@nohnoh861: #တစ်ယောက်က ပြောဖူးတယ် “နင့်ရဲ့ healing က အရမ်းကောင်းတာပဲ” တဲ့။ တစ်ခုခုဖြစ်ရင် ခဏပဲနော်… ပြီးရင် ဘာမှမဖြစ်သလို အကောင်းတိုင်း ပြန်ဖြစ်သွားတယ်တဲ့။ တကယ်တော့ အမြန်ဆုံး ပြန်ကောင်းသွားတာမျိုး မဟုတ်ဘူး။ နာကျ"င်ခဲ့ဖူးတဲ့ အရာတွေကြားထဲကနေ ဆက်ရှင်သန်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ထားတာမျိုးပဲ။ လူတွေမြင်တာက “ပြန်အဆင်ပြေသွားတဲ့လူတစ်ယောက်” ပဲ။ ဒါပေမယ့် သူတို့မမြင်တဲ့အရာက အဆင်ပြေချင်လို့ နေ့တိုင်း ကိုယ့်ကိုယ်ကို ပြန်ဆွဲတင်နေရတဲ့ အချိန်တွေ။ အချိန်တော်တော်များများမှာ မပျော်နိုင်တော့တဲ့အခါ စိတ်ကျေနပ်စရာလေး တစ်ခုခု ကိုယ့်နားမှာရှိနေရင် အဲ့ဒါကိုပဲ 6သချာလေး အားရှိသလောက်နဲ့ဖက်တွယ်ထားမိတယ်။ “ဘာမှမဖြစ်ဘူးလေ… ရပါတယ်” ဆိုတဲ့ စကားနဲ့ ကိုယ့်ကိုယ်ကို ကျော်သွားခိုင်းလိုက်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို လုပ်ရတဲ့ healing က ဘယ်လောက် သိ'မ်ငယ်ပြီး ဝမ်:နည်:ဖို့ကောင်းလဲဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူမှ မသိနိုင်ဘူး။ တကယ်တော့ အဲ့ဒီခံစာ:ချက်တွေက ပျော"က်သွားတာ မဟုတ်ဘူး။ အခန်းတစ်ခန်းထဲမှာ တံခါးပိတ်ပြီး သိမ်းထားလိုက်တာမျိုးပဲ။အပြင်ဘက်မှာတော့ ရယ်မောနေတုန်းပဲ… ပုံမှန်ဖြစ်နေတုန်းပဲ… ဘာမှမဖြစ်သလို နေတုန်းပဲ။ ဒါပေမယ့် တစ်နေ့… အဲ့ဒီအခန်းက တဖြည်းဖြည်း ပြည့်လာတဲ့အခါ ဘာဖြစ်သွားနိုင်မလဲဆိုတာ ကိုယ်တိုင်တောင် မသိဘူး။#crdစာသား
诺诺♒️
Region: MM
Friday 17 July 2026 11:31:27 GMT
Music
Download
Comments
Thet Hmue Eain :
ကျနော့် စာလေးမို့ crd ပေးပေးပါနော်
2026-07-19 06:48:16
1
shwelawinn :
🥰
2026-07-18 13:18:41
1
phyothuraaung883 :
စာသားလေးcopyယူသုံးလို့ရမလား😳
2026-07-21 04:56:23
1
zin ko👀 :
😳😳😳
2026-07-19 06:08:10
1
Zoe Lay :
💞💞💞
2026-07-21 01:56:31
1
Thaw Zin Htet :
🥰🥰🥰
2026-07-17 13:54:08
1
Z.K.A💦 :
🤗
2026-07-31 00:39:43
0
To see more videos from user @nohnoh861, please go to the Tikwm
homepage.