@tsuki_470: အသက်၁၅နှစ်ထဲက ပန်းရံအလုပ်ကအစ ရပ်ကွက်ထဲက ဖိနပ်ဆိုင်အဆုံး ရရာအလုပ်ရှာလုပ်ပီး အိမ်ရဲ့အသုံးစရိတ်ဖြစ်ပေးခဲ့တယ်.. အရွယ်လေးရောက်လာတော့ အိမ်အကြွေးပူ မိသားစုစားစရိတ်တွေမလောက်ငှတဲ့အတွတ် ပြည့်တန်ဆာဘဝရောက်ခဲ့ရပြန်တယ်.. ဧည့်သည်တယောက်ရဲ့ယုတ်မာမှုကြောင့် မသိလိုက်ပဲကိုယ်ဝန်ရခဲ့လို့ တယောက်ထဲကြိတ်ပီးဖျက်ချခဲ့ရတယ်.. ဆေးရုံမှာ လာကြည့်သူမရှိလို့ သွေးစက်လက်နဲ့ ဆေးယူ ဆေးထုတ်ကအစ ထမင်းထွက်ဝယ်တဲ့ကိစ္စအထိ ကိုယ်တိုင်ပဲလုပ်ခဲ့ရတယ်.. ပြန်ကျန်းမာတာနဲ့ အရင်ဘဝပြန်ရောက်ရတာပဲ.. နောက်ဆုံးကိုယ့်ဘဝကိုယ် ကယ်တင်မှရမယ်ဆိုပီး အလုပ်တဖက်နဲ့ အိမ်အတွတ်ငွေရှာရင်း ဂျပန်ကိုရောက်လာနိုင်ဖို့ကြိုးစားခဲ့တယ်.. ဂျပန်ကို လာနိုင်ဖို့အတွတ် တင်ခဲ့တဲ့အကြွေးတွေက အခုထိတောင်မကျေသေးဘူး.. အဲ့ဒါတွေအကုန် ကိုယ်တယောက်ထဲရင်ဆိုင်ဖြေရှင်းနေရတာ.. ပြည်ပမှာတယောက်ထဲ အလုပ်ပင်ပန်း စိတ်ဆင်းရဲမှုတွေကြား စိတ်ကြည်နူးစရာ မိသားစုနဲ့ဖုန်းလေးတောင်ပြောလို့မရ.. ဘဝတလျှောက်လုပ်ခဲ့ရတဲ့အလုပ်တွေဆိုတာ ကိုယ့်အသက်ရဲ့ ၂ဆမကဘူး.. ဒါပေမယ့် မိသားစုအတွတ်ဆိုတဲ့စိတ်နဲ့ ဘယ်လိုဘဝရောက်ရောက် ဘယ်လိုအလုပ်ပဲလုပ်ရလုပ်ရ မငြိုငြင်ခဲ့ဘူး.. ဒါပေမယ့် ကိုယ့်အတွတ်ကျ မေတ္တာ စေတနာလေးတောင်ပြန်မပေးနိုင်ကြတာလဲ.. နေကောင်းလား ကျန်းမာလား အလုပ်အဆင်ပြေလားဆိုတဲ့ စကားလေးတခွန်းရဖို့ အဲ့လောက်ခက်ခဲရလား.. ကိုယ့်ဘဝတလျှောက် ပေးဆပ်ခဲ့သမျှက မလုံလောက်သေးလို့လား.. #japanlife🇯🇵 #အိမ်ပြန်ချင်တယ်🏡 #fyp

ユキ
ユキ
Open In TikTok:
Region: JP
Saturday 18 July 2026 11:41:28 GMT
138093
2566
192
104

Music

Download

Comments

lee_pl_shi_tot_tal
D :
အကောင့်ထဲဝင်ကြည့်မိတာ တော်”လေးထွက်သွားဖို့ပဲတွေးနေတဲ့သူလို့မြင်လို့ စာအရှည်ကြီးမန့်ပါရစေရှင်။ အဆင်ပြေသွားမှာပါ suicide ထိတော့မလုပ်ပါနဲ့နော် ။ အရမ်းဆိုးတဲ့အခြေနေတွေကတောင် ဂျပန်ထိရောက်အောင်လာနိုင်ပြီပဲ ကျန်တာကို ဘာလို့ လက်လျှော့ပစ်ရမှာလဲ။ Trauma တွေထဲမှာ မိသားစုကြောင့်ရတဲ့ Trauma က အဆိုးဆုံးပါပဲ ၊ ဒါပေမဲ့ ဒီလောက်နဲ့ suicide ဖို့ထိ မလိုပါဘူး အစ်မရေ ၊ ဖိုက်တင်းနော် ။ ဘာလို့ဒီလိုတွေဖြစ်လာလဲဆို ကိုယ်တိုင်က လက်ခံခဲ့လို့ပါပဲ ၊ နောက်ဆို ကိုယ့်မှာ ၁၀၀ ရှိရင် ၈၀ ပဲပြောပါ ၊ အဲ့ ၈၀ ထဲကနေမှ ကိုယ့်အတွက်လိုတာ ထပ်ဖယ်ပြီး ပိုတာကိုမှပေးပါ ။ ညီမ သူငယ်ချင်းတစ်ယောက်ပြောဖူးတဲ့စကားလေးတစ်ခုရှိတယ် ၊ ခုထိ အမြဲအမှတ်ရတုန်းပဲ “ကိုယ်တိုင်ပြည့်မှ သူများကိုဖြည့်လို့ရတာတဲ့ ၊ ကိုယ်တိုင်မပြည့်သေးပဲ သူများကိုဖြည့်ပေးဖို့ကြိုးစားရင် နင်သာ အရိုးနံ့အရေပဲကျန်မယ် သူတို့က ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး”တဲ့။ လက်ဆင့ပြန်ကမ်းပေးလိုက်ပါတယ် အားတင်းထားပါနော် အဆင်ပြေသွားမှာရယ် ဖိုက်တင်း ။ Suicide တော့ မလုပ်ပါနဲ့နော် အင်ပြေသွားမှာပါ အဆင်ပြေသွားမှာ သိလား
2026-07-18 19:42:40
502
37babynyo4
ညို :
ကျမတို့2နှစ်သမီးအမေနောက်အိမ်ထောင်ထပ်ပြုတယ်အဖေဆုံးပီးမကြာသေးခင်ပဲ ပထွေးကငယ်ငယ် ကျမတို့ကအော်ဟစ်တဲ့အရွယ် သည်လိုနဲ့အရွယ်ရောက်လာတဲ့အထိပထွေးကမထုမရိူက်တဲ့ရက်မရှိသလောက်ဘဝနဲ့နေခဲ့ရတယ် ဘေးအိမ်ကအကိူကတောင်မခံစားနိုင်လို့ပထွေးက်ိုဝင်ထိုးတဲ့အထိ အမေကကျမတို့အပေါ်ရက်စက်ခဲ့တယ်(အခုပြောနေရင်းမျက်ရည်ကျမိတယ်) ပထွေးကရဲပြေး အမြဲဆူနေလို့ပတ်ဝန်းကျင်ကတိုင်လို့အဖမ်းခံရတော့ကျမတိုင်လို့ဆိူပီး အမေကကျမကိုအခဲမကြေဘူး ရှိတာအကုန်ရောင်းပီးလိုက်တွေ့တယ် ထောင်ကထွက်လာတော့သူမွေးတဲ့မြောက်သူမနိုင်ပဲ အမေလဲတခြားကိုထွက်သွား မကြာဘူးထပ်ပီးအိမ်ထောင်ကျ ကျမမှာပထွေးနဲ့ ကလေးသေးသေးလေးတွေနဲ့ အူလယ်”ပေါ့ ရန်ကုန်ကနေရသလောက်ပထွေးနဲ့ကလေးလေးတွေစားဖို့ထောက်ပံ့ရတယ် မကြာဘူးရေနစ်ပီးပထွေးဆုံးတော့ နာရေးရှင်လုပ်ပေးခဲ့ရသေးတာ ကျမအစုံလူပ်ကြွေးခဲ့ရတယ် ဒါပေမယ့် အခုအထိ နင်တို့ပေးတာကရာချီမရှိသေးပါဘူး ငါကမိဘစကားကြည့်ပြောဆိုတာနဲ့ပဲခနဲ့ခံရတယ် ရာချီပေးစရာအရည်ချင်းလဲကျမမှာမရှိဘူးလေ 3တန်းနဲ့ကျောင်းထွက်ပီးပထွေးနဲ့ရတဲ့ကလေးတွေထိန်း ပထွေးကြည်ဖြူအောင်ဝင်ငွေရတဲ့အလုပ်လုက်ခဲ့ရတာ အခုလက်ရှိပထွေးနဲ့လဲကျမကပေးနေတုန်းပါ ကျမဘက်ကတော့ အိမ်ထောင်ပြုလဲအားကိုးရမဲ့သူကိုပြုဖို့ အားမကိုးရတဲ့အပြင်ပထွေးပါလုပ်ကြွေးနေရတာ ရင်နာတယ်လို့ပြောမိတာတော့ရှိတယ် အဲ့ဒါကိုလဲ မဖြစ်စလောက်ပေးပီးမစော်ကားနဲ့တဲ့ 😅 ကျမမှာ ဒုတိယပထွေးနဲ့ရတဲ့ကလေး2ယောက်ကိုလဲပေးချင် ပထွေးနဲ့မအေကိုလဲပေးချင် ဗျာများပီးသောကဝေရတယ် အခု30ပြည့်ခါနီးအထိ ကျမအတွက်တကျပ်မှမစုရသေးပါဘူး တခါတလေအဆက်သွယ်ဖြတ်လိုက်ချင်ပေမယ့် ကျမ မလုပ်နိုင်ပါဘူး ဝဋ်ကြွေးလို့သက်မှတ်ပီးနေပါတယ် ကိုယ်တိုင်ပဲတယောက်တည်းရှိတယ်လို့သဘောထားပီးရှင်သန်ပါတယ် အဲ့ဒါကပိုပီးအေးချမ်းပါတယ်
2026-07-19 01:14:04
89
wai.wai.sar.sar5
wai wai sar sar :
ညီမလေးရေ အမ တစ်ယောက်လို သဘောထားပြီး ရင်ဖွင့်လို့ရတယ်နော် အမနားထောင်ဖော်ဖြစ််ပေးလို့ရပါတယ် စိတ်လက်မာန်ပါ မလုပ်ပါနဲ့နော် 🥺
2026-07-18 22:55:04
38
shwethungwe
N G W E :
အသွေးသားကို အရင်းပြုပြီး လုပ်ရတဲ့ အလုပ်ကနေတောင် ရုန်းထွက်နိုင်ခဲ့တာပဲ ထပ်ပြီးတောင့်ခံပြီး ကိုယ့်အတွက်ကို ရှင်သန်ကြည့်ပါအုံးနော်။ တချို့တွေဆို အက်ဒီ့ဘဝနဲ့ပဲ လမ်းဆုံးကြမှာပါ။ အခုအခြေအနေက ကိုယ့်ဘက်က အသာကြီးပါ။ကိုယ်မပေးတော့လည်း ဖြစ်နေတာမလို့ မိသားစုဆိုတဲ့ ဝန်ကို ဘေးချိတ်ပြီး ကိုယ့်ကိုကိုယ် အရင် ရွေးချယ်ကြည့်ပါ။ ကိုယ်မဆက်သွယ် မထောက်ပံ့လို့ သူတို့လည်း လိုက်မလိုက်နိုင်ပါဘူး။အဆက်သွယ်ဖြတ်လိုက်ရုံနဲ့ ဆုံးရှုံးရမှာ သူတို့ပါ။ အစ်မလိုချင်တဲ့ မိသားစုမေတ္တာကို အစ်မကိုယ်ပိုင်မိသားစုလေး ရှိလာတဲ့အခါ အတိုးရောအရင်းပါ ခံစားရမှာပါနော်
2026-07-19 12:09:24
26
aungptt
Aung Pyae :
ငါတော့ လွတ်ချပလိုက်တာ ။ မသိချင်ယောင်ဘဲ ဆောင်နေတော့တယ်။
2026-07-18 21:55:26
13
woo.woo660
Woo Woo :
ပြောချင်တာလေ အဓိကက ညီမလေးပဲ အမတုန်းကဆို ၂၅ ထိလိမ်မာခဲ့တာ ငါ့သမီးတစ်ယောက်ပဲ လိမ်မာတယ်ဆိုတဲ့ စကားနဲ့ ဒါပေမဲ့ အချိန်တစ်ခုရောက်လာတိုင်း ကိုယ့်ညီမလေးကပဲ အမြဲဦးစားပေးခံရတယ် တစ်ခုခုဆို ထည့်တွေးခံရတယ် ငါ့အတွက်ကျ လိမ်မာလို့ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ သူ့သမီး ပြသာနာပေါင်းသောင်းခြောက်ထောင်ကို