@yym6540: #အသက်ကြီးလာရင် ငါဘယ်သူနဲ့နေရမလဲလို့ တွေးမိကြမှာပဲ... ဒါ..သဘာ၀ကျပါတယ်.. ကံကြမ္မာဆိုတာ ဘာမှ မပြောနိုင်ဘူး.. အေးမြ လုံခြုံတဲ့ ဘဝလေးတစ်ခုကို တစ်သက်လုံးပိုင်ဆိုင်ရမှာပဲ လို့ စိတ်ကူးထားခဲ့ဖူးလိမ့်မယ်.. မဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့ ကံပဲပေါ့.. အဲတော့.. ဘာကို ပူနေမှာလဲ..? ပူပန်နေလို့လည်း.. လူ့အလို နတ်တောင်မလိုက်နိုင်တဲ့ ကိစ္စတွေအတွက် ဘာအဖြေမှ ရလာမယ်မထင်ဘူး... ကိုယ်သာ..ပင်ပန်းသွားဖို့ရှိတာပဲ.. ကံကြမ္မာဆိုတာ.. ကိုယ်မြင်ရတာမှ မဟုတ်ပဲ.. ကောင်းတာလည်း ဖြစ်နိုင်သလို.. ဆိုးတာလည်း ဖြစ်နိုင်တယ်.. အခုအချိန်မှာ.. ကျန်းမာနေသေးတယ်..နေရေး စားရေးအဆင်ပြေနေတယ်ဆို ၀မ်းသာလိုက်ပါ... အသက်ကြီး စွတ်ရှည်နေပြီး.. ကိုယ့်အရိုးတောင် ကိုယ် မသယ်နိုင်တော့တဲ့အချိန်.. ကိုယ်တစ်ယောက်တည်း နေလို့မဖြစ်နိုင်တဲ့အခါ.. ဘိုးဘွားရိပ်သာ သွားနေရင်လည်းနေရမှာပဲပေါ့.. အတူနေတဲ့သူတွေက စောင့်ရှောက်ရင်လည်း စောင့်ရှောက်မှာပေါ့... ကိုယ် မိသားစုကို စောင့်ရှောက်နေတဲ့အချိန်မှာတော့အကောင်းဆုံး လုပ်ပေးခဲ့တယ်လေ.. အတိတ်ကံအကျိုးပေး.. ဘယ်လိုလာမလဲဆိုတာတော့ မသိဘူးပေါ့.. ခုလောလောဆယ်တော့.. အဆင်ပြေနေပါတယ်.. နေကောင်းနေသေးတယ်.. ကိုယ့်ကိုယ်ကိုယ် ထူမနိုင်သေးတယ်.. အဲတော့..ကျန်းမာရေးလေး ပိုဂရုစိုက်ပြီးနေရမယ် ကျန်းမာရေး မကောင်းရင် ပြုစုရမယ့်သူအတွက်က ၀န်ပိုတတ်တယ်... ဂျီမကျမိဖို့လည်း လိုသေးတယ်.. ကိုယ်ကြိုက်သလို..ကိုယ်တိုင် ဘာမှ မလုပ်နိုင်တော့တဲ့အချိန်မှာ.. သူများ လုပ်ပေးတာကို ကြိုက်လိုက်ရုံပဲရှိတာပဲ.. မကြိုက်ဘူးဆိုရင်တောင် မငြိုငြင်မိဖို့ အရေးကြီးသေးတယ်.. အရမ်း ဂျီကျနေရင် ကိုယ့်နား ဘယ်သူမှ ကပ်ချင်မှာမဟုတ်ဘူး.... လောကဓံကို ခံနိုင်ရည်ရှိဖို့ အခုထဲကလေ့ကျင့် ပြင်ဆင်ထားရမှာပဲ.. လောကမှာ.. ပျော်စရာတွေချည်းလည်း ဆက်တိုက်မလာဘူး.. တက်တဲ့အချိန်ရှိသလို ကျတဲ့အချိန်လည်းရှိဦးမှာပဲ.. ဘိုးဘွားရိပ်သာကို တစ်ယောက်တည်းရောက်သွားပြီး..