@alvin.htut35: ကိုယ်တို့နှစ်ယောက်ကြားမှာ… အလေ့အကျင့်လေးတစ်ခု ရှိတယ်။ နေ့တစ်နေ့မှာ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်… အိပ်ခါနီးရင်တော့ “ဒီနေ့ ဘာတွေလုပ်ခဲ့လဲ” လို့ မင်းက မေးတတ်တယ်။ ကိုယ်ကလည်း… အရေးမကြီးတဲ့အကြောင်းလေးတွေကို အရေးကြီးသလို စီကာပတ်ကုံးပြောနေမိတတ်တယ်။ နေ့လယ်က ကော်ဖီတစ်ခွက် သောက်ဖြစ်တဲ့အကြောင်း။ လမ်းမှာ ကြောင်ဖြူလေးတစ်ကောင် တွေ့တဲ့အကြောင်း။ မိုးတိမ်တွေကို အကြာကြီး ငေးနေခဲ့တဲ့အကြောင်း။ တကယ်တော့… အဲ့ဒီအကြောင်းတွေက ပြောစရာ မလိုတဲ့အရာတွေပဲ။ ဒါပေမယ့်… မင်းကိုတော့ မပြောပြဘဲ မနေနိုင်ဘူး။ အဲ့ဒီအချိန်တိုင်း… ကိုယ် စဉ်းစားမိတယ်။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ… ကြုံခဲ့ရတဲ့ အသေးအမွှားလေးတွေကအစအရင်ဆုံး ပြောပြချင်တဲ့သူ ဖြစ်သွားတာများလားလို့။ တချို့နေ့တွေမှာ… ကိုယ်ရယ်ရတဲ့အကြောင်းက ရီစရာဟာသတစ်ခုကြောင့် မဟုတ်ဘူး။ မင်းက… “ဟား?” ဆိုပြီး reply ပြန်လာမယ့်ပုံကို စိတ်ကူးယဉ်မိလို့။ တချို့ညတွေမှာ… ကိုယ်အိပ်ပျော်သွားတာက ပင်ပန်းလို့ မဟုတ်ဘူး။ မနက်ဖြန်… မင်းနဲ့ စကားတွေအများကြီးထပ်ပြောရဦးမယ်ဆိုတဲ့ စိတ်လေးနဲ့။ မင်းသိလား… လူတစ်ယောက်က ကိုယ့်ဘဝကို ပြောင်းလဲသွားတယ်ဆိုတာ… “ဒါလေး မင်းကို ပြောပြရဦးမယ်…” ဆိုတဲ့ အတွေးလေး နေ့တိုင်း ဝင်လာတဲ့အချိန်ကစတာဖြစ်နိုင်တယ်။ အဲ့ဒီအချိန်ကစပြီး… ကိုယ့်နေ့ရက်တွေက တစ်ယောက်တည်း မဟုတ်တော့ဘူး....#messofmoods #စာမျက်နှာ #ခံစားချက် #foryou #myanmartiktok🇲🇲🇲🇲

Mess Of Moods
Mess Of Moods
Open In TikTok:
Region: MM
Friday 17 July 2026 16:40:30 GMT
139
12
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @alvin.htut35, please go to the Tikwm homepage.

Other Videos


About