ရှင်းပေးနိုင်တယ် ကိုယ် အမှားလေးတစ်ခုလုပ်မိရင် ပြစ်ဒဏ်ခံရမဲ့ ယုန်လေးလိုပဲ အားလုံးက ဝိုင်းပြော အပြစ်တင်ကြတာ ၂၅ လောက်ရောက်လာတဲ့အထိ အဲ့လိုနဲ့ပဲ သံသရာလည်နေခဲ့တာ နောက်ဆုံးကိုယ်က ကိုယ့်ကိုယ်ကို အချိန်တစ်ခုပေးပြီး သေချာဆုံးဖြတ်လိုက်တာ သမီးလိမ်မာလေး မလုပ်တော့ဘူးလို့ဆိုပြီး ကိုယ်လုပ်ချင်တာတွေဖြစ်ချင်တာတွေ မလုပ်ခဲ့ရတာတွေ အကုန်လုံးကို ချရေးပြီး လုပ်ခဲ့တာ ဘယ်သူ့ကိုမှလဲ ဂရုမစိုက်တော့ဘူး သူတို့နဲ့ဝေးဝေးနေခဲ့တယ် အဆင်ပြေလာတော့ သူတို့အခက်ဖြစ်လာလို့လုံးဝမဖြေရှင်းနိုင်တဲ့ ကိစ္စတွေမှသာ အဝေးက ဖြေရှင်းပေးလိုက်တယ် မပတ်သတ်တော့ဘူး အဓိကက ကိုယ့်ကိုယ်ကို အချုပ်နှောင်းတွေထဲက လွတ်ပေးလိုက်ပါ ကိုယ်လိုလူတွေက နိမ့်ရာက လာတာမို့ ကိုယ့်ဟာကိုယ်ထိန်းနိုင်တယ် ပျက်စီးဖို့ဆိုတာအဝေးကြီး အဓိကက ကိုယ့်ကိုယ့်ခွင့်လွတ်ပေးပြီး ဘဝသစ်စကြည့်ပါ ဘယ်သူကိုမှရော အပြောကိုမှ ဂရုမစိုက်ပဲနေကြည့်လိုက်ပါ အဲ့ခါကျရင် ကိုယ့်အတွက် လမ်းတွေအများကြီးကို တွေ့ရလိုက်မယ် အဲ့အတိတ်ကို စိတ်နာလို့ မြန်မာနိုင်ငံမပြန်လာချင်ဘူးဆိုရင်လဲ တခြားမှာ အခြေချလို့ရပါတယ် ကိုယ့်ကိုဘာမှမလုပ်ပဲ ကိုယ့်ကိုယ်ကိုချစ်ပါ
2026-07-20 14:21:55
17
mevius587
Shwe Htoo.🍺🍺🍺 :
အတောင်စုံတော့ပျံကျပါဗျာမိဘကမိဘပါပဲ🥰🥰
2026-07-19 08:20:12
0
.mya.thu.zar
👿စူပုတ်👿 :
12နှစ်လုံးအိမ်ကိုလစဥ်ထောက်ပံခဲ့တာ နောက်ဆုံးတော့လဲ ဘာတခုမှလူရာမသွင်းခဲ့ဘူး ခံစားဘူးမှသိနိုင်လိမ့်မယ်
2026-07-19 10:24:15
6
myatkmsnmx3
K :
လူရယ်လို့ ဖြစ်လာပြီး လူပီသ သူမျိုးမို့ မိဘ ဆိုတာလဲ ရှိတယ်လို့ သတ်မှတ်ရင်ပဲ ရပြီ ဘယ်သူထူမှ ထတယ် ဆိုတဲ့ စိတ်မျိုး မရှိသူမို့ အဲ့စိတ်နဲ့ပဲ နေသွားရင်ရပြီလေနော် သားသမီး တစ်ယောက်အနေနဲ့ လုပ်သင့်တာလဲ လုပ်ပြီးပြီ ကိုယ့် အတွက်ကိုပဲ တောက်ပ ပါတော့
2026-07-20 09:30:48
1
umyomin022
Myo Min :
