@arno17128: အမေရိကန်ဒေါ်လာ ၄၈ သန်းတန်ဖိုးရှိ ရွှေ ၈၀၀ ကီလိုဂရမ်ကို ပြည်ပသို့ တရားမဝင်ရောင်းချဖို့ ကြိုးပမ်းခဲ့တဲ့ အစီအစဉ်မှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန် ပါဝင်ပတ်သက်ခဲ့တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Justice For Myanmar (JFM) က ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ်အတွင်း စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ကွန်ရက်တစ်ခုဟာ အမေရိကန်ဒေါ်လာ ၄၈ သန်းခန့် တန်ဖိုးရှိတဲ့ ရွှေ ၈၀၀ ကီလိုဂရမ် (ပိဿာ ၄၉၀ ခန့်) ကို ပြည်ပသို့ တရားမဝင်ရောင်းချဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ JFM ရဲ့ ဖော်ပြချက်အရ အဆိုပါအစီအစဉ်ကို ခင်သီရိသက်မွန်က ဦးဆောင်ခဲ့ပြီး ထိုင်း၊ လာအိုနဲ့ ဟောင်ကောင်တို့ကို ဖြတ်သန်းကာ ရွှေခဝါချရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် ငွေပေးချေမှု အာမခံချက်နဲ့ လုပ်ငန်းဆောင်ရွက်ပုံအပေါ် သဘောထားကွဲလွဲမှုတွေကြောင့် အစီအစဉ် မအောင်မြင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ ရွှေအရောင်းအဝယ်ကို လာအိုနိုင်ငံက AIF Group လက်အောက်ခံ ကုမ္ပဏီတစ်ခုထံ ရောင်းချဖို့ စီစဉ်ခဲ့ပြီး ငွေပေးချေမှုတွေကို BIC Bank Lao မှတစ်ဆင့် ဆောင်ရွက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။ JFM က ထပ်မံဖော်ပြထားတာက စစ်အုပ်စုနဲ့ နီးစပ်သူ ထွန်းမင်းလတ်နဲ့ ထိုင်းနိုင်ငံရေးသမားတစ်ဦးတို့ဟာ ရွှေ ၂၀၀ ကီလိုဂရမ် ရောင်းချပြီးဖြစ်ကြောင်း ပြောဆိုထားတဲ့ မှတ်တမ်းတွေရှိပေမယ့် အဲဒီရွှေတွေ အမှန်တကယ် လက်ပြောင်းလက်လွှဲ ဖြစ်ခဲ့ခြင်းရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ #fypppppppppppppppppppppppppppppppppppppppp #
ARNO
Region: DE
Friday 17 July 2026 14:51:21 GMT
Music
Download
Comments
🌙🤴U Tĥăř Nĝŵę✨🤴 :
သူခိုးကိုနိင်ငံလက်ထဲအပ်တော့ ဘာဖြစ်မလဲ
2026-07-17 19:59:49
2
MMAY00 :
ပါရင်ဖမ်း
မလွတ်စေနဲ့
ထောင်နှစ်ရှည်ချပစ်
2026-07-17 23:20:33
3
Viber :
jfmဆိုတာ Jealous For myanmar
2026-07-17 15:47:47
0
Tin Maung Kyaw :
ဇွဲထက်ဆိုင်က ဘယ်သူပိုင်လဲ?
2026-07-18 04:47:17
0
umyomin :
သူကြီးကပျောင်းဖူးခိုးတော့ဘယ်သူ့တိုင်ရမှာလဲ
2026-07-18 04:55:15
0
24 hours :
ဘာတွေမျှော်လင့်
2026-07-18 03:52:56
0
Ko Si :
နိူင်ငံတော်ပိုင်သိမ်း
2026-07-18 04:19:17
0
Td :
တစ်တော့မှာပဲလုပ်ပါလွှတ်တော်မှာတော့မတင်ပါနဲ့
2026-07-18 03:32:14
0
Zaw Khine :
ချမ်းသာလိုက်တာနော်
2026-07-18 02:41:42
0
.. :
တရက် ၁၀ သန်းဖြုန်းရင်တောင် နှစ် ၁၀၀ စာ ဖြုန်းမကုန်လောက်ဘူး
2026-07-18 03:30:32
0
Tun Wai :
အကုသိုလ်ကြီးကြပါလား
2026-07-18 01:03:03
0
ဆုံနေကျ နေရာလေး :
အဲ့ဒါသူခိုင်းလို့လုပ်တာပေါ့
2026-07-18 00:55:43
0
user2268329020333 :
ပြည်သူတွေကတော့ အားလုံးနီးပါးဆင် းရဲနေကြပီ
2026-07-17 23:22:52
6
𝓜𝓘𝓝 𝓜𝓘𝓝 𝓣𝓗𝓤 :
ဝိုး gg
2026-07-17 17:15:58
0
user9912770516544 :
ပြောဘူးတာသိကြမှာပါသူရဲ့သားနဲ့သမီးချွေးမတို့ကစီးပွညးရေးပိုလုပ်ကိုင်တတ်ကြတယ်စီးပွားရှာတော်ကြတယ်😁😁😁ပြည်သူတွေကအလုပ်ကိုမလုပ်ချင်ကြဘူးစီးပွားမရှာတတ်ကြလို့ဆင်းရဲနေကြပါတယ်ဆိုမှတ်သားလောက်တဲ့မိန့်ခွန်းကြီးကို😁😁😁😁မမေ့ကြပါနဲ့
2026-07-18 01:51:52
2
mimionsox4x :
ကဲကဲ ဟိုလူများ ဟိုအမများ မြင်ပါစေ ကြာပါစေ
2026-07-17 17:41:20
1
Ruka a.j :
ဘယ်သူ့သမီးဘဲဖစ်ဖစ်စောက်ဂရုမစိုက်နဲ့ပစ်မှားရင်ထောင်ဒန်ပဲ
2026-07-17 23:34:16
0
Sai Kyi :
မျိုးရိုးလိုက်
2026-07-18 01:22:08
0
U Maung Maung :
ကုန်ပါပီ ထင်ရာလုပ် ခိုးရောင်းသေရာမပါဘူးနော
2026-07-18 02:12:12
0
Zarmani :
ဝတ်မှုန်ရွှေရည် ယောင်္ကျားနဲ့ကကောအမှန်လား
2026-07-18 05:15:19
0
U Kyaw :
ဂျင်း
2026-07-18 01:34:09
0
Tha Pyay :
အမှန်တကယ်ဖြစ်ပါက မင်းအောင်လှိုင် နှင့် ကြူကြူလှတို့ပါ တစ်ပါတည်းပူးတွဲထောင်ထဲထည့်သွင်းသင့်သည်နော်
2026-07-18 02:01:42
0
TT :
🥰🥰🥰
2026-07-17 15:05:45
3
Phone Phone :
🥰🥰🥰
2026-07-17 17:18:56
1
To see more videos from user @arno17128, please go to the Tikwm
homepage.