@myanmarfutureaistudio: **စစ်မှန်သော နှလုံးသားပိုင်ရှင် ဗမာ** အမုန်းခံလူသား သို့မဟုတ် ဗမာ၊ ငါတို့ ရင်ထဲမှာတော့... ဒီနိုင်ငံသား အားလုံးကို စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ပဲ ချစ်ခဲ့တာ။ သွေးချင်း တိုင်းရင်းသား ညီအစ်ကိုတွေကိုထိရင် ရင်ထဲမှာ တဆက်ဆက်နဲ့ နာတတ်တာ... ဗမာ၊ "ငါ့အမျိုးကို ထိရင် ဓားကြည့်" ဆိုတဲ့ ပြတ်သားတဲ့ စိတ်ဓါတ်ကို ကိုင်စွဲထားတာလည်း... ဗမာ။ လိပ်ကျွန်းလူသတ်မှု ရဲ့ အမှောင်ရိပ်အောက်မှာ မတရား စွဲချက်တင်ခံရတဲ့ ရခိုင်သားနှစ်ယောက်ဘက်က တစ်သားတည်း မားမားမတ်မတ် ရပ်တည်ခဲ့တာ... ဗမာ၊ အမျိုးထိတော့ ရင်မှာ မချိလွန်းလို့ ထိုင်း Website တွေကို Defeated လုပ်ပြီး ကမ္ဘာသိအောင် အသံလွှင့်ခဲ့တာ... မြန်မာ။ ဒီလောက်အထိ တွဲလက်တွေကို မြဲမြံစေချင်လို့ ငါတို့တွေ ဘယ်လောက်ပဲ ချစ်ခြင်းတွေ ပေးပေး... သူတို့တွေကတော့ ငါတို့ "ဗမာ" ဆိုရင် အသေမုန်းဖို့ မှိုင်းသွင်းခံနေရရှာတယ်။ အဲဒီလို မှိုင်းသွင်းခံနေရမှန်းကို ကိုယ်တိုင်မသိရှာလောက်အောင် ရိုးသားလွန်းကြတော့ အမျက်မထွက်ရက်ဘဲ ရင်ထဲကနေ သနားပြီးရင်း သနားနေရတာလည်း... ဗမာ။ တကယ်တော့လေ... "ဗမာ" ဆိုတာလည်း အခြားမဟုတ်ပါဘူး၊ ဒီမြေ၊ ဒီရေ၊ ဒီမြန်မာပြည်ကြီးထဲမှာ အတူတူ ရှင်သန်ပေါက်ဖွားလာခဲ့ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုတစ်စုပါပဲ...။ #burmarfutureai #myanmar #burmar #welovemyanmar🇲🇲🇲🇲🇲🇲
Burmar Future AI
Region: MM
Saturday 18 July 2026 07:33:30 GMT
Music
Download
Comments
U Nyunt Yi :
လူကလူပါဖြူစဉ်သောစိတ်ရှိဘို့လိုဘုရားရဲ့တရားမှာလူမျိုးမခွဲချား
2026-07-18 07:46:25
0
To see more videos from user @myanmarfutureaistudio, please go to the Tikwm
homepage.