ဦးလေးက ဧရာဝတီတိုင်းကပါ သမီးလေးရေ ဘာအကူညီ ပေးလို့ရမလည်း မသိဘူး စိတ်အားမငယ်ပါနဲ့နော် အရင်းအနှီးကြီး အချိန်အများကြီး ပေးဆပ်ခဲ့တာ ဒီလို စိတ်ဓာတ် ပျော့ညံ့လာဖို့ မဟုတ်ဘူးနော် အရာရာကို လာခဲ့စမ်းဆိုပီး စိန်ခေါ်ရင့်ကျက်ပြစမ်းပါ သမီးရေ မိသားစုကို စိတ်နာရင် ခဏဖြစ်ဖြစ်မေ့ထားပါ သမီးကိုယ် သမီး ဂရုစိုက်ပါ အရင်ထက် ပိုချစ်ပါ အမြဲကြိုးစားနေပါ အရာရာဟာ မတည်မြဲဘူးဆိုပီး ရပ်နေလို့မရတဲ့ လူ့ဘဝဆိုတာ နားလည်ပါ သမီးလေးရေ👍👍👍👍👍👍👍👍👍
2026-07-19 10:28:20
3
maybal15
Eliza Hair BeautyCity :
အများ ကြီး ညီမ လို မိသားစု နှိပ်စက်ခံတွေ လွတ်ချလိုက် အခုကစပြီး အမလို့ မိဘမဲ့ လို ကို့ကို မှတ်ပြီး ဘဝကိုအမြင့်ဆုံးဖြတ်သန် 🥰
2026-07-19 14:13:18
3
user5km2y5k5zy
🍀 :
လာတုန်းကလဲ တစ်ယောက်ထဲ၊ ပြန်ရင်လဲ တစ်ယောက်ထဲပါ။ တရားသဘောနဲ့ကြည့်ရင် အပူငြိမ်းတာမို့ ကိုယ့်တစ်ယောက်ထဲ ဘာသာရေးလေးကို လုပ်ပီး ပျော်ပျော်နေပါ
2026-07-19 13:32:46
1
chitsanwin322
ChitSanWin :
ဒီအချိန်ထိတောင် ရဲရင့်လာခဲ့ပီးပီပဲ ဘာအတွက်လက်လျော့မှာလဲ စိတ်ပင်ပန်းတာတွေကို အကုန်လွှတ်ချပြီး အခြားပုံစံအသစ် စတင်ပြီး ပြောင်းလဲကြည့်ပါလား ငါ့ကိုငါ ဘလိုပုံစံမျိုးလေးတော့ နေကြည့်မယ် တခြားအရာတွေ ငါလုပ်ချင်တာတွေလုပ်ကြည့်သွားမယ်ဆိုတာလေးနဲ့ တွေးပြီး ရှေ့ဆက်သွားပါ အဓိကကတော့ မရပ်တန့်လိူက်ပါနဲ့ အရှုံးမပေးလိူက်ပါနဲ့ 🥰🥰
2026-07-19 03:04:21
5
thursday339
Renee :
တရားသဘောနဲ့ကြည့်ရင် တချို့က ရေစက်မဟုတ်ပါဘူး ။ ဝဋ်ကြွေးဆပ်စရာရှိလို့ရောက်လာတာပါတဲ့ ။ ကိုယ်တယောက်ထဲ ကြုံရတယ်လို့ မတွေးပါနဲ့။ ကံကြွေးကုန်သွားရင် အကောင်းတွေဖြစ်လာမှာပါ။ ရခဲလှတဲ့ လူ့ဘဝကို တန်ဖိုးထားရှင်သန်ပါ။ မိမိကိုယ်ကို အရင်ဆုံးချစ်ပါ။ မိဘကိုတော့ မှားနေပါစေ မပြစ်မှားပါနဲ့ ။ ထပ်ငရဲကြီးမှာစိုးလို့ပါ။ အရင်ကတွေးခဲ့အပြစ်တွေ မြင်ခဲ့ဘူးပါတယ်။ သစ္စာရွှေစည်တရားကို နာယူပြီးမှ အသိတရားရလာတာပါ။ တချို့မကောင်းတာတွေဖြစ်လာစေတာက အတိတ်က ကိုယ်လုပ်ခဲ့တဲ့ အကျိုးတွေခံစားရတာပါတဲ့။ ဒါကြောင့် ပိုကောင်းတဲ့ ဘဝ ၊ ပိုကောင်းတဲ့အရာတွေရလာဖို့ဆိုတာ အများကြီးပိုကောင်းတာတွေလုပ်ပြီးကိုယ့်ကိုကိုယ် အသိ၊သတိလေးနဲ့ ကြိုးစားပါ။ အရာအားလုံးဟာ ကံတွေတူလို့ အတူပေါင်းဆုံခွင့် ခဏရလာတာပါ။ တနေ့ အားလုံးကိုထားခဲ့ရမှာ အဲလိုတွေးပြီး ကိုယ့်အတွက် ငြိမ်းချမ်းရာကိုသာရှာပြီးနေပါနော် ။
