@lemon99841: သဝန်တိုတယ်၊ ရစ်တယ်၊ ချုပ်ချယ်တယ်" ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ အမျိုးသားတွေရဲ့ "မဆုံးရှုံးချင်တဲ့ ကြောက်စိတ်" တွေ ဘယ်လောက်တောင် ပုန်းကွယ်နေမလဲဆိုတာ တစ်ချက်လောက် ကိုယ်ချင်းစာကြည့်ပေးဖူးပါ သလား...။ အခုလို Social Media တွေ ခေတ်စား နေတဲ့အချိန်မှာ မိန်းကလေးတစ်ယောက်ကို Flirting လုပ်ဖို့ဆိုတာ အရင်လို အနောက်က တကောက်ကောက် လိုက်နေစရာ မလိုတော့ပါဘူး။ Facebook, Instagram ဒါမှမဟုတ် TikTok ပေါ်မှာ ကိုယ့်ချစ် သူက ပုံလေးတစ်ပုံ တင်လိုက်ရုံနဲ့တင် လာပြီး စနောက်ချင်သူတွေ၊ စကားနာထိုးချင်သူတွေက အဆင်သင့်ရှိနေကြတာ။ အဲ့ဒီလို ကိုယ့်ဘက်ကစပြီး စကားပြောတာ၊ Flirting လုပ်တဲ့ သူအများစုကလည်း အမျိုးသားတွေပဲ ဖြစ်တာမို့ ကျွန်တော်တို့ အမျိုးသား အချင်းချင်း ဘယ်လို ရည်ရွယ်ချက်နဲ့ လာကြတယ် ဆိုတာကို အသိဆုံး ဖြစ်နေတာပါ။ မိန်းကလေးဆိုတဲ့ အမျိုးကလည်း ကိုယ့်ကို ပြန်မချစ်နိုင်ရင်တောင် တစ်ဖက်လူက ချစ်ပေးတာ၊ ဂရုစိုက်တာကို သဘော ကျတတ်ကြတဲ့ သဘာဝရှိတော့ အနည်းဆုံးတော့ စကားလေးတွေ ပြန်ပြောမိတတ်ကြတယ်မဟုတ်လား။ ဒါပေမဲ့ အမျိုးသားတွေကျတော့ တစ်မျိုးဗျ... ကိုယ် ချစ်တဲ့ မိန်းကလေးကိုဆိုရင် သူစိမ်းတွေက ထိဖို့ မပြောနဲ့ မျက်လုံးနဲ့ လာကြည့်တာကိုတောင် မကြိုက် ကြတာပါ။ ဒါဟာ မယုံကြည်လို့ မဟုတ်ဘဲ "မဆုံး ရှုံးချင်ရုံသက်သက်" ပါ။ အစပိုင်းမှာတော့ နားလည် ပေးနိုင်ကြပေမဲ့ ကြာလာတဲ့အခါမှာတော့ "အရမ်း ချုပ်ချယ်တာပဲ" ဆိုပြီး အပြစ်မြင်လာကြတယ်။ တစ်ချက်လောက်ပဲ ကိုယ်ချင်းစာကြည့်ပေးပါ။ ကိုယ်တိုင် ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ထားလို့ လှပလာတဲ့ ပန်းကလေးတစ်ပွင့်ကို လူအများက ငေးကြည့်ပြီး အားကျနေရင် ဥယျာဉ်မှူးတစ်ယောက် အနေနဲ့ ပျော်ရပေမဲ့... အဲ့ဒီပန်းလေးနားကို ကပ်တာ၊ ရနံ့ကို ရှူရှိုက်ဖို့ ကြိုးစားတာ၊ အပိုင်ခူးယူသွားမှာ မျိုးကိုတော့ ဘယ်ဥယျာဉ်မှူးကမှ ခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့်... ကျွန်တော်တို့ရဲ့ "အချစ်" ကို "ချုပ်ချယ် မှု" လို့ ခေါင်းစဉ်မတပ်လိုက်ပါနဲ့။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်အမျိုးသား မကြိုက်ဘူးဆိုတဲ့ အရာတွေကို တတ်နိုင်သလောက် ဆင်ခြင်ပေးပါ။ မျက်ကွယ်ရာ မှာတောင် စိတ်အေးရတဲ့ အချစ်မျိုးနဲ့ ချစ်ပေးပါ။ တစ်ခုလောက်ပဲတောင်းဆိုပါရစေ ကျွန်တော်တို့ လိုချင်တာက "မမြင်ရတဲ့ ဘက်ခြမ်းမှာတောင် ခိုင်မြဲနေတဲ့ သစ္စာတရားနဲ့ စိတ်ချရမယ့် အချစ်" တစ်ခုတည်းပါ။ #xybca #fypシ゚viral #foryoupage #foryou #crd

🎋敦敦明•🍃
🎋敦敦明•🍃
Open In TikTok:
Region: MM
Friday 17 July 2026 20:56:44 GMT
16741
1143
24
173

Music

Download

Comments

phoowai440
爱•|~Ĥțëț🍕~🤪 :
သူတို့တွက်က အချုပ်နှောင်တခုဖစ်နေမှာတော့လက်လွှတ်ပေးလိုက်ပါဗျာ အနည်းဆုံးတော့ ဘုံဆိုင်းက ဦးလေကြီးငိုတာပေါ့🥺💔
2026-08-19 16:03:50
1
tin.tun.win70
Tin Tun Win M.G.N🇸🇬 :
ပြန်ယူသုံးခွင်ပြုပါဖျ
2026-08-18 13:38:33
1
bnackheart7
Aeries♈ :
ပြန်တင်ခွင့်ပြုပါ
2026-08-09 18:50:00
1
lin.lin.htet951
Lin Lin Htet ( Official )🎀🌻 :
ပြန်တင်မယ်နော်
2026-08-09 09:01:02
1
nay92487
🌻🐇Myo🐇🌻 :
စာသားလေးချပေးပါလားဗျ
2026-07-26 14:52:56
1
user8207967763080
❤ အိုက်ခယ် ❤ :
စာသားလေးချပေးပါလား ပြန်တင်ချင်လို့ပါ
2026-07-26 19:07:50
1
toxicblood80
🚭😊🥀ဘဝရဲ့နိဂုံးချုပ်🥀😊🚭 :
စာသားလေးချပေးပါလားပြန်တင်ချင်လို့ပါbro
2026-07-18 09:57:03
1
linlintun906
ကိုကိုရဲ့သဲသဲလေးပါဗျာ :
မလ့်ုချင်ဘူရှင်ဘယ်လေး
2026-07-17 22:44:17
1
totoro1234566
user3457788896545 :
@Ñîlâř Țĥêíñ @Ywar Ka Sar Oo
2026-08-09 01:36:45
1
akmario7
一═⌊✦⌋ ℳ𝒶𝓇𝒾ℴ ⌊✦⌋═一 :
😊
2026-07-27 07:13:13
1
user8207967763080
❤ အိုက်ခယ် ❤ :
😌😌😌
2026-07-26 19:07:00
1
thihasoe9799
♥[ဘာမီတွန်]♥ :
😇😇
2026-08-17 10:20:39
1
To see more videos from user @lemon99841, please go to the Tikwm homepage.

Other Videos


About