟိုအသင်းသားကိုပြဿနာရှာ၊ဒီအသင်းသားကိုရန်တွေ့၊ဘာသာခြားကိုပြဿနာလိုက်ရှာစသဖြင့်လုပ်တာမျိုးကိုရှောင်တတ်သူဖြစ်ရပါမယ်။သူများနဲနဲလေးပြောမိတာကိုသီးမခံနိုင်ဘဲစိတ်တိုပြီးပလ္လင်ပေါ်ကနေကျမ်းချက်နဲ့ပြန်ဆဲဆိုအနိုင်ယူတာမျိုးကိုလည်းအထူးရှောင်ရှားရပါမယ်။ ၁၀။ငွေကိုတပ်မက်ခြင်းမရှိသူ။(၁တိ3:3) သင်းအုပ်တစ်ယောက်ဟာဖြစ်နိုင်ရင်စီးပွားရေးတောင်မလုပ်သင့်တာပါ။ထောက်ပံ့မှုလုံလောက်နေရင်သာသနာကိုဘဲဦးစားပေးအချိန်ကုန်သင့်ပါတယ်။ငွေကြေးတပ်မက်နေရင်တော့သင်းအုပ်မလုပ်ဘဲငွေထွက်ရှာသင့်ပါတယ်။ ၁၁။မိသားစုကိုဦးဆောင်ကွပ်ကဲထားနိုင်သူ။(၁3:4 -5) မိသားစုကိုမဦးစီးနိုင်ဘဲအသင်းတော်ကိုလာဦးစီးနေရင်အဆင်မပြေပါ၊မိန်းမကိုမသွန်သင်နိုင်တာမျိုး၊သားသမီးကိုမဆုံးမနိုင်တာမျိုး၊အလိုလိုက်ထားတာမျိုးဆိုရင်သင်းအုပ်လုပ်ဖို့မသင့်တော်ပါ။ ၁၂။သမ္မာတရား၌ရင့်ကျတ်သောသူ။(၁တိ 3:6 ) ဘာသာဝင်လူသစ်ဆိုတာအခုမှယုံကြည်လာသူကိုသင်းအုပ်ခန့်အပ်လို့မရကြောင်းဖော်ပြနေတာပါ။အနည်းဆုံးကျမ်းစာကျောင်း3-4နှစ်တတ်ပြီးရင့်ကျတ်လာသူကိုသာလုပ်ဖို့ဖော်ပြခြင်းဖြစ်ပါတယ်။ ၁၃။ပုံသက်သေရှိသောသူ။(၁တိ3:7) မယုံကြည်သူတွေကြားထဲမှာတောင်ချီးမွမ်းခံရတဲ့သူမျိုးကိုဆိုလိုပါတယ်။မိမိရဲ့အပြောအဆိုအပြုအမူအားဖြင့်သူတပါးကိုအလင်းဖြစ်စေသူ၊တည်ဆောက်စရာဖြစ်စေသူကိုဆိုလိုပါတယ်။ ၁၄။ငွေကြောင့်မဟုတ်ဘဲစေတနာစိတ်နဲ့လုပ်သူ။(၁ပေ၅:၂ ) ငွေကိုကြည့်ရင်ဆက်လုပ်ချင်စိတ်ရှိမှာမဟုတ်ပါဘူး၊ဒါကြောင့်ငွေကိုကြည့်ပြီးလုပ်ဖို့စိတ်ကူးထားရင်သင်းအုပ်မလုပ်သင့်တာပါ၊ငွေမက်တာမဟုတ်ဘဲစေတနာစိတ်နဲ့လုပ်ဆောင်နိုင်မှသာအဆင်ပြေပါမယ်။ ၁၅။အာဏာလိုချင်တဲ့သူမဖြစ်ရပါ။ (၁ပေ၅:၃ ) အသင်းတော်ရဲ့သင်းအုပ်ဆိုတာအာဏာရာထူးမဟုတ်ပါဘူး၊အစေခံဖြစ်ပါတယ်။သိုးတွေကိုထိန်ကျောင်းတယ်ဆိုတာသိုးတွေကိုအစိုးတရပြုခြင်းမဟုတ်ဘဲကာကွယ်ထိန်းသိန်းစောင့်ရှောက်ပေးခြင်းဖြစ်ပါတယ်။ ၁၆။ခရစ်တော်ကိုချစ်သောသူဖြစ်ရမည်။ (ယော 21:16 ) သင်းအုပ်တစ်ယောက်ဟာခရစ်တော်ကိုချစ်မှခရစ်တော်ရဲ့အသင်းတော်ကိုချစ်နိုင်မှာပါ၊ခရစ်တော်ကိုချစ်မှသူ့ခန္ဓာကိုယ်ကိုစောင့်ရှောက်နိုင်မှာပါ။ခရစ်တော်ကိုချစ်မှသူ့သိုးတွေကိုစိတ်ရှည်သီးခံပေးနိုင်မှာပါ။ ၁၇။ကိုယ်ကျိုးစွန့်ဝန်ထမ်းဖြစ်ရမည်။ (၁ကော10:32-33 ) မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အမှုတော်ဆောင်ဆောင်းပုဒ်က"ကိုယ်ကျိုးစွန့်ဝန်ထမ်း"ပါ။နှစ်ခြင်းတွေဘဲမဟုတ်၊အမှုတော်ဆောင်တိုင်းကိုယ့်အကျိုးအတွက်မဟုတ်ဘဲသူ့အကျိုးအတွက်အသက်ရှင်နေတယ်ဆိုတာမိမိကိုယ်ကိုယ်အမြဲသတိပေးရပါမယ်။ ၁၈။အဆင့်အတန်းခွဲခြားဆက်ဆံသူမဖြစ်ရပါ။ (ရှင်ယာကုပ် 2:1-4 ) ဆင်းရဲသားကိုတမျိုး၊ချမ်းသာသူဆိုတမျိုးဆက်ဆံနေတတ်တဲ့သင်းအုပ်တွေအများကြီးရှိနေပါတယ်။ဒါကြောင့်ဒီကျမ်းချက်ကိုအမြဲသတိရဆင်ခြင်သင့်ပါပေတယ်။ ၁၉။ဧဝံဂေလိလုပ်သောသူဖြစ်ရပါမည်။ (ရှင်မဿဲ 28:19-20 ) အသင်း တော်ကီစ္စနဲ့ဘဲအချိန်ကုန်တာမျိုးမဟုတ်ဘဲ၊ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းကောင်းဝေငှခြင်းမှာစိတ်အားထက်တန်နေရပါမယ်။ ၂၀။သာဓုသစ္စာရှိသောသူဖြစ်ရမည်။ (ရှင်မဿဲ 25:21 ) ဘုရားအပေါ်၊အသင်းတော်အပေါ်သစ္စာမရှိဘဲကိုယ်ကျိုးကြောင့်သစ္စာဖောက်လွယ်သူတွေသင်းအုပ်မလုပ်သင့်ပါ။ မူရင်းရေးသားသူ-ဆရာရဲမင်း။
Ye Ming-RubyLand
Region: MM
Friday 17 July 2026 07:26:48 GMT
Music
Download
Comments
လွေးစမိုင်း :
ခွန်းအားပေးတဲ့ ဆရာတို့မိသာစုအပေါ်မှာ ဘုရားရှင်ထံမှလာသော ကောင်းကြီးများစွာပိုင်ဆိုင်နိုင်ပါစေ။
2026-07-17 08:14:48
2
Sum lut kasha :
2026-07-19 01:00:52
0
David :
အာမင်
2026-07-22 04:00:54
0
Vunghthang :
Amen!.
2026-07-25 01:16:19
0
U Ba Yan Aung :
Amen
2026-07-17 13:02:32
0
Mu Mu Lay :
အာမင်
2026-07-17 13:42:06
0
Angel Angel :
နံပါတ်8အချက်ကတော့အခုခေါတ်သင်းအုပ်ဆရာ တော်များနဲ့အမှုတော်ဆောင်များမရှောင်နိုင်ဆုံးကအရက်သေစာပါဘဲဆရာ
2026-07-17 14:42:44
0
U Hla Sar :
အာမင်အာမင်
2026-07-17 12:03:42
0
Seng Tu Maran305 :
Rev. Dec. Pastor နဲ့ပတ်သက်သောအချက်အခက်ရှိသင့်သောအရာတို့ကိုသွန်သင်ဖောပြပေးပါ ဆရာ ဆက်လက်ပြီး
ဘုရားသခင်ကောင်းချီးပေးပါစေဆရာနဲ့ အသင်းတော်မိသားစုများအားလုံးကို
2026-07-18 07:49:52
0
Lord Damiann. :
အာမင္❤️❤️❤️
2026-07-17 11:30:04
0
อาหมี่ โวยแม :
2026-07-17 11:56:02
0
Sheh May Hla :
🥰🥰🥰
2026-08-09 11:25:09
0
saw Hla Lin Soe✈️ :
🙂🙂🙂🙂🙂🙂
2026-07-18 13:24:16
0
Heavenly Man :
👍👍👍👍👍🥰🥰🥰🥰
2026-07-17 11:51:39
0
uzawzawmin :
🥰🥰🥰🥰🥰🥰🥰
2026-08-18 13:01:43
0
To see more videos from user @yeming777, please go to the Tikwm
homepage.