2026-07-20 15:38:10
2
han.lin.tun964
Han Lin Tun :
ဒေါသဖြစ်နေတဲ့အချိန်စကားမပြောပါနဲ့ထင်သလိုမဆုံးဖြတ်ပါနဲ့ညီမလေး နှောင်းမှရတဲ့နောင်တကဖြေလို့မရဘူး ကိုယ်တက်နိုင်သလောက် အထောက်အကူပြုလိုက်ပါ သားသမီးအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာအကုန်လုံးဟာအတူတူပါဘဲ စိတ်ချရမယ်မှန်းသိလို့ သတိမပြုမိကြတာပါ ရှေ့လျှောက်ရမဲ့လမ်းတွေအများကြီးကျန်သေးတယ် fighting ညီမလေး
2026-07-18 12:01:41
7
naing74666
Naing :
ကိုယ့်ဘဝ ရှေ့ရေးအတွက်လည်း ကိုယ်တွေးကြပါ။ ပိုက်ဆံကို မိမိကိုယ်တိုင် စီမံခန့်ခွဲပါ။ မိဘ ဖြစ်နေတဲ့ အတွက်လည်း ပုံမှန်ထောက်ပံ့ပါ။ ကိုယ်အဆင်ပြေမှ ကိုယ့်မိဘပါ အဆင်ပြေမဲ့ ဘဝတွေပါ။
2026-07-19 14:56:31
1
thway9955
thway9955 :
သူဘယ်လောက်တောင်ပင်ပန်းနေမလဲနော်....စိတ်ပင်ပန်းစေတဲ့အရာနဲ့ခဏလောက်အဝေးမှာနေလိုက်ပါကိုယ့်အတွက်အချိန်ပေးပြီးကိုယ့်ကိုယ်ကိုဂရုစိုက်လိုက်ပါဦးနော်...စားချင်တာရှိတာမျိုးဆိုစားလိုက်သွားချင်တာရှိတာမျိုးဆိုသွားလိုက်ဝတ်ချင်တာရှိတာမျိုးဆိုဝယ်လိုက်ဘာကိုမှငဲ့မနေပါနဲ့... စိတ် ကျေနပ်တဲ့အထိကိုယ့်အတွက်ပဲကြည့်ပြီးနေပါ။ကြိုးစားလာခဲ့တဲ့ကိုယ့်ကိုယ်ကိုယ်လဲပြန်သနားဦးမှပေါ့။ပင်ပန်းစရာတွေခံစားခဲ့ဖူးရင်ပျော်စရာတွေကိုလဲခံစားခွင့်ရှိသေးတယ်လေ💜💜💜💜💜💜💜💜💜💜💜💜💜
2026-07-19 13:40:10
1
akuji6308
AKUJI :
hello sis ဒီနိုင်ငံက ဒီတိုင်းပါပဲ သေတစ်လှည့်မွေးတစ်လှည့်ပဲ မိသားစုကိစ္စဆိုတော့လဲ ဘာမှပြန်မပြောပဲ မသိချင်ယောင်ဆောင်ပြီးတိတ်တိတ်ဆိတ်ဆိတ်နေလိုက်တာကောင်းတယ် ပေးနိုင်သလောက်ပဲပေးပေါ့ take care sis cmရေးလေ့ရေးထမရှိဘူး ဒီနိုင်ငံရောက်တာချင်းအတူတူ နားလည်ပါတယ် take care sis
2026-07-18 12:52:34
5
yuyuchanbtsfan7
Yu chan :
ညီမလေးဖိုက်တင်းပါအကုန်လံုးကိုblလိုက်ပါစိတ်ချမ်းသာတယ်ကလေးးးမိဘကိုကိုယ်တွေကရွေးချယ်လို့မရတော့မသိချင်ယောင်ဆောင်ပြီးကို့ဘာသာချစ်တတ်အောင်သင်ယူပါညမလေးးးရေနေတတ်အောင်သာနေလိုက်မခံစားနဲ့🥺
