@nyan.moe.official: #ရင်နာတယ် အညာ 🥀 အတ္တမီးတောက်ထဲ ပြုတ်ကျသွားတဲ့ ဒီမိုကရေစီကို ဆည်ယူရင်း မီးစွဲခဲ့ရတဲ့ ကျုပ်တို့ အညာပေါ့။ ဒီမိုကရေစီဟာ ဓါးသွားပေါ်က ပျားရည်စက်ဖြစ်ဖြစ် ပျားရည်စက်ကိုမိုးထားတဲ့ ဓါးသွားပဲဖြစ်ဖြစ် အပြတ်အရှ များခဲ့တာဟာ ကျုပ်တို့အညာပေါ့။ အညာရဲ့ပြာပုံကြားက ငိုရှိုက်သံတွေက မြို့ကြီးပြကြီးရဲ့ ဇာတ်ပွဲထဲရယ်မောသံကို မဖုံးနိုင်ဘူး။ ပွဲကြည့်ပျက်မှာမို့ တိုးတိုးငိုပေးနေသတဲ့ "အ"လိုက်တဲ့ အညာ။ အညာရဲ့တမာတွေ အရင်ကထပ်ပိုခါးလာပြီ။ ခရောင်းလမ်းထပ်က ထနောင်းတန်းတွေ အညာကို မအေးစေတော့ဘူး။ ပူပြင်းတဲ့အညာမှာ အပူသည်တွေလည်းစုလို့ ပုံလို့။ ရင်နာတယ် အညာ ရင်နာတယ် မြို့ကြီးပြကြီးက ပျော်စရာပွဲတော်တွေမှာ အညာရဲ့ ငိုရှိုက်သံတွေနဲ့ တီးလုံးတိုက်နေကြသတဲ့။ အညာဟာ သိပ်ရိုးတာ တစ်နိုင်ငံလုံးသုံးမည့် ဒီမိုကရေစီကို အညာဟာ မီးခိုးလုံးတွေနဲ့ လဲပေးနေရတယ်။ WAI GYI(နှလုံးသားဖြင့်ရင်း၍)
ဦးစိန်(မြိုင်နယ်သား)
Region: MM
Friday 17 July 2026 12:29:28 GMT
Music
Download
Comments
🌞💧မောင်ဇော်💧🌞 :
pdfရှိလာမှရွာပျက်ရတယ်ဆိုတဲ့မန့်တွေမြင်ရင်ကျနော်ခင်ဗျာတို့အစားရင်နာမိတယ်ဗျာ
စစ်တပ်ကိုကြသူတို့အပစ်မတင်ရဲကြဘူး🥺
2026-07-19 07:48:21
81
user98593233501 :
ဘာလို့စစ်ကြောင်းလာရင်
ရှောင်ရတာလဲဆိုတာတောင်မေ့သွားပြီ
စစ်ကြောင်းကပဲ ဖမ်းမှာစိုးလို့လား
မရှောင်ရင် PDF ကပဲဒလန်ဆိုပြီး
ရှင်းမှာစိုးလို့လား မသိတော့ဘူး
ရှောင်တာတော့ ရှောင်နေရတာပဲ
2026-07-18 12:26:58
17
ko myo :
အညာမရှိရင် မြို့ဆိုတာတွေးစရာပါ
2026-08-13 13:45:17
2
🎀L🌷 :
အာဏာကိုသာ မရူးခဲ့ရင်ဒို့လူငယ်တွေရဲ့အနာဂတ် ပြည်သူတွေရဲ့အိုးအိမ်တွေအသက်တွေအကောင်းတိုင်လေးရှိကြဦးမာ🥺
2026-08-14 02:15:34
2
Hein Min Zaw :
လူဆိုးကြိကျအပစ်မပြောရဲသောနိုင်ငံ တစ်နိုင်ငံလုံးစုတ်ပျက်သတ်သွားအေးတာပဲဗျာ ဘယ်လောက်ခံရခံရအမှားအမှန်မခွဲခြားသက်ကျသေးဘူး ရင်နာစရာတကယ်ကောင်းတယ်ဗျာ
2026-07-20 15:37:24
2
သူမ မချစ်သော ကျွန်တော် :
အညာ တမာခါးတယ်🥺🥺
အညာဘဝက ပိုခါးတယ်🥺🥺
အညာနွေ ပူတယ်🥺🥺
အညာမြေက ရင်တွေပိုပူရတယ်🥺🥺
2026-07-28 01:04:43
11
Kyaw Zaw Lin 🐉 :