အလှူရှင်တွေကျွေးတဲ့ထမင်း.. လက်အုပ်ကလေးချီ.. ဆုတောင်း မေတ္တာပို့.. စားရတဲ့ဘ၀မျိုးလည်း ရောက်နိုင်သေးတာပဲ.. လောကမှာ.. မဖြစ်နိုင်တာဆိုတာဘာမှမရှိဘူးလေ.. အသက်ကြီးလာတဲ့အခါ မေ့လာခဲ့ရင် ဘုရားစာတောင် မရွတ်တတ်တော့တဲ့ဖိုးဘွားတွေ တွေ့ဖူးတယ်.. သတိမမေ့အောင် သတိကပ်နေတဲ့အကျင့်ကို လုပ်ရမယ် တရားများများထိုင်ရမယ်.. ပိုက်ဆံဆိုတာ အိုစာ နာစာ ရှိတော့ရှိရမယ်.. ဒါပေမဲ့.. တစ်ချို့.. ကုပ်ကပ်ပြီးစုကြတာ.. အသက်ကြီးလာတော့.. ကိုယ့်မှာ ဘယ်လောက်ရှိလဲ ဆိုတာတောင်မေ့သွားပြီ.. အချိန်တန်တော့ ထိုက်တဲ့သူပဲ ရသွားတာပဲ.. သူရဖို့အတွက် မလှူရက် မတန်းရက် မစားရက် မသောက်ရက်.. ခြစ်ကုတ်ပြီး စုပေးခဲ့ရသလိုပဲ.. မတန်ပါဘူး.. သတိတွေကောင်းတုန်းမှာ အလှူအတန်းတွေ များများလုပ်ခဲ့ရမယ်.. #fpy_tiktok_viral #crd #tiktokupdate2026 #fyppppppppppppp
💕𝒮𝓊𝓃𝒻𝓁ℴ𝓌ℯ𝓇 💕
Region: MM
Saturday 18 July 2026 13:58:28 GMT
Music
Download
Comments
Zin :
ဒီစာလေးဖတ်ပြီး ငါရောဘယ်လိုများစခန်းသွားရပလို့ တွေးပြီးမျက်ရည်၀ဲမိတယ်
ကို့အလှည်တုန်းကတော့ အဖွားပေါ်တာ၀န်ကျေသလို အမေ့ပေါ်လည်းတာ၀န်ကျေခဲ့တယ် သားသမီးလေးသုံးယောက်အပေါ်လည်း မုဆိုးမဘ၀နဲ့ ကိုယ်နေခဲ့ရတဲ့ဘ၀ထက်သာအောင် ထားခဲ့တယ်။သို့သော် ကိုယ့်ရဲ့ကံကဘယ်လိုဘယ်ပုံလာမယ်မသိရသေးဘူး ၀မ်းနည်းမိတယ်
2026-07-21 10:55:41
24
user2861951076222 :
ကလေးငါးယောက်မွေးထားပြီး၊ကိုယ့်အနားမှာတယောက်တောင်မနေကျဘူး🥺🥺ခုတော့တယောက်တည်းပဲတရားအားထုတ်လို့ပိုရနေတာပေါ့
2026-07-24 05:01:58
14
Hnin :
🥰🥰🥰🥰🥰အမှန်ပါပဲညီမလေး
2026-07-28 03:11:46
1
U Tun :
တွေးမိတာပေါ့ညီမငယ်....လူဘဝဆိုတာ...နေရေးရှိသလို....သေရေးဆိုတာလဲထည့်ပြီတော့စဉ်းစားရမှာပဲလေ....မသေခင်လေးမှာ...ကိုတတ်နိုင်သလောက်ဒါနပြုလုပ်တယ်...လူကျင့်ဝတ်ဆိုတဲ့ငါးပါးသီလမြဲအောင်နေတယ်...တခါတရံဝိပသနာရှု့မှတ်တယ်....အကိုကတော့...နောက်ဘဝတွေဆိုတာ..မလိုချင်တော့ဘူး...ခန္တာရရှိတော့...ဝဋ်ဒုက္ခဆိုတာရှိနေမှာပဲ....၃၁ဘုံကလွတ်မြောက်ရာဖြစ်သော..မြတ်သောနိဗ္ဗာန်ကိုသာမျက်မှောက်ပြုချင်တော့သာပါပဲညီမငယ်
2026-07-25 13:42:58
10
Naing Naing :
သီချင်းလေးကြီုက်🥰🥰🥰🥰🥰
2026-07-28 01:55:38
1
Thu🍂 Ya Ko Ko🌿💥💥 :
လူဖြစ်လာရင် အို နာ သေး မကင်းဘူး
ဒါပေမဲ့ ကိုအလှည့်ကျ ဘယ်လိုကြုံရမလဲမသိဘူး ကံတရားပဲပေါ့😌😌
2026-07-24 15:59:21
6
Naing Lin Kyaw :
သီချင်းလေးက လွမ်းမောစေတယ်
စာသားက အသိတစ်ခုရရစေတယ်