2026-07-18 18:31:39
4
nanthiriaung872776
Nan Thiri Aung(တွောင်းသူလေး) :
အကုန်လွှတ်ချလိုက်ပြီး ကိုယ့်အတွက်ဘဲရှင်သန်ပါ suicide တော့မလုပ်လိုက်ပါနဲ့ အတွေးထဲမှာ ငါ့မှာငါဘဲရှိတာမလို့ ဘယ်သူ့မှကြည့်စရာမလိုတဲ့ပုံစံနဲ့ဘဲရှင်သန်ပါ ပတ်ဝန်းကျင်ကပြောစကားတွေကိုရင်ထဲ မထည့်တက်ဖို့သင်ယူပါ အဆိုးဆုံးအခြေနေကတောင်ရုန်းထွက်နိုင်သေးတာဘဲ ဟုတ်တယ်မလား ညီမလေးက သန်မာပါတယ် ငိုချင်ငိုချပလိုက် ပြီးရင် အကုန်လွှတ်ချပြီး ကိုယ့်အတွက်ဘဲ ကိုယ်ရှင်သန်ပါ ပြောလို့မရတဲ့ စကားတေရင်ဖွင့်ချင်ရင် လာရင်ဖွင့်ပါ နားထောင်ပေးပါ့မယ် တစ်ယောက်တည်းအထီးကျန်နေရင် စကားလာပြောပါ suicide တော့မလုပ်လိုက်ပါနဲ့ညီမလေးရေ
2026-07-19 02:44:19
4
nezu407
Vershel :
ညီမလေးရေဘာအခက်ခဲပဲရှိရှိရအောင်ကျော်ဖြတ်နော်🥰🥰🥰အမတို့တုန်းကဆိုကြက်ဥတလုံး100ခေတ်ကဆိုအဲ့ဒီ100ကိုမရှိအောင်ဒုက္ခရောက်ခဲ့ဘူးတယ်😳😳ပြောရရင်အရှည်ကြီးပဲပြေ
2026-07-19 06:56:43
4
g.kh.tsolo.boy
@🇬🇲Ñãñg Ñõtê🖤🇲🇾 :
ကျမနဲ့ဘဝတူနေလိုက်တာ 14နှစ်အရွယ်ကတည်းမိဘခိုင်းစားတာအကြွေးဆပ်ခိုင်းဖို့သက်သက်ပဲ ခုသူများနိုင်ငံမှာ8နှစ်ရှိပီသူတို့အကြွေးတေကိုလိုက်ဆပ်ပေးနေရတုန်း အဖေဆို8နှစ်လုံးလုံးသားသမီးကိုသိရတယ်လွမ်းတယ်မပြောနဲ့ ဖုန်းတစ်ခါတောင်မခေါ်ဖူးဘူး တသက်လုံးပင်ပန်းလာနာကျင်ရလွန်းလို့ အဆက်သွယ်ဖျတ်လိုက်တယ်အိမ်ကိုလဲပြန်လာချင်စိတ်မရှိတော့ဘူး🥺🥺
2026-07-19 07:09:49
1
frankietuffy
Frankie Tuffy :
အားတင်းထားပါဗျာ ဒီလိုအချိန်တွေကိုကောင်းကောင်းကျော်ဖြတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုဘယ်လောက်ဂုဏ်ယူမိမလဲဆိုတာကို တွေးကြည့်ပါဦး ကိုယ်ခံရတာကိုယ်ပဲသိတာမလို့ မိသားစုကိုအဆက်အသွယ်ဖြတ်ခဲ့တာကြာပြီ ပတ်ဝန်းကျင်က ကိုယ့်ကိုမိဘပြန်မကြည့်လို့မကောင်းတဲ့သူလို့ထင်လည်း ဂရုမစိုက်ဘူး ကိုယ့်အလှည့်တုန်းက ဘယ်သူမှကိုယ့်ကိုသနားခဲ့ကြတာမဟုတ်ဘူး ကိုယ်တိုင်ကိုယ့်ကိုယ်ကို ဖေးမပြီးအသက်ဆက်ရတာ ဆက်သွားပါဦးဘရို ဖိုက်တင်းပါ မိဘနဲ့အဲ့လိုပြသနာတက်ရတဲ့ generationက ကျနော်တို့မျိုးဆက်မှာ ကျနော်တို့နောက်ဆုံးပဲဖြစ်ရမယ်