အညာတော့မသိဘူး ကျုပ်တို့ဘက်တုံးကတော့ ပြည်သူတွေထက် အရင်ပြေးကြတာပဲ ဘာကာကွယ်ရေးဆိုလားပဲ😁😁
2026-07-28 13:44:37
2
🍁𝘽𝙇𝘼𝘾𝙆 "/5" အညာသား🍂 :
-နောင်တစ်ချိန်တွင် လိပ်ပြာလုံခဲ့ကြကြောင်းလေးပေါ့ဗျာ /5💪
2026-08-09 12:35:08
1
💢မောင်ထွန်း💢🫶 :
ကြည့်ပ့အုံးဗျာ ဒီအသက်ရွယ်မှာ အိမ်မှာ ရေနွေးလေးသောက်လိုက် ပုတီးလေးစိပ့်ပီး နေရမှာလေ ခုတော့ဗျာ🥹💔
2026-07-19 09:29:28
6
ᥫ᭡ 𝓜𝓰 𝓚𝓱𝓪𝓷𝓽 :
ပြန်တင်မယ်နော်bro
2026-08-07 03:22:07
1
မဲမဲ🫀💬🎬🎬နတ်မောက် ဖလံတော :
ရင်ကွဲမတက်ပ့ပဲဗျာ 😞😞
2026-07-19 09:03:10
3
Heat Man :
သနားလိုက်တာ အညာယေ ကျွန်တော်လို ရခိုင်လိုပါဘဲ 😭😭😭😭
2026-08-11 13:11:35
1
Ânĝèl £aÿ💐 :
မြို့ကြီးမှာနေရလဲမပျော်ရပါဘူးကွယ်အပူတွေနဲ့ကြည့်ပါဘဲ ပျော်အောင်သာနေကြရတာတကယိဆိုပျော်စရာကိုမရှိတော့တာ အကုန်လုံးကအပူတွေနဲ့ပါ
2026-07-19 04:32:13
1
𝖙𝖍𝖎 𝖍𝖆 :
အဲ့တာအညာပဲဗျ😔😔
2026-07-19 13:14:20
1
B!💥 :
2018/2019/2020လောက်က စစ်သားတွေ ရွာက ဖြတ်သွားရင် ပန်းကုန်းတွေနဲ့ ဂုဏ်ပြုကြိုစိုကျတယ် ........
ခုကတော့ စစ်သားလာပီဆို
ပြည်သူတွေက ေဘးကို ထွက်ရှောင်နေရတယ်ဗျာ.......🥺
2026-08-15 06:08:20
1
KhinMeeMeeTun :
အဲလိုမြင်ကွင်းမမြင်ချင်ဆုံးပါဘဲအသက်ကြီးတဲ့သူတွေသနားလို့
2026-07-20 09:33:27
1
T_🎭 :
ကျုတ်တို့အညာမာ ဘယ်ချိန်မာ ကျုတ်အိမ်ဘယ်ချိန်ပြာကြမလဲ တရိတ်ရိတ်နေတိုင်းကြည့်မိတယ်🥹
2026-07-19 14:09:18
1
အရှံးနဲ့လူပါ :
ကျွန်တော်အညာလည် ရင်နားရပါတယ်ဗျာ
နောက်ထက်အညာမြေကလူတွေဘယ်လောက်ပေးချက်နေရအုန်းမှာလဲ
2026-07-19 02:11:24
1
ye baw nga chan :
ကားကြီးနဲ့သူကလှည်းနဲ့စစ်ရှောင်တဲ့လူကိူသနားတာသဘာဝကြပ့တယ်😔
2026-07-19 14:57:09
0
Aung zin htun :
တောက် အ လိုက်တဲ့အညာတဲ့လားဗျာ
2026-08-08 12:46:47
0
🎌kø kĥâñț(ယော)1M🇲🇾 :
အညာမှာတော့ ငိုသံတွေဟာ..
တေးကဗျာတစ်ပုဒ်ဖြစ်ခဲပြီ.😌
2026-08-19 05:39:18
0
ဗဒင်🍀 :
စာသားလေးချပေးပ့လားအကို🥺
2026-08-17 05:38:55
0
Wîn Txañdar Htuñ :
ကိုယ်တွေလည်းအဲ့လိုပြေးခဲ့ရလို့ အဲ့လိုတွေမြင်ရင် ခံစားရတယ် အညာရယ်🥺🥺
2026-07-19 10:20:28
1
To see more videos from user @nyan.moe.official, please go to the Tikwm
homepage.