ပုံကတော့ ရင်ကိုအေးစေတယ်
so beautiful posts🥰
2026-07-25 08:23:22
6
Ko Ko :
စာလေးတန်ဖိုးရှိဗျာ🥰🥰🥰
2026-07-27 15:33:13
1
နှင်းပွင့်အချစ် :
🥰🥰🥰🥰🥰🥰🥰🥰🥰မမရယ်သီချင်းလေးကလွမ်းလိုက်တာမမရယ်
2026-07-27 22:39:27
1
Thi tar :
စာသားလေးကြိုက်တယ်
2026-07-27 11:26:41
1
မွှေး မွှေး :
မဂ်လာညနေခင်းလေးပါရှင်
2026-07-27 08:37:38
1
Daw Thin Thin Khaing :
အမှန်တရားတေပါဘဲးဟုတ်ပါတယ်ကျမတိုဘဝတွေကမိသားစုရှိကြသောလည်းဘယ်နေရာမှာနေရမယ်ဆိုတာကံစီမန်ရာဘဲးပေါ့လေအားအင်ရှိနေချိန်မိသာစုတွက်အခီန်ပေးနေရသောလည်းတစ်ချိန်ကြရင်ကိုယ်အတွက်အချိန်ပေနိုင်ချင်မှပေးနိင်မှာမိုလုပ်သင်လုပ်ထိုက်တာတွေကြိုတင်ပြင်ဆင်ရမယ်ကျေးဇူးတင်ပါတယ်ပိုလေးတင်ပေးလို့
2026-07-26 13:01:45
1
🇯🇵thaw tar lin🇯🇵 :
မြန်မာဆန်ဆန်လေးနဲ့ လိုက်ဖက်နေရောဗျာ🥰🥰🥰🥰
2026-07-25 08:39:16
1
ဝန ဝန :
သီချင်းအမည်လေးသိချင်လို့ပါအပမ်းမကြီးရင်ပြောပြပါလားကြိုက်လို့ပါ
2026-07-21 13:22:14
2
ပိုင်ဦးမေ :
စာသားလေးကမှန်လိုက်တာကျမအမေကအဲ့လိုလေးနေတာသူများလုပ်ပေးတာဘာမှမပြောဘူးကျမအဲ့အရွယ်ထိနေရမယ်ဆိုသူ့လိုလေးနေနိုင်ပါ့မလားတွေးမိပခုစာသားလေးကအရမ်းမိုက်တယ်❤️❤️❤️❤️❤️
2026-07-23 09:46:41
2
ချိုရဲ့ကိုကို :
အထူးကျေးဇူးတင်ပါတယ်ခင်ဗျား
ဉီးထွန်းရင်ရယ်
2026-07-19 07:27:28
1
Khin Hni :
အရမ်းကြိုက်တယ်စာသားလေးကျေးဇူးပါ
2026-07-26 14:50:31
1
Ko Aung :
နောင်ရေးဆိုတာရှိပါတယ်..ဒါပေမယ့်အလွန်အကြွံတွေးတောပူပန်တာကြီးကြတော့မကောင်းဘူးပေါ့ ကျွန်တော် လဲခုထိအိမ်ထောက်မကျသေးပါဘူး ငါးဆယ်လောက်ဖြစ်နေပြီ ဖြစ်သမျှအကြောင်းအကောင်းကြီးပဲပေါ့ ဘာတွေကိုတွေးပူနေရမှာလဲ အကြံပေးတာပါနော်🥰
2026-07-26 07:09:29
1
ဂျမ်းစိန် :
စာသားလေး crd ပေးပါရစေရှင့်
2026-07-27 10:10:45
1
H.H.Win🐉🇹🇭 :
တရားကျဖို့ကောင်းပါတယ်❤️❤️❤️❤️
2026-07-27 15:58:00
1
ဦး ဝိုင်း :
ဒီစာကိုဖတ်လိုက်ရဒါကို့အတွက်ပိုပီးသတိဝင်သွားသလိုခံစားမိတယ်
2026-07-25 13:32:22
1
Daw Htay Win :
@နားထောင်ကောင်းလိုက်တာဟင်းသတထွန်းရယ်
2026-07-27 11:16:35
1
U Mg Shein🇲🇲 :
2026-07-19 10:19:04
1
To see more videos from user @yym6540, please go to the Tikwm
homepage.