2026-07-19 06:08:28
1
rkive5808
🌳toujours, mon chou🍯 :
ဘ၀ရဲ့အောက်ဆုံးအခြေအနေကတောင်ရုန်းထွက်လာတဲ့သူမို့ အများကြီးလေးစားရပါတယ်ရှင် စိတ်ဖိစီးမှုဆိုတာ ကိုယ်တိုင်ခံစားနေရတဲ့သူကသာ အသိဆုံးမို့ ကူညီပြီးခံစားပေးလို့မရတာကို ကောင်း"နားလည်ပါတယ်ရှင် လူဆိုတာ လူပီသအောင်နေရတာမို့ စိတ်တိုဒေါသထွက်လာရင် ကျိန်ဆဲပစ်လိုက်တာက အများကြီးစိတ်သက်သာရာရပါတယ်ရှင်၊ ငိုစရာကြုံလာရင်ငိုချပစ်ပြီး၊ရယ်မောစရာကြုံလာရင်တော့ ပေါ့ပေါ့ပါးပါးရယ်မောပစ်လိုက်ပါနော် အကောင်းမြင်စိတ်ဆိုတာ တမင်တကာလုပ်ယူစရာမလိုပါဖူး အကောင်းမြင်စရာမလိုတဲ့လူတွေကို အကောင်းမြင်မနေပါ တန်ရာ"ဆက်ဆံလိုက်ပါ မနက်ဖြန်ဆိုတာ ကျွန်မတို့မပိုင်တဲ့အရာပါ လူဆိုတာတနေ့သေရမှာဆိုပေမဲ့ ဒီနေ့တော့မဟုတ်သေးဖူးဆိုတဲ့စိတ်နဲ့ ဒီနေ့တော့ အကောင်းဆုံးဖြတ်သန်းပါရှင် သူများအတွက်မတွေးပဲ ကိုယ့်စိတ်နှလုံးသားရဲ့အသံကိုပြန်နားထောင်ပြီး အနည်းဆုံးတော့ ဒီနေ့ထိအများကြီးကျော်ဖြတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီး ကျေးဇူးတင်လိုက်ပါရှင် ရှေ့လျှောက်လဲ အများကြီးသန်မာတဲ့အမျိုးသမီးလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်ရှင့်။
2026-07-19 09:53:07
3
kyawe317199
💙Kyawe💙 :
တို့လည်း တစ်ချိန်က အာ့လိုတွေခံစားခဲ့ရဖူးတယ် မိဘတွေအဆင်ပြေပါစေတော့ဆိုပြီး အိမ်ဖော်လုပ်ခဲ့တယ် ဒါပေမယ့် အကောင်းပြောတစ်ခါမှမခံရဘူး တစ်ခုခုဆို နင့်ကြောင့် နင့်ကြောင့်နဲ့ အမြဲ ပြောခံထိတယ် ကြာလာတော့ အားလုံးကို လက်လွှတ်ပြီး ကိုယ် ပျော်သလိုဘဲ နေလိုက်တယ် သူတို့ကိုလည်း သာကြောင်းမာကြောင်းကလွဲပြီး မဆက်သွယ်ဖြစ်တော့ဘူး ဆက်မိရင်လည်း ငရဲအမြဲရရလို့ စိတ်တိုနေချိန် ဘယ်အရာကိုမှမြန်မြန်မဆုံးဖြတ်ပါနဲ့ လူ့ဘဝကရခဲတယ် အားတင်းထားပါ🥰
2026-07-19 07:02:39
1
To see more videos from user @tsuki_470, please go to the Tikwm homepage.

Other Videos


About